
မကွေးတိုင်းစစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်တဲ့ ရဲမှူးကြီး သူရသွင်ကိုကို ဟာ မကွေး တိုင်းအတွင်း ရဲတပ်ဖွဲ့နဲ့ပတ်သက်တဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စတွေ အားနည်း မနိုင်မနင်း ဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အရေးယူလိုက်ပြီး ရန်ကုန်တိုင်း လှော်ကားမှာရှိတဲ့ ရဲအကြပ် အတတ်သင်ကျောင်းရဲ့ ကျောင်းအုပ်ကြီးအဖြစ် မကြာသေးမီက ပြောင်းရွှေ့ခံလိုက်ရပါတယ်။
၂၀၁၂ ခုနှစ်မှာ လက်ပံတောင်းတောင် အရေးအခင်းမှာ သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ခဲ့သူ၊ တဏှာရမက် ကြီးလွန်းပြီး မိန်းမမြင်ရင် မနေနိုင်တဲ့ လိင်စိတ်လွန်ကဲသူ၊ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူ ရဲမှူးကြီး သူရသွင်ကိုကို ဟာ နောက်ဆုံးမှာ စစ်အာဏာရှင်တွေရဲ့ အရေးယူမှုကြောင့် တိုင်းစစ်ကောင်စီဝန်ကြီး ဘ၀ ကနေ ရဲသင်တန်းကျောင်း ကျောင်းအုပ်ကြီး ရာထူးထိုးကျသွားခဲ့ပြီဖြစ်ပါတယ်။
ဒါပေမယ့် ရဲမှူးကြီး သူရ သွင်ကိုကို နေရာ အစားထိုးဝင်လာတဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်က ယခင်ဝန်ကြီးထက် ပိုလို့တောင် လက်သံပြောင် ပိုဆိုးနေပါတယ်။ မြန်မာစကားပုံ “နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ထက်ကဲ” ဆိုသလိုပါပဲ။ အရင်လူထက်တောင် ပိုမိုဆိုးသွမ်း ဒုက္ခပေးသူ ဖြစ်နေပြန်ပါတယ်။
မကွေးတိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ ရဲမှူးကြီး လင်းထွဋ် နောက်ကြောင်းရာဇဝင် လှန်ကြည့်ရအောင်ပါ။
ရဲမှူးကြီး လင်းထွဋ် အလုပ်သင်ဗိုလ်သင်တန်း(တေဇ ၂၀) အပတ်စဉ်ဆင်း စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ကို မိုးကျရွှေကိုယ်တစ်ဦးအဖြစ်ရောက်ရှိလာသူလည်းဖြစ်ပါတယ်။ လက်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် စိုးဝင်းနဲ့ ရင်းနှီးသူလည်းလို့ ဆိုကြပါတယ်။ သူဟာ တာဝန်ကျရာနေရာတိုင်းမှာ လာဘ်စားမှုနဲ့ နာမည်ကြီးသူတစ်ဦးအဖြစ် ထင်ရှားသူပါ။
