
အာဏာသိမ်းစစ်ကောင်စီမှ KPay နှင့် Wave Money အစရှိသော မိုဘိုင်းငွေပေးချေမှုစနစ် (အွန်လိုင်းငွေ ကြေး အကောင့်)များကို စည်းကမ်းချက်နှင့် မကိုက်ညီဟုဆိုကာ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ အကောင့်များပိတ်သိမ်းကာ ယင်းအကောင့်ထဲရှိငွေကြေးများအား သိမ်းပိုက်ရယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီမှပိတ်သိမ်းခဲ့သည့် အွန်လိုင်းငွေကြေးအကောင့်ပေါင်း ၈ ထောင်ကျော်ရှိပြီး စစ်ကောင်စီမှ သိမ်းပိုက်ရယူခဲ့သည့်ငွေပမာဏ ကျပ်သိန်း ၂ သောင်းကျော် ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ရှိ မြန်မာ နိုင်ငံ ဗဟိုဘဏ်နှင့်နီးစပ်သူများအဆိုအရ သိရသည်။
‘‘Kpay ရော Wave အကောင့်တွေပါ ပိတ်တာ။ အဓိက သူတို့စိစစ်တာက KPay နဲ့ Wave အကောင့်မှာ မှတ်ပုံတင်ထားတဲ့ နာမည်၊ လိပ်စာ၊ မှတ်ပုံတင်အမှတ်နဲ့ အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပတ် SIM Card မှာ စာရင်းသွင်းထားတဲ့အချက်အလက်တွေ မတူတာနဲ့ တန်းပိတ်လိုက်တယ်။ အရင်တုန်းက တယ်လီနော ခေတ်တုန်းက ဖုန်းကတ်မှတ်ပုံတင်ကြတာ သိတဲ့အတိုင်းပဲ။
အမည်တခုထဲနဲ့ ကတ်ပေါင်း ရာနဲ့ချီ မှတ်ပုံတင်ထားပြီးတော့ အပြင်မှာပြန်ရောင်းချတာတွေ သုံးခဲ့ကြတယ်။ အဲ့ဒီဖုန်းတွေနဲ့ပဲ အကောင့်ဖွင့်တယ်။ အခု မိုဘိုင်းငွေလွှဲတာ မှတ်ပုံတင်ကြတာနဲ့ မတူကြတော့ အပိတ်ခံရတာ။ အကောင့် ၈ ထောင်ကျော်ရှိတယ်။ အဲ့ထဲကပိုက်ဆံက အနည်းဆုံးသိန်း ၂ သောင်းကျော်ရှိတယ်”ဟု ရန်ကုန်မြို့မှ ဗဟိုဘဏ်နှင့်နီးစပ်သော ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီမှ ပိတ်သိမ်းခဲ့သောအကောင့်အရေ အတွက်၊ ငွေကြေးပမာဏများနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
ဧရာဝတီတိုင်းမ်သတင်းဌာန၏ မေးမြန်းစုံစမ်းချက်များအရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းအများအပြားသာမက ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားများအသုံးပြုနေသော အွန်လိုင်းငွေကြေးအကောင့်များစွာ ပိတ်သိမ်းခံခဲ့ရပြီး ငွေကြေးပမာဏမှာလည်း ကျပ်သိန်းဆယ်ဂဏန်း၊ ရာဂဏန်းအထိ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
“အများဆုံးအပိတ်ခံရတာက KPay တွေ၊ Wave Money က နည်းတယ်။ ကျွန်မတို့မိတ်ဆွေ လုပ်ငန်းရှင်တွေ၊ အွန်လိုင်းရှော့ပင်းလုပ်တဲ့လူတွေ အများကြီးပဲ အပိတ်ခံရတယ်။ တချို့ဆို ၉ သိန်း၊ ၁၀ သိန်း ပါသွားတယ်။ ကျွန်မအသိထဲတွင် KPay အပိတ်ခံရသူ ၂၀ လောက်ရှိတယ်။ အများဆုံးက ငွေဝင်၊ ငွေထွက်များတဲ့လူတွေ”ဟု ပုသိမ်မြို့မှ အွန်လိုင်းရှော့ပင်းလုပ်ငန်း လုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ယခုလုပ်ရပ်မှာ ပြည်သူလူထု၏ ငွေ ကြေးများကို မတရားနည်းဖြင့် သိမ်းပိုက်ရယူခြင်းဖြစ်ကြောင်း အကောင့်ပိတ်သိမ်းခံရသူများက ပြောသည်။
‘‘အကောင့်စဖွင့်ကလည်းက ဖုန်းကတ် မှတ်ပုံတင်ထားတာနဲ့ KPay အကောင့် မှတ်ပုံတင်ထားတာနဲ့ တူရမယ်ဆိုတာလည်း သတ်မှတ်ထားတာလည်း မရှိဘူးဗျာ။ ပြီးတော့ ဖုန်းဆင်းမ်ကတ်က ဆိုင်တွေက သူတို့ဘာသာ မှတ်ပုံတင်ထားတဲ့ဟာတွေ တပါတည်းရောင်းပေးနေတာ။ ဒီ KPay တွေလုပ်တုန်းကလည်း ကိုယ့်မှတ်ပုံတင်တွေ ပေးထားပြီး သေချာမိတ္တူကူးယူထားပြီးမှ ဖွင့်ပေးတာလေ။ အဲဒါကို အခုကျမှ မတူလို့ ပိတ်တယ်ဆိုတော့ ဒါကြီးက စစ်ကောင်စီက တမင်ယုတ်မာပြီးတော့ကို ပြည်သူတွေရဲ့ငွေတွေကို မတရား သိမ်းယူတာပဲ”ဟု KPay အကောင့်ပိတ်သိမ်းခံရသည့် ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
စစ္ေကာင္စီမွ အြန္လိုင္းေငြေၾကးအေကာင့္မ်ား ပိတ္သိမ္း၍ သိမ္းပိုက္ရယူခဲ့ေသာေငြေၾကးပမာဏ က်ပ္သိန္း ၂ ေသာင္းေက်ာ္ရွိဟုဆို
အာဏာသိမ္းစစ္ေကာင္စီမွ KPay ႏွင့္ Wave Money အစရွိေသာ မိုဘိုင္းေငြေပးေခ်မႈစနစ္ (အြန္လိုင္းေငြ ေၾကး အေကာင့္)မ်ားကို စည္းကမ္းခ်က္ႏွင့္ မကိုက္ညီဟုဆိုကာ စက္တင္ဘာလ ၂၀ ရက္ေန႕မွစတင္၍ အေကာင့္မ်ားပိတ္သိမ္းကာ ယင္းအေကာင့္ထဲရွိေငြေၾကးမ်ားအား သိမ္းပိုက္ရယူျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
စစ္ေကာင္စီမွပိတ္သိမ္းခဲ့သည့္ အြန္လိုင္းေငြေၾကးအေကာင့္ေပါင္း ၈ ေထာင္ေက်ာ္ရွိၿပီး စစ္ေကာင္စီမွ သိမ္းပိုက္ရယူခဲ့သည့္ေငြပမာဏ က်ပ္သိန္း ၂ ေသာင္းေက်ာ္ ရွိခဲ့ေၾကာင္း စစ္ေကာင္စီလက္ေအာက္ရွိ ျမန္မာ နိုင္ငံ ဗဟိုဘဏ္ႏွင့္နီးစပ္သူမ်ားအဆိုအရ သိရသည္။
‘‘Kpay ေရာ Wave အေကာင့္ေတြပါ ပိတ္တာ။ အဓိက သူတို႔စိစစ္တာက KPay နဲ႕ Wave အေကာင့္မွာ မွတ္ပုံတင္ထားတဲ့ နာမည္၊ လိပ္စာ၊ မွတ္ပုံတင္အမွတ္နဲ႕ အေကာင့္ဖြင့္ထားတဲ့ ဖုန္းနံပတ္ SIM Card မွာ စာရင္းသြင္းထားတဲ့အခ်က္အလက္ေတြ မတူတာနဲ႕ တန္းပိတ္လိုက္တယ္။ အရင္တုန္းက တယ္လီေနာ ေခတ္တုန္းက ဖုန္းကတ္မွတ္ပုံတင္ၾကတာ သိတဲ့အတိုင္းပဲ။
အမည္တခုထဲနဲ႕ ကတ္ေပါင္း ရာနဲ႕ခ်ီ မွတ္ပုံတင္ထားၿပီးေတာ့ အျပင္မွာျပန္ေရာင္းခ်တာေတြ သုံးခဲ့ၾကတယ္။ အဲ့ဒီဖုန္းေတြနဲ႕ပဲ အေကာင့္ဖြင့္တယ္။ အခု မိုဘိုင္းေငြလႊဲတာ မွတ္ပုံတင္ၾကတာနဲ႕ မတူၾကေတာ့ အပိတ္ခံရတာ။ အေကာင့္ ၈ ေထာင္ေက်ာ္ရွိတယ္။ အဲ့ထဲကပိုက္ဆံက အနည္းဆုံးသိန္း ၂ ေသာင္းေက်ာ္ရွိတယ္”ဟု ရန္ကုန္ၿမိဳ႕မွ ဗဟိုဘဏ္ႏွင့္နီးစပ္ေသာ ဝန္ထမ္းတစ္ဦးက ေျပာသည္။
စစ္ေကာင္စီမွ ပိတ္သိမ္းခဲ့ေသာအေကာင့္အေရ အတြက္၊ ေငြေၾကးပမာဏမ်ားႏွင့္ပတ္သတ္၍ ဧရာဝတီတိုင္းမ္ သတင္းဌာနအေနျဖင့္ သီးျခားအတည္ျပဳနိုင္ျခင္း မရွိေသးဘဲ ဆက္လက္စုံစမ္းေနဆဲ ျဖစ္သည္။
ဧရာဝတီတိုင္းမ္သတင္းဌာန၏ ေမးျမန္းစုံစမ္းခ်က္မ်ားအရ ျမန္မာနိုင္ငံရွိ ျပည္နယ္ႏွင့္တိုင္းအမ်ားအျပားသာမက ျပည္ပနိုင္ငံမ်ားရွိ ျမန္မာနိုင္ငံသားမ်ားအသုံးျပဳေနေသာ အြန္လိုင္းေငြေၾကးအေကာင့္မ်ားစြာ ပိတ္သိမ္းခံခဲ့ရၿပီး ေငြေၾကးပမာဏမွာလည္း က်ပ္သိန္းဆယ္ဂဏန္း၊ ရာဂဏန္းအထိ ဆုံးရႈံးခဲ့ရေၾကာင္း သိရသည္။
“အမ်ားဆုံးအပိတ္ခံရတာက KPay ေတြ၊ Wave Money က နည္းတယ္။ ကြၽန္မတို႔မိတ္ေဆြ လုပ္ငန္းရွင္ေတြ၊ အြန္လိုင္းေရွာ့ပင္းလုပ္တဲ့လူေတြ အမ်ားႀကီးပဲ အပိတ္ခံရတယ္။ တခ်ိဳ႕ဆို ၉ သိန္း၊ ၁၀ သိန္း ပါသြားတယ္။ ကြၽန္မအသိထဲတြင္ KPay အပိတ္ခံရသူ ၂၀ ေလာက္ရွိတယ္။ အမ်ားဆုံးက ေငြဝင္၊ ေငြထြက္မ်ားတဲ့လူေတြ”ဟု ပုသိမ္ၿမိဳ႕မွ အြန္လိုင္းေရွာ့ပင္းလုပ္ငန္း လုပ္ကိုင္ေနသူအမ်ိဳးသမီးတစ္ဦးက ေျပာသည္။
စစ္ေကာင္စီ၏ယခုလုပ္ရပ္မွာ ျပည္သူလူထု၏ ေငြ ေၾကးမ်ားကို မတရားနည္းျဖင့္ သိမ္းပိုက္ရယူျခင္းျဖစ္ေၾကာင္း အေကာင့္ပိတ္သိမ္းခံရသူမ်ားက ေျပာသည္။
‘‘အေကာင့္စဖြင့္ကလည္းက ဖုန္းကတ္ မွတ္ပုံတင္ထားတာနဲ႕ KPay အေကာင့္ မွတ္ပုံတင္ထားတာနဲ႕ တူရမယ္ဆိုတာလည္း သတ္မွတ္ထားတာလည္း မရွိဘူးဗ်ာ။ ၿပီးေတာ့ ဖုန္းဆင္းမ္ကတ္က ဆိုင္ေတြက သူတို႔ဘာသာ မွတ္ပုံတင္ထားတဲ့ဟာေတြ တပါတည္းေရာင္းေပးေနတာ။ ဒီ KPay ေတြလုပ္တုန္းကလည္း ကိုယ့္မွတ္ပုံတင္ေတြ ေပးထားၿပီး ေသခ်ာမိတၱဴကူးယူထားၿပီးမွ ဖြင့္ေပးတာေလ။ အဲဒါကို အခုက်မွ မတူလို႔ ပိတ္တယ္ဆိုေတာ့ ဒါႀကီးက စစ္ေကာင္စီက တမင္ယုတ္မာၿပီးေတာ့ကို ျပည္သူေတြရဲ႕ေငြေတြကို မတရား သိမ္းယူတာပဲ”ဟု KPay အေကာင့္ပိတ္သိမ္းခံရသည့္ ပုသိမ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။
Leave a Reply