တစ်ချိန်ကကျရာဇာတ်ရုပ်တွေမှာအကောင်းဆုံးနဲ့အပီပြင်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ပြီးပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိတဲ့မင်းသမီးခိုင်နှင်းဝေကတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ယခုမှာပရဟိတအလုပ်တွေကိုသာလုပ်ကိုင်နေပါတယ်၊အကြောင်းအမျိုးမျိုးကြောင့်မိဘမဲ့ဖြစ်သွားခဲ့ရရှာတဲ့ကလေးငယ်လေးတွေကိုလည်းခေါ်ယူမွေးစားပေးလေ့ ရှိပါတယ်၊
ဒါ့အပြင်အမှန်တကယ်လိုအပ်နေတဲ့နေရာတွေကိုလည်းအခြေခံစားသောက်ကုန်တွေလှူဒါန်းပေးလေ့ရှိပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ ဂေဟာအနီးမှာ
လာရောက်စွန့်ပစ်သွားခဲ့တဲ့ သမီးလေးကို သက်ဆိုင်ရာအဖွဲ့အစည်းများရှေ့မှောက်မှာ ခံဝန်နဲ့ မိခင်ရင်းဆီပြန်လည်ပေးအပ်ခဲ့တယ်ဆိုပြီး ပြောပြလာခဲ့ပါတယ်။ခိုင်နှင်းဝေက “သက်ဆိုင်ရာ အဖွဲ့အစည်းများရှေ့မှောက်မှာ
ခံဝန်များဖြင့် သမီးလေးကို မိခင်ရင်းထံ ပြန်လည်ပေးခဲ့ပါပြီရှင် နှစ်ဘက်သော မိဘများနှင့် အဆင်မပြေခြင်း၊ နိုင်ငံခြားမှ အမျိုးသားဆီလိုက်သွားချင်တဲ့ စိတ်နှင့် အမှန်တကယ် အားလုံးသိရှိခြင်း
(စိတ်ရောဂါ)မရှိခြင်းတို့ကြောင့် ဝန်ခံ ကတိ အထပ်ထပ်နှင့် ပြန်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ ကူညီပေးကြပါသော သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ကလေးအတွက်
စိတ်ချရတဲ့ အခြေအနေမို့ စိတ်ပူပေးကြတဲ့ တစ်ဦးချင်းတိုင်းကိုလဲ အထူးကျေးဇူးတင်ပါတယ်။ အားလုံး အဆင်ပြေသွားတဲ့ အတွက် ကျမတို့လဲ ဝမ်းသာရပါတယ်ရှင်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
ခိုင်နှင်းဝေကတော့ မိခင်က စိတ်လွတ်ပြီး စွန့်ပစ်သွားခဲ့တဲ့ ကလေးလေးကို ဥပဒေအတိုင်း ပြုလုပ်မယ်ဆိုပေမယ့် ဒီကနေ့မှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းများရှေ့မှောက်မှာ ခံဝန်များဖြင့် သမီးလေးကို မိခင်ရင်းထံ ပြန်လည်ပေးအပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply