
ရခိုင်ပြည်နယ်ကိုကွပ်ကဲနေတဲ့ စစ်ကောင်စီတပ် အနောဘက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးရဲ့ ညွှန်ကြားချက်တွေကို ထပ်ဆင့်ညွှန်ကြားတဲ့ကြေးနန်းစာ လူမှုကွန်ယက်ပေါ်ပြန့်နှံ့လာလို့ တိုင်းမှူး ထင်လတ်ဦး စိတ်ဆိုးကြိမ်းမောင်းနေတယ်လို့ နပခစစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီကသိရပါတယ်။
ကြေးနန်းစာပါအကြောင်းအရာတွေကို သူ့လက်အောက်က ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ တပ်မမှူး၊စကခမှူးအပါ အဝင် တပ်ဌာနချုပ်မှူး၊စစ်ဗျူဟာမှူး၊နည်းဗျူဟာမှူးတွေဆီကို စက်တင်ဘာလ တတိယအပတ်အတွင်းက ဗီဒီယိုကွန်းဖရင့် နဲ့ညွှန်ကြားခဲ့တာဖြစ်ပြီး အခုလိုပြန် လည်ပေါက်ကြားလာတဲ့အပေါ် စိတ်ဆိုးဒေါသထွက်ပြီး ထမင်းမစားနိုင်တဲ့အထိဖြစ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
အဲ့ဒီ ကြေးနန်းစာဟာ စစ်တိုင်းမှူး ထင်လတ်ဦးရဲ့ နှုတ်နဲ့ညွှန်ကြားခဲ့တဲ့အပေါ် မောင်တောမြို့အခြေစိုက် အမှတ် ၁ နယ်ခြားစောင့်ကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး(နကခ ၁)က ၎င်းရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေကို စက်တင် ဘာလ ၂၀ ရက်စွဲနဲ့ ထပ်ဆင့်ညွှန်ကြားထားတာဖြစ်ပြီး လုံခြုံမှုအဆင့်အတန်း”လျှို့ဝှက်(လဝ – ၂)” နဲ့ညွှန်ကြားထားတာဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်စစ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ အမ်းမြို့မှာရုံးမထိုင်ဘဲ နယ်လှည့်နပခတိုင်းရုံးဆိုပြီး စစ်တွေမြို့အခြေစိုက် ဒကစ(စစ်တွေ) ဗန္ဓုလရိပ်သာမှာ လာရောက်ရုံးထိုင်နေတာလို့သိရပါတယ်။
” ထင်လတ်ဦးက ပေါက်ကွဲတာပေါ့ ။ အဲ့ကြေးနန်းစပြန့်လာတာသိသိခြင်း၊ တနေ့ကပေါ့၊ ခုယာယီတိုင်းရုံးလုပ်ထားတဲ့ ဒကစ ထဲကဗန္ဓုလရိပ်သာထဲမှာ အောက်ကအရာရှိတွေကိုအကုန်ပတ်ဆဲနေတာ။ သူက လျှို့ဝှက်ပြီး သူ့အောက်ကတပ်မမှူးတွေ ဌာနချုပ်မှူးတွေကို ဗီဒီယိုကွန်းဖရန့်လုပ်ပြီးညွှန်ကြားတာပေါ့။ အဲ့ဒီလိုပြန်ပေါက်ရကောင်းလားဆိုပြီး ၊ ထမင်းတောင်မစားနိုင်ဘူးလို့သိရတယ်။
သူ့ဟာတွေက လိုင်းပေါ်ခနခနရောက်နေတာဆိုတော့၊ အရင်တခါကလည်း AA စစ်ဦးစီးချုပ်က တက်ကြိတ်မယ်ဘာညာဆိုတုန်းကလည်း သူကလိုင်းပေါ်တအားပြန့်သွားတာ။ ခုလည်းထပ်ဖြစ်တော့အဲ့တာကြောင့်ပေါက် ကွဲနေတာ” လို့ ဒကစ (စစ်တွေ)ရဲ့တပ်တွင်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။
စစ်တိုင်းမှူး ထင်လတ်ဦးရဲ့ညွှန်ကြားချက်အရ ကုန်သည်၊စီးပွားရေးလုပ်ငန်းရှင်တွေ AAနဲ့ဆက်သွယ်ရင် ထိရောက်စွာအရေးယူမယ်ဆိုတဲ့အချက်အပါအဝင် အချက် ၁၀ ချက်ညွှန်ကြားထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ဒုတိယအပတ်ထဲမှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပထမ (ကြည်း) လေးလပတ် ပြောကြားထားတဲ့ စာမျက်နှာ ၅ ခုပါ အဖွင့်မိန့်ခွန်းလည်းပြန့်နှံ့လာခဲ့ပါသေးတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ဗီဒီယိုကြန္းဖရင့္နဲ႕လွ်ို႔ဝွက္ၫႊန္ၾကားထားတဲ့ ၫႊန္ၾကား ခ်က္ေတြ လႈမႈကြန္ယက္ကိုျပန့္ႏွံ႕လာလို႔ တိုင္းမႉး ဗိုလ္ ခ်ဳပ္ ထင္လတ္ဦး ထမင္းမစားနိုင္တဲ့အထိစိတ္ဆိုးေန
ရခိုင္ျပည္နယ္ကိုကြပ္ကဲေနတဲ့ စစ္ေကာင္စီတပ္ အေနာဘက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ (နပခ) တိုင္းမႉး ဗိုလ္ခ်ဳပ္ ထင္လတ္ဦးရဲ႕ ၫႊန္ၾကားခ်က္ေတြကို ထပ္ဆင့္ၫႊန္ၾကားတဲ့ေၾကးနန္းစာ လူမႈကြန္ယက္ေပၚျပန့္ႏွံ႕လာလို႔ တိုင္းမႉး ထင္လတ္ဦး စိတ္ဆိုးႀကိမ္းေမာင္းေနတယ္လို႔ နပခစစ္ေကာင္စီတပ္အသိုင္းအဝိုင္းဆီကသိရပါတယ္။
ေၾကးနန္းစာပါအေၾကာင္းအရာေတြကို သူ႕လက္ေအာက္က ဗိုလ္မႉးခ်ဳပ္အဆင့္ရွိတဲ့ တပ္မမႉး၊စကခမႉးအပါ အဝင္ တပ္ဌာနခ်ဳပ္မႉး၊စစ္ဗ်ဴဟာမႉး၊နည္းဗ်ဴဟာမႉးေတြဆီကို စက္တင္ဘာလ တတိယအပတ္အတြင္းက ဗီဒီယိုကြန္းဖရင့္ နဲ႕ၫႊန္ၾကားခဲ့တာျဖစ္ၿပီး အခုလိုျပန္ လည္ေပါက္ၾကားလာတဲ့အေပၚ စိတ္ဆိုးေဒါသထြက္ၿပီး ထမင္းမစားနိုင္တဲ့အထိျဖစ္ေနတယ္လို႔ တပ္တြင္းသတင္းရင္းျမစ္ေတြကေျပာပါတယ္။
အဲ့ဒီ ေၾကးနန္းစာဟာ စစ္တိုင္းမႉး ထင္လတ္ဦးရဲ႕ ႏႈတ္နဲ႕ၫႊန္ၾကားခဲ့တဲ့အေပၚ ေမာင္ေတာၿမိဳ႕အေျခစိုက္ အမွတ္ ၁ နယ္ျခားေစာင့္ကြပ္ကဲမႈအဖြဲ႕ခြဲမႉး႐ုံး(နကခ ၁)က ၄င္းရဲ႕လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ဖြဲ႕ေတြကို စက္တင္ ဘာလ ၂၀ ရက္စြဲနဲ႕ ထပ္ဆင့္ၫႊန္ၾကားထားတာျဖစ္ၿပီး လုံၿခဳံမႈအဆင့္အတန္း”လွ်ို႔ဝွက္(လဝ – ၂)” နဲ႕ၫႊန္ၾကားထားတာျဖစ္ပါတယ္။
လက္ရွိမွာ ရခိုင္ျပည္နယ္စစ္တိုင္းမႉး ဗိုလ္ခ်ဳပ္ ထင္လတ္ဦးဟာ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္အေျခစိုက္တဲ့ အမ္းၿမိဳ႕မွာ႐ုံးမထိုင္ဘဲ နယ္လွည့္နပခတိုင္း႐ုံးဆိုၿပီး စစ္ေတြၿမိဳ႕အေျခစိုက္ ဒကစ(စစ္ေတြ) ဗႏၶဳလရိပ္သာမွာ လာေရာက္႐ုံးထိုင္ေနတာလို႔သိရပါတယ္။
” ထင္လတ္ဦးက ေပါက္ကြဲတာေပါ့ ။ အဲ့ေၾကးနန္းစျပန့္လာတာသိသိျခင္း၊ တေန႕ကေပါ့၊ ခုယာယီတိုင္း႐ုံးလုပ္ထားတဲ့ ဒကစ ထဲကဗႏၶဳလရိပ္သာထဲမွာ ေအာက္ကအရာရွိေတြကိုအကုန္ပတ္ဆဲေနတာ။ သူက လွ်ို႔ဝွက္ၿပီး သူ႕ေအာက္ကတပ္မမႉးေတြ ဌာနခ်ဳပ္မႉးေတြကို ဗီဒီယိုကြန္းဖရန့္လုပ္ၿပီးၫႊန္ၾကားတာေပါ့။ အဲ့ဒီလိုျပန္ေပါက္ရေကာင္းလားဆိုၿပီး ၊ ထမင္းေတာင္မစားနိုင္ဘူးလို႔သိရတယ္။
သူ႕ဟာေတြက လိုင္းေပၚခနခနေရာက္ေနတာဆိုေတာ့၊ အရင္တခါကလည္း AA စစ္ဦးစီးခ်ဳပ္က တက္ႀကိတ္မယ္ဘာညာဆိုတုန္းကလည္း သူကလိုင္းေပၚတအားျပန့္သြားတာ။ ခုလည္းထပ္ျဖစ္ေတာ့အဲ့တာေၾကာင့္ေပါက္ ကြဲေနတာ” လို႔ ဒကစ (စစ္ေတြ)ရဲ႕တပ္တြင္းသတင္းရင္းျမစ္တဦးက ေျပာပါတယ္။
စစ္တိုင္းမႉး ထင္လတ္ဦးရဲ႕ၫႊန္ၾကားခ်က္အရ ကုန္သည္၊စီးပြားေရးလုပ္ငန္းရွင္ေတြ AAနဲ႕ဆက္သြယ္ရင္ ထိေရာက္စြာအေရးယူမယ္ဆိုတဲ့အခ်က္အပါအဝင္ အခ်က္ ၁၀ ခ်က္ၫႊန္ၾကားထားတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့စက္တင္ဘာလ ဒုတိယအပတ္ထဲမွာလည္း စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ရဲ႕ ပထမ (ၾကည္း) ေလးလပတ္ ေျပာၾကားထားတဲ့ စာမ်က္ႏွာ ၅ ခုပါ အဖြင့္မိန့္ခြန္းလည္းျပန့္ႏွံ႕လာခဲ့ပါေသးတယ္။
Leave a Reply