ရန်ကုန်တွင် မီတာသုံးစွဲမှုနည်းပါးသည့် နေအိမ်များ မီတာခ ၂ လစာအပြင် ဒဏ်ကြေးပါ ပေးနေရ

ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လစဉ်ပေးဆောင်ရမယ့် မီတာကြေးတွေကို ၂ လစာ ပေါင်းဆောင်နေရပြီး နောက်ကျဒဏ်ကြေးတွေလည်း ထပ်ဆောင်း ပေးဆောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မီတာရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မီတာဖတ်သူ၊ မီတာစာရွက် ဖြန့်ဝေသူတွေဟာ မီတာသုံးစွဲမှုနည်းပါးတဲ့ နေအိမ်တွေကို လစဉ် မီတာဖတ်တာမရှိသလို မီတာစာရွက်တွေ ဖြန့်ဝေရာမှာလည်း ၂ လစာပေါင်းပြီးမှ မီတာစာရွက် ဖြန့်ဝေတာမျိုးတွေ ပြုလုပ်နေကြပါတယ်။

လျှပ်စစ်မီတာရုံးတွေရဲ့ သတ်မှတ်ချက်မှာတော့ ဓာတ် အားခ နောက်ဆုံးပေးဆောင်ရမယ့် သတ်မှတ်ရက်မှာ ပေးဆောင်ခြင်းမရှိတဲ့ နေအိမ်တွေကို ညနေပိုင်းမှာ ဓာတ်အားဖြတ်တောက်ရမှာဖြစ်ပေမဲ့ လာရောက် ဓာတ်အားဖြတ်တောက်တာတွေလည်း မရှိဘဲ ဆက်လ က်အသုံးပြုခွင့်ရနေပြီး ၂ လစာပေးဆောင်ရမယ့် မီတာစာရွက်တွေကိုသာ နောက်လတွေမှ လာရောက်ဖြန့်ဝေနေတယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အဲ့ဒီလို ၂ လစာပေးဆောင်ရမယ့် မီတာစာရွက် လက်ခံရရှိချိန်မှသာ မီတာရုံးကို သွားရောက် ပေးဆောင်ချိန်မှာတော့ နောက်ကျဒဏ်ကြေးအဖြစ် ကျပ် ၃,၀၀၀ အပိုဆောင်း ပေးနေရတာဖြစ်ပြီး ရန်ကုန်မှာနေထိုင်တဲ့ ပြည်သူတော်တော်များများဟာ အဲ့ဒီလို အခြေအနေမျိုးတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ အိမ်သုံးမီတာတွေအတွက် နောက်ကျဒဏ်ကြေးတွေကတော့ တလနောက်ကျရင် ကျပ် ၂,၀၀၀၊ ၂ လနောက်ကျရင် ကျပ် ၃,၀၀၀၊ ၃ လနောက်ကျရင် ကျပ် ၄,၀၀၀၊ ၃ လနဲ့အထက်ဆိုရင် မီတာဖြုတ်သိမ်းရမယ်လို့ မီတာရုံးတွေရဲ့ ကြေညာချက်တွေမှာ တွေ့ရပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ရန္ကုန္ၿမိဳ႕မွာေနထိုင္တဲ့ ျပည္သူေတြအေနနဲ႕ လစဥ္ေပးေဆာင္ရမယ့္ မီတာေၾကးေတြကို ၂ လစာ ေပါင္းေဆာင္ေနရၿပီး ေနာက္က်ဒဏ္ေၾကးေတြလည္း ထပ္ေဆာင္း ေပးေဆာင္ေနရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။

စစ္ေကာင္စီလက္ေအာက္ခံ မီတာ႐ုံးေတြမွာ တာဝန္ထမ္းေဆာင္ေနတဲ့ မီတာဖတ္သူ၊ မီတာစာ႐ြက္ ျဖန႔္ေဝသူေတြဟာ မီတာသုံးစြဲမႈနည္းပါးတဲ့ ေနအိမ္ေတြကို လစဥ္ မီတာဖတ္တာမရွိသလို မီတာစာ႐ြက္ေတြ ျဖန႔္ေဝရာမွာလည္း ၂ လစာေပါင္းၿပီးမွ မီတာစာ႐ြက္ ျဖန႔္ေဝတာမ်ိဳးေတြ ျပဳလုပ္ေနၾကပါတယ္။

လွ်ပ္စစ္မီတာ႐ုံးေတြရဲ႕ သတ္မွတ္ခ်က္မွာေတာ့ ဓာတ္ အားခ ေနာက္ဆုံးေပးေဆာင္ရမယ့္ သတ္မွတ္ရက္မွာ ေပးေဆာင္ျခင္းမရွိတဲ့ ေနအိမ္ေတြကို ညေနပိုင္းမွာ ဓာတ္အားျဖတ္ေတာက္ရမွာျဖစ္ေပမဲ့ လာေရာက္ ဓာတ္အားျဖတ္ေတာက္တာေတြလည္း မရွိဘဲ ဆက္လ က္အသုံးျပဳခြင့္ရေနၿပီး ၂ လစာေပးေဆာင္ရမယ့္ မီတာစာ႐ြက္ေတြကိုသာ ေနာက္လေတြမွ လာေရာက္ျဖန႔္ေဝေနတယ္လို႔ အင္းစိန္ၿမိဳ႕နယ္မွာ ေနထိုင္သူတေယာက္က ေျပာပါတယ္။

အဲ့ဒီလို ၂ လစာေပးေဆာင္ရမယ့္ မီတာစာ႐ြက္ လက္ခံရရွိခ်ိန္မွသာ မီတာ႐ုံးကို သြားေရာက္ ေပးေဆာင္ခ်ိန္မွာေတာ့ ေနာက္က်ဒဏ္ေၾကးအျဖစ္ က်ပ္ ၃,၀၀၀ အပိုေဆာင္း ေပးေနရတာျဖစ္ၿပီး ရန္ကုန္မွာေနထိုင္တဲ့ ျပည္သူေတာ္ေတာ္မ်ားမ်ားဟာ အဲ့ဒီလို အေျခအေနမ်ိဳးေတြကို ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။

လက္ရွိမွာ အိမ္သုံးမီတာေတြအတြက္ ေနာက္က်ဒဏ္ေၾကးေတြကေတာ့ တလေနာက္က်ရင္ က်ပ္ ၂,၀၀၀၊ ၂ လေနာက္က်ရင္ က်ပ္ ၃,၀၀၀၊ ၃ လေနာက္က်ရင္ က်ပ္ ၄,၀၀၀၊ ၃ လနဲ႕အထက္ဆိုရင္ မီတာျဖဳတ္သိမ္းရမယ္လို႔ မီတာ႐ုံးေတြရဲ႕ ေၾကညာခ်က္ေတြမွာ ေတြ႕ရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*