စစ်အရာရှိကနေ ရဲဘက်ပြောင်းခဲ့ပြီးနောက် ဒုတိယရဲမှူးကြီး ရာထူးရရှိချိန်က ရန်ကုန်မြို့၊ ၅၁ လမ်းရုံးမှာ အမှတ် ၂ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ အဲဒီနောက် ရဲမှူးကြီးရာထူးတိုးပြီး ရဲအကြပ် အတတ်သင်ကျောင်း (လှော်ကား) ကျောင်း အုပ်ကြီးဖြစ်ခဲ့ပါတယ်။ အခုနောက်ဆုံးမှာတော့ မကွေးတိုင်းလမ်းပန်းဝန်ကြီးဖြစ်လာခဲ့တာပါ။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီးလည်းဖြစ်၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးလည်းဖြစ်သူ ရဲမှူးကြီး လင်းထွဋ် ဟာ ၂၀၂၂ ခုနှစ်မှာ အစိုးရ လုပ်ငန်း တင်ဒါအောင်ထားတဲ့ ကုမ္မဏီတွေဆီကနေ လာဘ်ငွေတွေ အကြီးအကျယ်တောင်းယူတယ်လို့ မကွေးတိုင်းစစ်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရပါတယ်။
ရဲမှူးကြီး လင်းထွဋ် တောင်းခံတဲ့ ငွေပမာဏကလည်း ငွေကျပ် ၁၀ သိန်း အနည်းဆုံးကနေ အများဆုံး သိန်းရာချီ တင်ဒါအောင်မြင်တဲ့ လုပ်ငန်းပမာဏအပေါ်မှာ လိုက်ပြီး တောင်းခံနေတယ်လို့ သိရပါတယ်။
” လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး လင်းထွဋ်က သူ့လက်အောက်ငယ်သားတွေကတစ်ဆင့် မကွေး တိုင်းမှာ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေ ဆက်သွယ်ပြီး ဂါရဝပြုခိုင်းတာ။ ဂါခိုင်းတာပေါ့။ ငွေ ပေါ်တင်တောင်းခိုင်းတာ။ အစိုးရအဖွဲ့ထဲမှာတောင် ဒီဝန်ကြီး ကြမ်းလှချည်လားလို့ တောင် ဖြစ်ကုန်”လို့ မကွေးတိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ပြောပါတယ်။
မကွေးတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဖြစ်ပြီး လပိုင်းအကြာလောက်မှာ ရဲမှူးကြီး လင်းထွဋ်က သူ့လက်အောက် ငယ်သားတွေကတစ်ဆင့် စီးပွားရေး သမားတွေဆီက လာဘ်ငွေတောင်းခံတဲ့အပြင် လက်ကိုင်တုတ် စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း လက်သပ်မွေးထားပါသေးတယ်။
Win & Moe ကုမ္ပဏီပိုင်ရှင် သက်ဝင်းဟာ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ကိုယ်ရေးအရာရှိနဲ့ပေါင်းပြီး စီးပွားရေးသမားတွေဆီက ဝန်ကြီးအတွက် လာဘ်ငွေရရှိဖို့ ငွေညှစ်တာတွေလည်း တောက် လျှောက် ဆိုသလို လုပ်ကိုင်နေပါတယ်။
ရဲမှူးကြီး လင်းထွဋ် ဟာပစ္စည်းအကောင်း အလွန်ကြိုက်တတ်သူလည်းဖြစ်ပါတယ်။ ဂွင်ဖန်ချင်တဲ့ စီးပွားရေး သမား တချို့က သူ့ထံကို ပစ္စည်းအကောင်းစား ကောင်းပေ့ ညွှန့်ပေ့ ပစ္စည်းတွေနဲ့ ဂါဝရပြု ချည်းကပ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဝန်ကြီးဖြစ်လာပြီး လပိုင်းအတွင်းမှာကို လက် သံပြောင်ပြောင်နဲ့ လာဘ်ပေး လာဘ်ယူတွေ ဆက်တိုက် ကျူးလွန်နေတာလည်းဖြစ်ပါတယ်။
ရဲမှူးကြီး လင်းထွဋ်က ငွေကြေးပေးနိုင်သူကို ချိုသာစွာ ဆက်ဆံပေမယ့် ငွေမပေးနိုင်သူကိုတော့ မိုက်ရိုင်းရိုင်း ဆက်ဆံဖို့ ဝန်မလေးတတ်သူလည်းဖြစ်တယ်လို့ဆိုပါတယ်။
မကွေးတိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး လင်းထွဋ် လက်အောက်မှာ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ရှိပြီး၊ ၎င်း ဌာနတွေဟာ နှစ်စဉ် လုပ်ငန်းတင်ဒါနဲ့ ပစ္စည်းဝယ်ယူရေးတင်ဒါအများဆုံးခေါ်ယူတဲ့ ဌာနကြီးတွေလည်းဖြစ်ပါတယ်။
အာဏာသိမ်း ၁၉ လ ကြာမြင့်လာချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိပ်ဆုံး ခေါင်းဆောင် မင်းအောင်လှိုင်ကစလို့ အောက်ဆုံး အရာရှိ ၊ ဝန်ထမ်းတွေအဆုံး မိမိ မိသားစုဘ၀ ချမ်းသာကြွယ်ဝရေးကို လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေက ပြောင်ပြောင် တင်းတင်း ကျူးလွန်လာနေကြတာဖြစ်ပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
မေကြး လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးအျဖစ္ လိင္စိတ္လြန္ကဲသူ ရဲမႉးႀကီး သူရသြင္ကိုကို ေနရာ အစား ထိုး ခန႔္အပ္ခံရေသာ ရဲမႉးႀကီး လင္းထြဋ္ စီးပြားေရး သမားမ်ားထံမွ သိန္းရာခ်ီ ေငြေတာင္း
မေကြးတိုင္းစစ္ေကာင္စီရဲ႕ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးျဖစ္တဲ့ ရဲမႉးႀကီး သူရသြင္ကိုကို ဟာ မေကြး တိုင္းအတြင္း ရဲတပ္ဖြဲ႕နဲ႕ပတ္သက္တဲ့ လုံၿခဳံေရးပိုင္းဆိုင္ရာ ကိစၥေတြ အားနည္း မနိုင္မနင္း ျဖစ္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ စစ္ေကာင္စီက အေရးယူလိုက္ၿပီး ရန္ကုန္တိုင္း ေလွာ္ကားမွာရွိတဲ့ ရဲအၾကပ္ အတတ္သင္ေက်ာင္းရဲ႕ ေက်ာင္းအုပ္ႀကီးအျဖစ္ မၾကာေသးမီက ေျပာင္းေ႐ႊ႕ခံလိုက္ရပါတယ္။
၂၀၁၂ ခုႏွစ္မွာ လက္ပံေတာင္းေတာင္ အေရးအခင္းမွာ သံဃာေတာ္ေတြကို မီးေလာင္ဗုံးနဲ႕ ပစ္ခတ္ခဲ့သူ၊ တဏွာရမက္ ႀကီးလြန္းၿပီး မိန္းမျမင္ရင္ မေနနိုင္တဲ့ လိင္စိတ္လြန္ကဲသူ၊ လာဘ္ေပးလာဘ္ယူမႈ က်ဴးလြန္သူ ရဲမႉးႀကီး သူရသြင္ကိုကို ဟာ ေနာက္ဆုံးမွာ စစ္အာဏာရွင္ေတြရဲ႕ အေရးယူမႈေၾကာင့္ တိုင္းစစ္ေကာင္စီဝန္ႀကီး ဘ၀ ကေန ရဲသင္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီး ရာထူးထိုးက်သြားခဲ့ၿပီျဖစ္ပါတယ္။
