သရုပ်ဆောင် ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဝါဆိုမိုးဦးကလည်း အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့ပြီဖြစ်သလို သူမရဲ့ ညီမရင်းလေး သင်ဇာကလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်လုပ်ကိုင်နေလျက်ရှိပြီပဲ ဖြစ်ပါတယ်။
သင်ဇာကလည်း အစ်မဖြစ်သူနဲ့အတူတူ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေလျက်ရှိပြီး သူမကိုယ်တိုင်လည်း အခြားအနုပညာလှုပ်ရှားမှုလုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။
အနုပညာရှင်ညီအစ်မရင်းတွေဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှုရရှိထားတဲ့ ဝါဆိုမိုးဦးနဲ့ သင်ဇာတို့က ဒီတစ်ခါမှာလည်း ညီအစ်မနှစ်ယောက်တွဲပြီး Vlog လေးတစ်ခုကို ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။
ဝါဆိုမိုးဦးနဲ့ သင်ဇာက “ညီမနှစ်ယောက် ဖေဖေ မေမေတို့အတွက်လက်ဆောင်လေးတွေဝယ်” ဆိုပြီး အဖေနဲ့ အမေကို သီတင်းကျွတ်ဂါရဝပြုဖို့ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို
ဝယ်ယူလက်ဆောင်ပေးခဲ့တဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာခဲ့ပါတယ်။ ဝါဆိုမိုးဦးနဲ့ သင်ဇာကတော့ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို အဖေနဲ့ အမေအတွက်
လက်ဆောင်တွေ ဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝါဆိုမိုးဦးနဲ့ သင်ဇာတို့ ညီအစ်မနှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကြည်နူးနေမိမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply