
အောင်ဘာလေထီ ရောင်းအားတက်လာစေဖို့ ရည်ရွ ယ်ချက်နဲ့ (၄၃)ကြိမ်မြောက်ထီဖွင့်ပွဲကစလို့ ထပ်တိုးဆု အနေနဲ့ ရှေ့အက္ခရာနှင့် ရှေ့ဂဏန်းတစ်လုံးတူရုံဖြင့် ဆုငွေတစ်သောင်း ချီးမြှင့်ဖို့ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ စီစဉ်နေတယ်လို့ သိရပါတယ်။
အဆိုပါ ထပ်တိုးကျပ်တစ်သောင်းဆုကို ယခုလာမည့် ထီဖွင့်ပွဲမှာ စတင်ထည့်သွင်းချီးမြှင့်ပေးသွားဖို့ အခွန်ဌာနက အတည်ပြုလိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။
“ထပ်တိုးဆုအနေနဲ့ မနေ့က အတည်ပြုလိုက်တယ်။ အက္ခရာနဲ့ ရှေ့ဂဏန်းတစ်လုံးတူရင် တစ်သောင်းဆုရမယ်။ (၄၃) ကြိမ်မြောက်ကနေစပြီးပေးမယ်ပေါ့။ ရှေ့ အက္ခရာတစ်လုံးနဲ့ ရှေ့ဂဏန်းတစ်လုံးတူတာနဲ့ရမယ်။ အရင်က ၅ သောင်းဆုဆိုရင် အက္ခရာနဲ့ ရှေ့ဂဏန်းနှစ်လုံးတူရင်ရတယ်။ အခုကျပ်တစ်သောင်းဆုကတော့ ထပ်တိုးတာပေါ့ အက္ခရာနဲ့ ရှေ့ဂဏန်းတစ်လုံးတူရင် တစ်သောင်းကျပ်ပေါ့၊ ဒီတစ်သောင်း ပါလာတော့ ပေါက်ဖို့ ပိုလွယ်သွားတာပေါ့။
ဆုအရေအတွက်များသွားမယ်။ အောင်ဘာလေထီဆုတွေက ရောင်းရတဲ့ငွေအပေါ် မူတည်ပြီးတော့ ဆုမဲကို တစ်ယူနစ် ဖြစ်ချင်လည်းဖြစ်မယ်၊ နှစ်ယူနစ်ဖြစ်ချင်လည်းဖြစ်မယ်ပေါ့၊ သုံးယူနစ် ဖြစ်ရင်လည်းဖြစ်မယ်၊ ရောင်းရတဲ့ငွေအပေါ်မူတည်ပြီး တိုးပေးသွားမှာပေါ့ သူက ဒီအပတ် (၄၃) ကြိမ်မြောက်က စပြီးပါမယ်။ အဓိက က အောင်ဘာလေထီကို လူတွေ ပိုမို စိတ်ဝ င်စားလာစေဖို့ အတွက် ဆုကြေးတွေကို ထပ်တိုးချီးမြှင့်လိုက်တာပါ။”လို့ ထီလုပ်ငန်းရှင်တစ်ဦးက ထပ်တိုး ဆုကြေးနဲ့ ပတ်သက်လို့ ပြောပြပါတယ်။
လက်ရှိ အောင်ဘာလေထီရဲ့ ရောင်းအားဟာ ထီအုပ်ရေ ၃ သိန်းကျော်ခန့် အထိရှိနေသော်လည်း ယခင် ရောင်းအားကိုတော့ မမီသေးဘူးလို့ ထီလုပ်ငန်းရှင်တွေက ပြောပါတယ်။
ယခင်က ဆိုပါက ထီအုပ်ရေ ၅ သိန်းမှ ၆ သိန်းအထိ ရောင်းအားရှိခဲ့တာဖြစ်တယ်လို့ ၎င်းတို့က ယခုလို ဆက်လက် ပြောပြခဲ့ပါတယ်။
“ရောင်းအားက လက်ရှိကာလမှာ နည်းနည်းပြန်တက်လာတယ်။ ရာသီဥတုပွင့်လင်းတာလည်းပါတယ်၊ အော င်ဘာလေထီရဲ့ အမြင့်ဆုံးကြေးက သိန်း ၅၀၀၀ ပါပဲ၊ တကယ်လို့ ရောင်းအားတက်ရင် ဆုကြေးတွေက များများလာဖို့ ရှိတာပေါ့။ အုပ်ရေ ၅ သိန်းလောက်ရောင်းရတယ်၊ ၆ သိန်းလောက်ရောင်းရတယ်ဆိုရင်တော့ တစ်မျိုးပေါ့၊ ဆုကြေးတန်ဖိုး တိုးလာမှာပေါ့။ အခုက ထီအုပ်ရေသုံးသိန်း ဝန်းကျင်မှာပဲရှိနေတယ်။
ထီအုပ်ရေ ၃ သိန်း ၁ သောင်းစွန်းစွန်းပေါ့။ အခုဆို အက္ခရာနဲ့ ရှေ့ဂဏန်းတစ်လုံးတူ တစ်သောင်းဆုထွက်လာတော့ လူတွေကပို စိတ်ဝင်စားပြီးတော့ ထပ်ရောင်းရရင် ဆုကြေး ထပ်တိုးမယ်ပေါ့။ ဈေးကွက်ပေါ် ပဲ မူတည်ပါမယ် အခုထပ်တိုးဆုကြေးက အရင်းပြန်ပေးတဲ့သဘောပေါ့။ ကျနော်တို့ အောင်ဘာလေထီက အက္ခရာအစုံတိုက်နဲ့ အလုံးတိုက်ပေါ့နော်၊ အလုံးတိုက်က ရောင်းအားပိုသာနေတယ်လို့ ကျနော်တို့က တွက်ထားတယ်။
ဥပမာ ဆယ်စောင်ထိုးတဲ့သူတစ်ယောက်က အက္ခရာနဲ့ ဂဏန်းတစ်လုံးတူတာနဲ့ ဆယ်စောင်လုံးရပြီ။ ၅ စောင်ထိုးတဲ့သူက ၅ စောင်လုံးရမယ်ပေါ့။ ဆယ်စောင်ဆို ပေါက်ရင် တစ်သိန်း၊ ၅ စောင်ဆို ၅ သောင်းပေါ့။ အ လုံးတိုက်မှာပေါ့နော်။ အလုံးတိုက်မှာတူရင် ရပြီပေါ့။”လို့ ၎င်းက ဆက်လက် ရှင်းပြခဲ့ပါတယ်။
ပြီးခဲ့သည့် နှစ်မှစတင်၍ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် အောင်ဘာလေထီရောင်းအားဟာ သိသိသာသာ ကျဆင်းလာခဲ့တာဖြစ်ပြီး ထိုအချိန်မှစကာ ယခု လက်ရှိအချိန်အထိ ပြည်သူတွေက အောင်ဘာ လေထီအစား နိုင်ငံခြားထီတွေဖြစ်တဲ့ စင်ကာပူထီနှင့် ထိုင်းထီကို ပြောင်းလဲထိုးလာကြတာဖြစ်ပါတယ်။
လက်ရှိ အောင်ဘာလေထီတစ်စောင်ရဲ့ ပေါက်ဈေးဟာ ကျပ် ၁၀၀၀ မှ ကျပ် ၁၂၀၀ အထိ ဈေးရှိနေပြီး အမြင့်ဆုံး ဆုကြေးငွေက ကျပ်သိန်း ၅၀၀၀ ဆုဖြစ်ပါတယ်။
ယခုအခါမှာ လူတွေက အောင်ဘာလေထီကို ပိုမိုစိတ်ဝင် တစားနဲ့ ထိုးလာစေရန် (၄၃) ကြိမ်မြောက်ကစတင်ပြီး အက္ခရာနှင့်အရှေ့ဂဏန်း ၁ လုံးတူဆုကို စတင်ချီးမြင့်မှာဖြစ်တယ်လို့လည်း ထီလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ေအာင္ဘာေလထီ ေရာင္းအားတက္လာေစဖို႔ ရည္႐ြ ယ္ခ်က္နဲ႕ (၄၃)ႀကိမ္ေျမာက္ထီဖြင့္ပြဲကစလို႔ ထပ္တိုးဆု အေနနဲ႕ ေရွ႕အကၡရာႏွင့္ ေရွ႕ဂဏန္းတစ္လုံးတူ႐ုံျဖင့္ ဆုေငြတစ္ေသာင္း ခ်ီးျမႇင့္ဖို႔ ေအာင္ဘာေလ သိန္းဆု ဌာနခြဲမွ စီစဥ္ေနတယ္လို႔ သိရပါတယ္။
အဆိုပါ ထပ္တိုးက်ပ္တစ္ေသာင္းဆုကို ယခုလာမည့္ ထီဖြင့္ပြဲမွာ စတင္ထည့္သြင္းခ်ီးျမႇင့္ေပးသြားဖို႔ အခြန္ဌာနက အတည္ျပဳလိုက္ၿပီျဖစ္တယ္လို႔ဆိုပါတယ္။
“ထပ္တိုးဆုအေနနဲ႕ မေန႕က အတည္ျပဳလိုက္တယ္။ အကၡရာနဲ႕ ေရွ႕ဂဏန္းတစ္လုံးတူရင္ တစ္ေသာင္းဆုရမယ္။ (၄၃) ႀကိမ္ေျမာက္ကေနစၿပီးေပးမယ္ေပါ့။ ေရွ႕ အကၡရာတစ္လုံးနဲ႕ ေရွ႕ဂဏန္းတစ္လုံးတူတာနဲ႕ရမယ္။ အရင္က ၅ ေသာင္းဆုဆိုရင္ အကၡရာနဲ႕ ေရွ႕ဂဏန္းႏွစ္လုံးတူရင္ရတယ္။ အခုက်ပ္တစ္ေသာင္းဆုကေတာ့ ထပ္တိုးတာေပါ့ အကၡရာနဲ႕ ေရွ႕ဂဏန္းတစ္လုံးတူရင္ တစ္ေသာင္းက်ပ္ေပါ့၊ ဒီတစ္ေသာင္း ပါလာေတာ့ ေပါက္ဖို႔ ပိုလြယ္သြားတာေပါ့။
ဆုအေရအတြက္မ်ားသြားမယ္။ ေအာင္ဘာေလထီဆုေတြက ေရာင္းရတဲ့ေငြအေပၚ မူတည္ၿပီးေတာ့ ဆုမဲကို တစ္ယူနစ္ ျဖစ္ခ်င္လည္းျဖစ္မယ္၊ ႏွစ္ယူနစ္ျဖစ္ခ်င္လည္းျဖစ္မယ္ေပါ့၊ သုံးယူနစ္ ျဖစ္ရင္လည္းျဖစ္မယ္၊ ေရာင္းရတဲ့ေငြအေပၚမူတည္ၿပီး တိုးေပးသြားမွာေပါ့ သူက ဒီအပတ္ (၄၃) ႀကိမ္ေျမာက္က စၿပီးပါမယ္။ အဓိက က ေအာင္ဘာေလထီကို လူေတြ ပိုမို စိတ္ဝ င္စားလာေစဖို႔ အတြက္ ဆုေၾကးေတြကို ထပ္တိုးခ်ီးျမႇင့္လိုက္တာပါ။”လို႔ ထီလုပ္ငန္းရွင္တစ္ဦးက ထပ္တိုး ဆုေၾကးနဲ႕ ပတ္သက္လို႔ ေျပာျပပါတယ္။
လက္ရွိ ေအာင္ဘာေလထီရဲ႕ ေရာင္းအားဟာ ထီအုပ္ေရ ၃ သိန္းေက်ာ္ခန႔္ အထိရွိေနေသာ္လည္း ယခင္ ေရာင္းအားကိုေတာ့ မမီေသးဘူးလို႔ ထီလုပ္ငန္းရွင္ေတြက ေျပာပါတယ္။
ယခင္က ဆိုပါက ထီအုပ္ေရ ၅ သိန္းမွ ၆ သိန္းအထိ ေရာင္းအားရွိခဲ့တာျဖစ္တယ္လို႔ ၎တို႔က ယခုလို ဆက္လက္ ေျပာျပခဲ့ပါတယ္။
“ေရာင္းအားက လက္ရွိကာလမွာ နည္းနည္းျပန္တက္လာတယ္။ ရာသီဥတုပြင့္လင္းတာလည္းပါတယ္၊ ေအာ င္ဘာေလထီရဲ႕ အျမင့္ဆုံးေၾကးက သိန္း ၅၀၀၀ ပါပဲ၊ တကယ္လို႔ ေရာင္းအားတက္ရင္ ဆုေၾကးေတြက မ်ားမ်ားလာဖို႔ ရွိတာေပါ့။ အုပ္ေရ ၅ သိန္းေလာက္ေရာင္းရတယ္၊ ၆ သိန္းေလာက္ေရာင္းရတယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့၊ ဆုေၾကးတန္ဖိုး တိုးလာမွာေပါ့။ အခုက ထီအုပ္ေရသုံးသိန္း ဝန္းက်င္မွာပဲရွိေနတယ္။
ထီအုပ္ေရ ၃ သိန္း ၁ ေသာင္းစြန္းစြန္းေပါ့။ အခုဆို အကၡရာနဲ႕ ေရွ႕ဂဏန္းတစ္လုံးတူ တစ္ေသာင္းဆုထြက္လာေတာ့ လူေတြကပို စိတ္ဝင္စားၿပီးေတာ့ ထပ္ေရာင္းရရင္ ဆုေၾကး ထပ္တိုးမယ္ေပါ့။ ေဈးကြက္ေပၚ ပဲ မူတည္ပါမယ္ အခုထပ္တိုးဆုေၾကးက အရင္းျပန္ေပးတဲ့သေဘာေပါ့။ က်ေနာ္တို႔ ေအာင္ဘာေလထီက အကၡရာအစုံတိုက္နဲ႕ အလုံးတိုက္ေပါ့ေနာ္၊ အလုံးတိုက္က ေရာင္းအားပိုသာေနတယ္လို႔ က်ေနာ္တို႔က တြက္ထားတယ္။
ဥပမာ ဆယ္ေစာင္ထိုးတဲ့သူတစ္ေယာက္က အကၡရာနဲ႕ ဂဏန္းတစ္လုံးတူတာနဲ႕ ဆယ္ေစာင္လုံးရၿပီ။ ၅ ေစာင္ထိုးတဲ့သူက ၅ ေစာင္လုံးရမယ္ေပါ့။ ဆယ္ေစာင္ဆို ေပါက္ရင္ တစ္သိန္း၊ ၅ ေစာင္ဆို ၅ ေသာင္းေပါ့။ အ လုံးတိုက္မွာေပါ့ေနာ္။ အလုံးတိုက္မွာတူရင္ ရၿပီေပါ့။”လို႔ ၎က ဆက္လက္ ရွင္းျပခဲ့ပါတယ္။
ၿပီးခဲ့သည့္ ႏွစ္မွစတင္၍ နိုင္ငံေရးေျပာင္းလဲမႈျဖစ္စဥ္ေတြေၾကာင့္ ေအာင္ဘာေလထီေရာင္းအားဟာ သိသိသာသာ က်ဆင္းလာခဲ့တာျဖစ္ၿပီး ထိုအခ်ိန္မွစကာ ယခု လက္ရွိအခ်ိန္အထိ ျပည္သူေတြက ေအာင္ဘာ ေလထီအစား နိုင္ငံျခားထီေတြျဖစ္တဲ့ စင္ကာပူထီႏွင့္ ထိုင္းထီကို ေျပာင္းလဲထိုးလာၾကတာျဖစ္ပါတယ္။
လက္ရွိ ေအာင္ဘာေလထီတစ္ေစာင္ရဲ႕ ေပါက္ေဈးဟာ က်ပ္ ၁၀၀၀ မွ က်ပ္ ၁၂၀၀ အထိ ေဈးရွိေနၿပီး အျမင့္ဆုံး ဆုေၾကးေငြက က်ပ္သိန္း ၅၀၀၀ ဆုျဖစ္ပါတယ္။
ယခုအခါမွာ လူေတြက ေအာင္ဘာေလထီကို ပိုမိုစိတ္ဝင္ တစားနဲ႕ ထိုးလာေစရန္ (၄၃) ႀကိမ္ေျမာက္ကစတင္ၿပီး အကၡရာႏွင့္အေရွ႕ဂဏန္း ၁ လုံးတူဆုကို စတင္ခ်ီးျမင့္မွာျဖစ္တယ္လို႔လည္း ထီလုပ္ငန္းရွင္ေတြရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။
Leave a Reply