
မြန်မာကိုယ်စားပြု Miss Grand International 2020 ပြိုင်ပွဲဝင် အလှမယ်ဟန်လေး ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံရကြောင်း သိရပါတယ်။
မြန်မာဘက်က အလှမယ် ဟန်လေးရဲ့ နိုင်ငံကူးလက်မှတ်ကို ရုပ်သိမ်းလိုက်ပြီးနောက် ထိုင်းလေဆိပ်မှာ အထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။
အလှမယ် ဟန်လေးက “ မနေ့ညက လေဆိပ် လူဝင် မှုကြီးကြပ်ရေးအချုပ်မှာ ညအိပ်ခဲ့ရ တယ်။ ဒီနေ့ မနက်မှာ ဗီယက်နမ်ကို ပြန်ပို့ဖို့ လုပ်ပေမယ့် ညီမက UNHCR ကို ဆက်သွယ်ထားတယ်။ UNHCR က လေယာဉ်ပေါ် မတက်ဖို့နဲ့ ဗီယက်နမ် ပြန်သွားရင် မြန်မာဘက်ကို ပြန်ပို့လိမ့်မယ်လို့ ပြောတယ်” လို့ သူမရဲ့ ဖေ့ဘုတ်မှ တစ် ဆင့် ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။
အလှမယ် ဟန်လေးကို စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ် မှာ အထိန်းသိမ်းခံရတာ ဖြစ်တယ်လို့ဆိုပါတယ်။
အလှမယ် ဟန်လေးသည် Miss Universe Mandalay 2015 ဆုနှင့် Miss Universe Myanmar 2015/2016 ပြိုင်ပွဲမှာ 1st runner up ဆုရှိထားသူ ဖြစ်သလို ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံတွင်ပြုလုပ်သည့် Miss Grand International 2020 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လုပ်တဲ့ပြိုင်ပွဲမှာ မြန်မာရဲ့ နိုင်ငံရေး ဖြစ်စဉ်အကြောင်း ကမ္ဘာက သိအောင် ချပြခဲ့တာကြောင့် စစ်ကောင်စီဘက်က အမှုဖွင့်ထား ဖြစ်တယ်လို့ သိရပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ျမန္မာကိုယ္စားျပဳ Miss Grand International 2020 ၿပိဳင္ပြဲဝင္ အလွမယ္ဟန္ေလး ထိုင္းေလဆိပ္မွာ ထိန္းသိမ္းခံရေၾကာင္း သိရပါတယ္။
ျမန္မာဘက္က အလွမယ္ ဟန္ေလးရဲ႕ နိုင္ငံကူးလက္မွတ္ကို ႐ုပ္သိမ္းလိုက္ၿပီးေနာက္ ထိုင္းေလဆိပ္မွာ အထိန္းသိမ္းခံရတာ ျဖစ္ပါတယ္။
အလွမယ္ ဟန္ေလးက “ မေန႕ညက ေလဆိပ္ လူဝင္ မႈႀကီးၾကပ္ေရးအခ်ဳပ္မွာ ညအိပ္ခဲ့ရ တယ္။ ဒီေန႕ မနက္မွာ ဗီယက္နမ္ကို ျပန္ပို႔ဖို႔ လုပ္ေပမယ့္ ညီမက UNHCR ကို ဆက္သြယ္ထားတယ္။ UNHCR က ေလယာဥ္ေပၚ မတက္ဖို႔နဲ႕ ဗီယက္နမ္ ျပန္သြားရင္ ျမန္မာဘက္ကို ျပန္ပို႔လိမ့္မယ္လို႔ ေျပာတယ္” လို႔ သူမရဲ႕ ေဖ့ဘုတ္မွ တစ္ ဆင့္ ပရိသတ္ေတြကို အသိေပးထားတာ ျဖစ္ပါတယ္။
အလွမယ္ ဟန္ေလးကို စက္တင္ဘာ ၂၁ ရက္ေန႕ ညပိုင္းက ထိုင္းနိုင္ငံ ဘန္ေကာက္ေလဆိပ္ မွာ အထိန္းသိမ္းခံရတာ ျဖစ္တယ္လို႔ဆိုပါတယ္။
အလွမယ္ ဟန္ေလးသည္ Miss Universe Mandalay 2015 ဆုႏွင့္ Miss Universe Myanmar 2015/2016 ၿပိဳင္ပြဲမွာ 1st runner up ဆုရွိထားသူ ျဖစ္သလို ၿပီးခဲ့တဲ့ ႏွစ္က ထိုင္းနိုင္ငံတြင္ျပဳလုပ္သည့္ Miss Grand International 2020 ၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံကိုယ္စား ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။
ထိုင္းနိုင္ငံမွာ လုပ္တဲ့ၿပိဳင္ပြဲမွာ ျမန္မာရဲ႕ နိုင္ငံေရး ျဖစ္စဥ္အေၾကာင္း ကမာၻက သိေအာင္ ခ်ျပခဲ့တာေၾကာင့္ စစ္ေကာင္စီဘက္က အမႈဖြင့္ထား ျဖစ္တယ္လို႔ သိရပါတယ္။
Leave a Reply