သရုပ်ဆောင် ညီနန္ဒကတော့ အစ်ကိုဖြစ်သူဗျိုက်ရဲ့ ဖေးမကူညီမှုနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဗျိုက်ကွယ်လွန်သွားပြီးနောက်မှာတော့ ညီနန္ဒက အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေကမှ ဇာတ်ကားတွေပြန်လည်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ညီနန္ဒက အနုပညာအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေကိုလည်း ဦးစီးလုပ်ကိုင်နေကာ Live Sale ရောင်းချတဲ့အလုပ်ကိုပါ လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ညီနန္ဒက Live Sale ရောင်းပေးဖို့ ရတနာဆိုင်တစ်ခုကို သွားရင်း နိုင်ငံကျော်သရုပ်ဆောင် မိုးဟေကိုနဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ညီနန္ဒက မိုးဟေကိုနဲ့ အမှတ်တရဓာတ်ပုံရိုက်ခဲ့ကာ
“နှစ်ပေါင်းများစွာ မဆုံဖြစ်ကြတဲ့ အနုပညာမောင်နှစ်မနှစ်ယောက် အမှတ်မထင်ဆုံပြီး စကားတွေအများကြီးပြောဖြစ်ကြတယ်” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ ညီနန္ဒနဲ့ မိုးဟေကိုတို့ကတော့
အနုပညာညီအစ်ကိုမောင်နှမတွေပီပီ အလုပ်တွေလည်း တွဲဖက်လုပ်ကိုင်ဖူးသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် မောင်နှမရင်းချာလို ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေပဲ ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply