ရခိုင်က ဆင်ဖြူကလေး အရပ်လည်းမြင့်လာသလို ကိုယ်အလေးချိန်လည်းတိုးလာပြီး ကျန်းမာပျော်ရွှင်နေတယ်လို့ စကစပြန်ကြားရေး ထုတ်ပြန်

ရခိုင်က ဆင်ဖြူကလေး အရပ်လည်းမြင့်လာသလို ကိုယ်အလေးချိန်လည်းတိုးလာပြီး ကျန်းမာပျော်ရွှင်နေကာ လူတွေနဲ့ ယဉ်ပါးအောင် သင်ကြားပေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထပ်မံ ထုတ်ပြန်လိုက်ပါတဘ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃နှစ်က ဆင်(အထီး)ကလေး ကို ဇူလိုင် ၂၃ ရက်နေ့က မွေးဖွားခဲ့ပြီး မွေးဖွားစတွင် အရပ်အမြင့် ၂ပေ ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိတယ်လို့ဆိုပါတယ်။

ယင်း ဆင်ကလေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူ ရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊

အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၇ ချက် ကိုက်ညီတာကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၂လ သားအရွယ်တွင် အရပ်အမြင့် ၂ ပေ ၇ လက်မခွဲ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၈ လက်မ၊ ကိုယ်အလေးချိန် ၂၀၄ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိသလို

ဆင်ဖြူ တော်ကလေးမှာ ငယ်စဉ် ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human Friendly Training စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ဆိုပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ရခိုင္က ဆင္ျဖဴကေလး အရပ္လည္းျမင့္လာသလို ကိုယ္အေလးခ်ိန္လည္းတိုးလာၿပီး က်န္းမာေပ်ာ္႐ႊင္ေနကာ လူေတြနဲ႕ ယဥ္ပါးေအာင္ သင္ၾကားေပးေနတယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက ထပ္မံ ထုတ္ျပန္လိုက္ပါတဘ္။

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ျမန္မာ့သစ္လုပ္ငန္းဆင္ဝိုင္းမွ ဆင္မ ဇာနန္းလွ၊ အသက္ ၃၃ႏွစ္က ဆင္(အထီး)ကေလး ကို ဇူလိုင္ ၂၃ ရက္ေန႕က ေမြးဖြားခဲ့ၿပီး ေမြးဖြားစတြင္ အရပ္အျမင့္ ၂ေပ ၅လက္မ၊ ကိုယ္လုံး လုံးပတ္ ၃ေပ၁လက္မ၊ ကိုယ္အေလးခ်ိန္ ေပါင္ ၁၈၀ခန႔္ ရွိတယ္လို႔ဆိုပါတယ္။

ယင္း ဆင္ကေလးသည္ ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္လကၡဏာ ၈ခ်က္ အနက္ မ်က္လုံးပုလဲေရာင္ျဖစ္ျခင္း၊ ေက်ာကုန္းမွာ ငွက္ေပ်ာကိုင္းသ႑ာန္ျဖစ္ျခင္း၊ အေမႊးအျဖဴ ေရာင္ျဖစ္ျခင္း၊ အၿမီးတံခါးပိတ္ျဖစ္ျခင္း၊ အေရျပားမွာ ၾသဇာကြက္ျဖစ္ျခင္း၊

အသားအေရ ပန္းေရာင္ျဖစ္ျခင္း၊ ေျခဖဝါးတြင္ ေရွ႕ေျခသည္း ၅ခုစီႏွင့္ ေနာက္ေျခသည္း ၄ခုစီပါရွိျခင္း၊ နားႀကီးျခင္းစသည့္ ရတနာဆင္ျဖဴေတာ္မ်ား၏ ၾကန္အင္ လကၡဏာ ၇ ခ်က္ ကိုက္ညီတာေၾကာင့္ ဆင္ျဖဴေတာ္အျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ဆင္ျဖဴေတာ္ကေလးမွာ ယခုအသက္ ၂လ သားအ႐ြယ္တြင္ အရပ္အျမင့္ ၂ ေပ ၇ လက္မခြဲ၊ ကိုယ္လုံးလုံးပတ္ ၃ ေပ ၈ လက္မ၊ ကိုယ္အေလးခ်ိန္ ၂၀၄ ေပါင္ခန႔္ရွိလာၿပီး မိခင္ဆင္မႀကီးႏွင့္အတူ က်န္းမာေပ်ာ္႐ႊင္လ်က္ရွိသလို

ဆင္ျဖဴ ေတာ္ကေလးမွာ ငယ္စဥ္ ကတည္းကပင္ လူႏွင့္ယဥ္ပါးသည့္ ဆင္ျဖဴေတာ္ကေလးျဖစ္ၿပီး ပိုမိုယဥ္ပါးလာေစရန္ Human Friendly Training စနစ္ျဖင့္ ေလ့က်င့္သင္ၾကားေပးလ်က္ရွိတယ္လို႔ဆိုပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*