ခေတ်စနစ်ဆိုးမှာ ခက်ခဲနေတဲ့ ပြည်သူတွေကို အားတင်းပြီး ပျော်အောင်နေဖို့ တိုက်တွန်းစကားဆိုလိုက်တဲ့ သရုပ်‌ဆောင် ကျော်ထက်အောင်
မီးလေးခဏလောက်ပိတ်ပေးပါခင်ဗျာ ဆိုပြီး စင်မြင်‌ပေါ်ကနေ အသံပါဝါကောင်းကောင်းနဲ့ပရိသတ်တွေကို ရင်တုန်အောင်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အမြဲလုပ်တတ်လွန်းသူတစ်ဦးကိုတော့ သိကြမှာပါနော်။ သူကတော့ ပရိသတ်တွေတစ်ခဲနက် အားပေးခဲ့ရတဲ့ မြန်မာအိုင်ဒေါ ရဲ့ အစီအစဥ်တင်ဆက်သူ
မောင်ကျော်ထက်အောင် ပဲ ဖြစ်ပါတယ်။ ကျော်ထက်အောင် ကတော့ မြန်မာအိုင်ဒေါမှာ အစီအစဥ်တင်ဆက်သူအဖြစ်နဲ့ လုပ်ကိုင်ရင်း နောက်ပိုင်းမှာ
အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလာခဲ့ရပြီး နောက်ပိုင်းမှာပရိသတ်တွေ လက်ခံအားပေးရတဲ့ မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။
သူပါဝင်ရိုက်ကူးခဲ့တဲ့ “စရိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ သဘာဝကျတဲ့အိုက်တင်တွေနဲ့ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။ သရုပ်ဆောင် ကျော်ထက်အောင် ကတော့
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ကပ်ရောဂါအခြေအနေတွေနဲ့ နိုင်ငံရေးအခြေအနေတွေမှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုကို အားတင်ထားဖို့အတွက်
စာသားလေးတစ်ပိုဒ်နဲ့ အားပေးခဲ့တာ ဖြစ်ပါတယ်။” အားတင်းထားနော် ပျော်အောင်နေ တနေ့စီ ရှင်သန်ကြရအောင်” လို့ ကျော်ထက်အောင် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*