ရန်ကုန်နှင့် မန္တလေးတွင်ပါ ရွှေဒင်္ဂါးပြားများ စတင်ရောင်းချမည်၊ ‌ငွေသားလက်ငင်း ပေးချေရမည်ဟု စစ်ကောင်စီကြေငြာ

စကစ ပြောခွင့်ရ ပုဂ္ဂိုလ်က နေပြည်တော်မှာပဲ ရောင်းချမယ်ဆိုတဲ့ ရွှေဒင်္ဂါးပြားတွေကို ယနေ့ကစပြီးတော့ ရန်ကုန်နဲ့ မန္တလေးတို့မှာလည်းရောင်းချပေးမယ်လို့ သယံ ဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စကစ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်းက ရွှေဒင်္ဂါးပြားတွေကို နေပြည်တော်မှာပဲ ရောင်းချဖို့ရှိပြီး ကျန်တဲ့နေရာတွေမှာ ရောင်းချဖို့ မရှိဘူးလို့ ပြောကြားခဲ့တာပါ။

ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တစ်ကျပ်သား ၊ ငါးမူးသားနှင့် တစ်မတ်သား အလေး ချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားများကို ရန်ကုန်၊ မန္တလေးတို့မှာပဲ ယနေ့ကပြီးတော့ လွတ်လပ်စွာ ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဆိုပါ ရွှေဒင်္ဂါးပြားများ ရောင်းချသည့်အစီအစဉ်ကို ဈေးကွက်အတွင်း မြင့်တက်နေသည့် ရွှေဈေးနှုန်းကို ထိန်း‌ကြောင်းသည့်အနေဖြင့် သယံဇာတနှင့် သတ္ထုတွင်းဝန်ကြီးဌာနက ရောင်းချပေးနေခြင်းဖြစ်သည်။ ယင်းသို့ ရောင်းချရာတွင် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ပြင်ပရွှေဈေးနှုန်းပေါ် တွက်ချက်ကာ ဈေးနှုန်း သတ်မှတ်ရောင်း ချပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ ဝန်ကြီးဌာနအနေနဲ့ စက်တင်ဘာလ ၅ ရက်နေ့က စပြီး နေပြည်တော်မှာ ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရွှေဒင်္ဂါးပြားအလေးချိန် ၄၅၅ ဒသမ ၇၅ ကျပ်သားရောင်းချပေးထားသလို ဝယ်ယူလိုသူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသပြီး ရွှေဒင်္ဂါးပြားတစ်ပြားကို တစ်ကြိမ်နှုန်းနဲ့ လက်ငင်းငွေသားပေးချေပြီး ဝယ်ယူရမှာဖြစ်တယ်လို့ သိရှိရပါတယ်။

စတင်ရောင်းချသည့်ရက်တွင် (၁) ကျပ်သားလျင် (၂,၉၅၀,၀၀၀) ကျပ်၊ စက်တင်ဘာ (၁၃) ရက်အထိ (၂,၈၅၀,၀၀၀) ကျပ်၊ (၁၄) ရက်မှ (၁၆) ရက်အထိ (၂,၈၀၀,၀၀၀) သိန်းကျပ်ဖြင့် တစ်လုံးတည်း ငွေသားဖြင့် ငွေပေးချေရသည့်စနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးတွေ စက်တင်ဘာ (၂၃) ရက်မှာ စတင်ရောင်းချမည့်အကြောင်း ထုတ်ပြန်ထားသော်လည်း တစ်ကျပ်သားလျင် မည်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပေ။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

စကစ ေျပာခြင့္ရ ပုဂၢိဳလ္က ေနျပည္ေတာ္မွာပဲ ေရာင္းခ်မယ္ဆိုတဲ့ ေ႐ႊဒဂၤါးျပားေတြကို ယေန႕ကစၿပီးေတာ့ ရန္ကုန္နဲ႕ မႏၲေလးတို႔မွာလည္းေရာင္းခ်ေပးမယ္လို႔ သယံ ဇာတနဲ႕ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက နိုင္ငံပိုင္သတင္းစာကေန ထုတ္ျပန္ပါတယ္။

စက္တင္ဘာ ၂၀ ရက္ေန႕က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ စကစ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ေဇာ္မင္းထြန္းက ေ႐ႊဒဂၤါးျပားေတြကို ေနျပည္ေတာ္မွာပဲ ေရာင္းခ်ဖိဳ႕ရွိၿပီး က်န္တဲ့ေနရာေတြမွာ ေရာင္းခ်ဖိဳ႕ မရွိဘူးလို႔ ေျပာၾကားခဲ့တာပါ။

ယေန႕ စက္တင္ဘာ ၂၃ ရက္ေန႕မွာေတာ့ သယံဇာတနဲ႕ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ တစ္က်ပ္သား ၊ ငါးမူးသားႏွင့္ တစ္မတ္သား အေလး ခ်ိန္ရွိတဲ့ ေ႐ႊဒဂၤါးျပားမ်ားကို ရန္ကုန္၊ မႏၲေလးတို႔မွာပဲ ယေန႕ကၿပီးေတာ့ လြတ္လပ္စြာ ေရာင္းခ်ေပးမယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

အဆိုပါ ေ႐ႊဒဂၤါးျပားမ်ား ေရာင္းခ်သည့္အစီအစဥ္ကို ေဈးကြက္အတြင္း ျမင့္တက္ေနသည့္ ေ႐ႊေဈးႏႈန္းကို ထိန္း‌ေၾကာင္းသည့္အေနျဖင့္ သယံဇာတႏွင့္ သတၳဳတြင္းဝန္ႀကီးဌာနက ေရာင္းခ်ေပးေနျခင္းျဖစ္သည္။ ယင္းသို႔ ေရာင္းခ်ရာတြင္ ကမာၻ႔ေ႐ႊေဈးႏႈန္းႏွင့္ ျပင္ပေ႐ႊေဈးႏႈန္းေပၚ တြက္ခ်က္ကာ ေဈးႏႈန္း သတ္မွတ္ေရာင္း ခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိမွာ ဝန္ႀကီးဌာနအေနနဲ႕ စက္တင္ဘာလ ၅ ရက္ေန႕က စၿပီး ေနျပည္ေတာ္မွာ ေ႐ႊဒဂၤါးျပားေတြကို ေရာင္းခ်ေပးခဲ့တာျဖစ္ၿပီး စက္တင္ဘာလ ၁၆ ရက္ေန႕အထိ ေ႐ႊဒဂၤါးျပားအေလးခ်ိန္ ၄၅၅ ဒသမ ၇၅ က်ပ္သားေရာင္းခ်ေပးထားသလို ဝယ္ယူလိုသူေတြအေနနဲ႕ နိုင္ငံသားစိစစ္ေရးကတ္ျပား ျပသၿပီး ေ႐ႊဒဂၤါးျပားတစ္ျပားကို တစ္ႀကိမ္ႏႈန္းနဲ႕ လက္ငင္းေငြသားေပးေခ်ၿပီး ဝယ္ယူရမွာျဖစ္တယ္လို႔ သိရွိရပါတယ္။

စတင္ေရာင္းခ်သည့္ရက္တြင္ (၁) က်ပ္သားလ်င္ (၂,၉၅၀,၀၀၀) က်ပ္၊ စက္တင္ဘာ (၁၃) ရက္အထိ (၂,၈၅၀,၀၀၀) က်ပ္၊ (၁၄) ရက္မွ (၁၆) ရက္အထိ (၂,၈၀၀,၀၀၀) သိန္းက်ပ္ျဖင့္ တစ္လုံးတည္း ေငြသားျဖင့္ ေငြေပးေခ်ရသည့္စနစ္ျဖင့္ ေရာင္းခ်ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ႏွင့္ မႏၲေလးေတြ စက္တင္ဘာ (၂၃) ရက္မွာ စတင္ေရာင္းခ်မည့္အေၾကာင္း ထုတ္ျပန္ထားေသာ္လည္း တစ္က်ပ္သားလ်င္ မည္သည့္ေဈးႏႈန္းျဖင့္ ေရာင္းခ်ေပးသြားမည္ကိုေတာ့ ထုတ္ျပန္ထားျခင္း မရွိေပ။

Be the first to comment

Leave a Reply

Your email address will not be published.


*