ဒါေပမယ့္ ရဲမႉးႀကီး သူရ သြင္ကိုကို ေနရာ အစားထိုးဝင္လာတဲ့ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ရဲမႉးႀကီး လင္းထြဋ္က ယခင္ဝန္ႀကီးထက္ ပိုလို႔ေတာင္ လက္သံေျပာင္ ပိုဆိုးေနပါတယ္။ ျမန္မာစကားပုံ “ေနာက္လာတဲ့ ေမာင္ပုလဲ ဒိုင္းဝန္ ထက္ကဲ” ဆိုသလိုပါပဲ။ အရင္လူထက္ေတာင္ ပိုမိုဆိုးသြမ္း ဒုကၡေပးသူ ျဖစ္ေနျပန္ပါတယ္။
မေကြးတိုင္း၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးသစ္ျဖစ္လာတဲ့ ရဲမႉးႀကီး လင္းထြဋ္ ေနာက္ေၾကာင္းရာဇဝင္ လွန္ၾကည့္ရေအာင္ပါ။
ရဲမႉးႀကီး လင္းထြဋ္ အလုပ္သင္ဗိုလ္သင္တန္း(ေတဇ ၂၀) အပတ္စဥ္ဆင္း စစ္ဗိုလ္တစ္ဦးျဖစ္ၿပီး ရဲတပ္ဖြဲ႕ကို မိုးက်ေ႐ႊကိုယ္တစ္ဦးအျဖစ္ေရာက္ရွိလာသူလည္းျဖစ္ပါတယ္။ လက္ရွိ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ဒုတိယေခါင္းေဆာင္ စိုးဝင္းနဲ႕ ရင္းႏွီးသူလည္းလို႔ ဆိုၾကပါတယ္။ သူဟာ တာဝန္က်ရာေနရာတိုင္းမွာ လာဘ္စားမႈနဲ႕ နာမည္ႀကီးသူတစ္ဦးအျဖစ္ ထင္ရွားသူပါ။
စစ္အရာရွိကေန ရဲဘက္ေျပာင္းခဲ့ၿပီးေနာက္ ဒုတိယရဲမႉးႀကီး ရာထူးရရွိခ်ိန္က ရန္ကုန္ၿမိဳ႕၊ ၅၁ လမ္း႐ုံးမွာ အမွတ္ ၂ ယာဥ္ထိန္းတပ္ဖြဲ႕ခြဲမႉးအျဖစ္ တာဝန္ထမ္းခဲ့ပါတယ္။ အဲဒီေနာက္ ရဲမႉးႀကီးရာထူးတိုးၿပီး ရဲအၾကပ္ အတတ္သင္ေက်ာင္း (ေလွာ္ကား) ေက်ာင္း အုပ္ႀကီးျဖစ္ခဲ့ပါတယ္။ အခုေနာက္ဆုံးမွာေတာ့ မေကြးတိုင္းလမ္းပန္းဝန္ႀကီးျဖစ္လာခဲ့တာပါ။
မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ လမ္းပန္းဆက္ သြယ္ေရးဝန္ႀကီးလည္းျဖစ္၊ မေကြးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉးလည္းျဖစ္သူ ရဲမႉးႀကီး လင္းထြဋ္ ဟာ ၂၀၂၂ ခုႏွစ္မွာ အစိုးရ လုပ္ငန္း တင္ဒါေအာင္ထားတဲ့ ကုမၼဏီေတြဆီကေန လာဘ္ေငြေတြ အႀကီးအက်ယ္ေတာင္းယူတယ္လို႔ မေကြးတိုင္းစစ္ေကာင္စီ၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနထံမွ သိရွိရပါတယ္။
ရဲမႉးႀကီး လင္းထြဋ္ ေတာင္းခံတဲ့ ေငြပမာဏကလည္း ေငြက်ပ္ ၁၀ သိန္း အနည္းဆုံးကေန အမ်ားဆုံး သိန္းရာခ်ီ တင္ဒါေအာင္ျမင္တဲ့ လုပ္ငန္းပမာဏအေပၚမွာ လိုက္ၿပီး ေတာင္းခံေနတယ္လို႔ သိရပါတယ္။
” လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ရဲမႉးႀကီး လင္းထြဋ္က သူ႕လက္ေအာက္ငယ္သားေတြကတစ္ဆင့္ မေကြး တိုင္းမွာ တင္ဒါေအာင္တဲ့ ကုမၸဏီေတြ ဆက္သြယ္ၿပီး ဂါရဝျပဳခိုင္းတာ။ ဂါခိုင္းတာေပါ့။ ေငြ ေပၚတင္ေတာင္းခိုင္းတာ။ အစိုးရအဖြဲ႕ထဲမွာေတာင္ ဒီဝန္ႀကီး ၾကမ္းလွခ်ည္လားလို႔ ေတာင္ ျဖစ္ကုန္”လို႔ မေကြးတိုင္း စစ္ေကာင္စီသတင္းရင္းျမစ္က ေျပာပါတယ္။
မေကြးတိုင္းလမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ျဖစ္ၿပီး လပိုင္းအၾကာေလာက္မွာ ရဲမႉးႀကီး လင္းထြဋ္က သူ႕လက္ေအာက္ ငယ္သားေတြကတစ္ဆင့္ စီးပြားေရး သမားေတြဆီက လာဘ္ေငြေတာင္းခံတဲ့အျပင္ လက္ကိုင္တုတ္ စီးပြားေရး လုပ္ငန္းရွင္ေတြကိုလည္း လက္သပ္ေမြးထားပါေသးတယ္။
Win & Moe ကုမၸဏီပိုင္ရွင္ သက္ဝင္းဟာ လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ကိုယ္ေရးအရာရွိနဲ႕ေပါင္းၿပီး စီးပြားေရးသမားေတြဆီက ဝန္ႀကီးအတြက္ လာဘ္ေငြရရွိဖို႔ ေငြညွစ္တာေတြလည္း ေတာက္ ေလွ်ာက္ ဆိုသလို လုပ္ကိုင္ေနပါတယ္။
ရဲမႉးႀကီး လင္းထြဋ္ ဟာပစၥည္းအေကာင္း အလြန္ႀကိဳက္တတ္သူလည္းျဖစ္ပါတယ္။ ဂြင္ဖန္ခ်င္တဲ့ စီးပြားေရး သမား တခ်ိဳ႕က သူ႕ထံကို ပစၥည္းအေကာင္းစား ေကာင္းေပ့ ၫႊန႔္ေပ့ ပစၥည္းေတြနဲ႕ ဂါ၀ရျပဳ ခ်ည္းကပ္တာေတြလည္းရွိတယ္လို႔ သိရပါတယ္။ ဝန္ႀကီးျဖစ္လာၿပီး လပိုင္းအတြင္းမွာကို လက္ သံေျပာင္ေျပာင္နဲ႕ လာဘ္ေပး လာဘ္ယူေတြ ဆက္တိုက္ က်ဴးလြန္ေနတာလည္းျဖစ္ပါတယ္။
ရဲမႉးႀကီး လင္းထြဋ္က ေငြေၾကးေပးနိုင္သူကို ခ်ိဳသာစြာ ဆက္ဆံေပမယ့္ ေငြမေပးနိုင္သူကိုေတာ့ မိုက္ရိုင္းရိုင္း ဆက္ဆံဖို႔ ဝန္မေလးတတ္သူလည္းျဖစ္တယ္လို႔ဆိုပါတယ္။
မေကြးတိုင္း လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီး ရဲမႉးႀကီး လင္းထြဋ္ လက္ေအာက္မွာ လမ္းဦးစီးဌာန၊ ေက်းလက္လမ္းဖြံၿဖိဳးေရးဦးစီးဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးဦးစီးဌာနတို႔ရွိၿပီး၊ ၎ ဌာနေတြဟာ ႏွစ္စဥ္ လုပ္ငန္းတင္ဒါနဲ႕ ပစၥည္းဝယ္ယူေရးတင္ဒါအမ်ားဆုံးေခၚယူတဲ့ ဌာနႀကီးေတြလည္းျဖစ္ပါတယ္။
အာဏာသိမ္း ၁၉ လ ၾကာျမင့္လာခ်ိန္မွာ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ ထိပ္ဆုံး ေခါင္းေဆာင္ မင္းေအာင္လွိုင္ကစလို႔ ေအာက္ဆုံး အရာရွိ ၊ ဝန္ထမ္းေတြအဆုံး မိမိ မိသားစုဘ၀ ခ်မ္းသာႂကြယ္၀ေရးကို လာဘ္ေပးလာဘ္ယူမႈေတြနဲ႕ အက်င့္ပ်က္ျခစားမႈေတြက ေျပာင္ေျပာင္ တင္းတင္း က်ဴးလြန္လာေနၾကတာျဖစ္ပါတယ္။
Leave a Reply