အဆိုတော်ဝေလရဲ့ သီချင်းတွေကတော့ လူကြီး၊ လူငယ်မရွေးကြိုက်နှစ်သက်မှုရရှိပြီး အောင်မြင်မှုရရှိထားတယ်လို့ ဆိုနိုင်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဝေလဟာ အနေအထိုင်အေးဆေးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဘဝမှာ သီချင်းတွေနဲ့အတူတူ သူချစ်တဲ့ သားလေး ဂါဂူးလေးနဲ့ ဘဝကို အေးချမ်းစွာနေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။
ဝေလဟာ ပြီးခဲ့တဲ့လတွေမှာတော့ သူ့ရဲ့အိမ်ထောင်ဘက်နဲ့ကွာရှင်းခဲ့ပြီးအခုဆိုရင် တစ်ယောက်တည်းဘဝကိုနေထိုင်ဖြတ်သန်းနေလျက်ရှိတာပဲဖြစ်ပါတယ်။
ယမနေ့ စက်တင်ဘာလ (၂၃) ရက်နေ့ကတော့ ဝေလရဲ့ တစ်ဦးတည်းသောသားလေး ဂါဂူးလေးရဲ့မွေးနေ့ပဲ ဖြစ်ပါတယ်။ ဝေလက သူ့ရဲ့သားလေးအတွက်
“Happy Birthday ပါ အဖေအရမ်းချစ်ရတဲ့ ဂါဂူးလေးရေ၊အဖေ့ရဲ့မေတ္တာအရိပ်အောက်မှာ နှစ်များစွာတိုင် ကျန်းမာ ပျော်ရွှင်စွာနဲ့ အမြဲတမ်းအေးချမ်းပါစေ” ဆိုပြီး
ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဝေလကတော့ ဇနီးသည်နဲ့တရားဝင်ကွာရှင်းပြီး မိသားစုဘဝကို အဆုံးသ တ်ခဲ့ပေမယ့်
သူ့အသက်ထက်မကချစ်ရတဲ့ သားလေး ဂါဂူးလေးကိုတော့ မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဝေလတို့သားအဖေနှစ်ယောက်
ဒီထက်မက ပျော်ရွှင်ချမ်းမြေ့တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply