
ပါတီညီလာခံကျင်းပဖို့ နီးကပ်လာတာကြောင့် နေအိမ်တွေမှာ ပါတီအလံလွှင့်ထူဖို့ နေပြည်တော်ရှိ ပါတီရပ်ကျေးစည်းရုံးရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကို လာမယ့် အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်နေ့အထိ ပြုလုပ်သွားဖို့ ရှိနေပြီး ပါတီဗဟိုဌာနချုပ်မှာလည်း ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။
ပါတီညီလာခံကျင်းပဖို့ နီးကပ်လာပြီဖြစ်တဲ့အတွက် နေပြည်တော်က ပါတီရပ်ကျေးစည်းရုံးရေးမှူးတွေကို ပါတီအလံထောင်ဖို့အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ညွှန်ကြားနေတယ်လို့ ဆိုပါတယ်။
နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူးတဦးက “အိမ်တွေမှာ အလံထောင်ဖို့ မြို့နယ်အလိုက် ညွှန်ကြားတာတွေတော့ ရှိပါတယ်။ စည်းရုံးရေးမှူးတွေကိုပေါ့။ ဒါပေမယ့် ကျနော်ကတော့ ဒီအချိန်မှာ ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တခြားသူတွေ ထောင်ချင်ထောင် ကျနော်ကတော့ အဆင်မပြေနိုင်ဘူးလို့ ပြန်ပြောထားတယ်” လို့ ပြောပါတယ်။
လာမယ့်လအတွင်း ပြုလုပ်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ညီလာခံအတွင်းမှာ ပါတီဥက္ကဋ္ဌနေရာ အပါအဝင် အဓိကခေါင်းဆောင်ပိုင်းနေရာတွေ အပြောင်းအလဲပြုလုပ်သွားဖို့ရှိနေတယ်လို့လည်း ပါတီဝင်တဦးက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ ပါတီညီလာခံပြုလုပ်တော့မယ့်အချိန်မှာ နေပြည်တော်အတွင်းကို စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး ယခင်ကထက် ပိုမိုစစ်ဆေးလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“အစစ်အဆေးတွေက ပိုပြီးများလာတာတော့ အမှန်ပဲ။ ဘာကြောင့်လဲတော့ သေချာမသိဘူး။ အရင်က မရှိတဲ့နေရာတွေမှာပါ ဘန်ကာတွေဆောက်ပြီး စစ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
နေပြည်တော်အတွင်း အစစ်အဆေး ပိုမိုတင်းကျပ်လာတာဟာ ကြံ့ခိုင်ရေးပါတီရဲ့ ညီလာခံကြောင့်ဖြစ်ပုံမရဘဲ အခြား စစ်ဆင်ရေး ကိစ္စရပ်တွေကြောင့်လည်း ဖြစ်ပုံရတယ်လို့ ကြံ့ခိုင်ရေးပါတီဝင်အချို့က သုံးသပ်ကြပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ပါတီညီလာခံက်င္းပဖို႔ နီးကပ္လာတာေၾကာင့္ ေနအိမ္ေတြမွာ ပါတီအလံလႊင့္ထူဖို႔ ေနျပည္ေတာ္ရွိ ပါတီရပ္ေက်းစည္း႐ုံးေရးမႉးေတြကို ႀကံ့ခိုင္ေရးပါတီက ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။
ႀကံ့ခိုင္ေရးပါတီရဲ႕ ညီလာခံကို လာမယ့္ ေအာက္တိုဘာ ၄ ရက္ကေန ၆ ရက္ေန႕အထိ ျပဳလုပ္သြားဖို႔ ရွိေနၿပီး ပါတီဗဟိုဌာနခ်ဳပ္မွာလည္း ျပင္ဆင္မႈေတြျပဳလုပ္ေနတာပါ။
ပါတီညီလာခံက်င္းပဖို႔ နီးကပ္လာၿပီျဖစ္တဲ့အတြက္ ေနျပည္ေတာ္က ပါတီရပ္ေက်းစည္း႐ုံးေရးမႉးေတြကို ပါတီအလံေထာင္ဖို႔အတြက္ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ၫႊန္ၾကားေနတယ္လို႔ ဆိုပါတယ္။
ေနျပည္ေတာ္ရွိ ႀကံ့ခိုင္ေရးပါတီ ရပ္ေက်းစည္း႐ုံးေရးမႉးတဦးက “အိမ္ေတြမွာ အလံေထာင္ဖို႔ ၿမိဳ႕နယ္အလိုက္ ၫႊန္ၾကားတာေတြေတာ့ ရွိပါတယ္။ စည္း႐ုံးေရးမႉးေတြကိုေပါ့။ ဒါေပမယ့္ က်ေနာ္ကေတာ့ ဒီအခ်ိန္မွာ ဒီလိုလုပ္ဖို႔ဆိုတာ မျဖစ္နိုင္ဘူး။ တျခားသူေတြ ေထာင္ခ်င္ေထာင္ က်ေနာ္ကေတာ့ အဆင္မေျပနိုင္ဘူးလို႔ ျပန္ေျပာထားတယ္” လို႔ ေျပာပါတယ္။
လာမယ့္လအတြင္း ျပဳလုပ္မယ့္ ႀကံ့ခိုင္ေရးပါတီရဲ႕ညီလာခံအတြင္းမွာ ပါတီဥကၠ႒ေနရာ အပါအဝင္ အဓိကေခါင္းေဆာင္ပိုင္းေနရာေတြ အေျပာင္းအလဲျပဳလုပ္သြားဖို႔ရွိေနတယ္လို႔လည္း ပါတီဝင္တဦးက ေျပာပါတယ္။
ႀကံ့ခိုင္ေရးပါတီရဲ႕ ပါတီညီလာခံျပဳလုပ္ေတာ့မယ့္အခ်ိန္မွာ ေနျပည္ေတာ္အတြင္းကို စစ္ေကာင္စီက လုံၿခဳံေရးပိုမိုတင္းက်ပ္ထားၿပီး ယခင္ကထက္ ပိုမိုစစ္ေဆးလာတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။
“အစစ္အေဆးေတြက ပိုၿပီးမ်ားလာတာေတာ့ အမွန္ပဲ။ ဘာေၾကာင့္လဲေတာ့ ေသခ်ာမသိဘူး။ အရင္က မရွိတဲ့ေနရာေတြမွာပါ ဘန္ကာေတြေဆာက္ၿပီး စစ္ေနတာ” လို႔ ေဒသခံတဦးက ေျပာပါတယ္။
ေနျပည္ေတာ္အတြင္း အစစ္အေဆး ပိုမိုတင္းက်ပ္လာတာဟာ ႀကံ့ခိုင္ေရးပါတီရဲ႕ ညီလာခံေၾကာင့္ျဖစ္ပုံမရဘဲ အျခား စစ္ဆင္ေရး ကိစၥရပ္ေတြေၾကာင့္လည္း ျဖစ္ပုံရတယ္လို႔ ႀကံ့ခိုင္ေရးပါတီဝင္အခ်ိဳ႕က သုံးသပ္ၾကပါတယ္။
Leave a Reply