
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ရွှေဒင်္ဂါးအလေးချိန် (၄၅၅ ဒသမ ၇၅) ကျပ်သား ရောင်းချထားပြီးဖြစ်ကြောင်း စကစရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိတွင် နေပြည်တော်၌သာ ရွှေဒင်္ဂါးပြားများကို ရောင်းချနေသော်လည်း ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများတွင်လည်း ရောင်းချရန် အစီအစဉ်ရှိကြောင်းလည်း ပြောကြားထားသည်။
ဇော်မင်းထွန်းက “ရောင်းချပေးတဲ့ ပုံစံက နိုင်ငံသားစိစစ်ရေးကတ်ပြားပြပြီး ရွှေဒင်္ဂါးတစ်ပြားကို တစ်ကြိမ်နဲ့ လက်ငင်းငွေသားပေးချေ ရောင်းချတာ ဖြစ်ပါတယ်။ နေပြည်တော်မှာပဲ ရောင်းချဖို့ ရှိပါတယ်။ ကျန်တဲ့နေရာတွေမှာ ရောင်းချဖို့ လက်တလော အစီအစဉ်မရှိသေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ရွှေဒင်္ဂါးပြားတွေရဲ့ ဈေးနှုန်းကိုတော့ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားတွေကို တစ်ကျပ်သားနှုန်း ၂၉ သိန်း ၅ သောင်းနဲ့ စတင်ရောင်းချခဲ့ပြီး ၁၃ ရက်နေ့အထိ ကျပ် ၂၈ သိန်း ၅ သောင်း၊ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ကျပ်၂၈ သိန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။
ရွှေဒင်္ဂါးပြားများကို လွတ်လွတ်လပ်လပ် ရောင်းချပေးမယ် အစီအစဉ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနအောက် သတ္တုတွ င်းတွေ ရွှေလုပ်ကွက်တွေကနေ ရရှိတဲ့အခွန်တွေကနေပဲ လုပ်ဆောင်တာဖြစ်လို့ လက်ရှိကြုံနေရတဲ့ ရွှေစျေးတက်တာတွေကို ထိန်းနိုင်ဖို့မျှော်လင့်ထားတယ်လို့ အဆိုပါ အစီအစဉ် စတင်ချိန်က စကစ က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဗဟိုဘဏ်က ၁၉၉၁ ခုနှစ်ကတည်းကစပြီး တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားစတဲ့ ရွှေဒင်္ဂါးတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ စက္တင္ဘာလ ၁၆ ရက္ေန႕အထိ ေ႐ႊဒဂၤါးအေလးခ်ိန္ (၄၅၅ ဒသမ ၇၅) က်ပ္သား ေရာင္းခ်ထားၿပီးျဖစ္ေၾကာင္း စကစရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။
လက္ရွိတြင္ ေနျပည္ေတာ္၌သာ ေ႐ႊဒဂၤါးျပားမ်ားကို ေရာင္းခ်ေနေသာ္လည္း ရန္ကုန္၊ မႏၲေလး အစရွိသည့္ ၿမိဳ႕ႀကီးမ်ားတြင္လည္း ေရာင္းခ်ရန္ အစီအစဥ္ရွိေၾကာင္းလည္း ေျပာၾကားထားသည္။
ေဇာ္မင္းထြန္းက “ေရာင္းခ်ေပးတဲ့ ပုံစံက နိုင္ငံသားစိစစ္ေရးကတ္ျပားျပၿပီး ေ႐ႊဒဂၤါးတစ္ျပားကို တစ္ႀကိမ္နဲ႕ လက္ငင္းေငြသားေပးေခ် ေရာင္းခ်တာ ျဖစ္ပါတယ္။ ေနျပည္ေတာ္မွာပဲ ေရာင္းခ်ဖိဳ႕ ရွိပါတယ္။ က်န္တဲ့ေနရာေတြမွာ ေရာင္းခ်ဖိဳ႕ လက္တေလာ အစီအစဥ္မရွိေသးပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။
ေ႐ႊဒဂၤါးျပားေတြရဲ႕ ေဈးႏႈန္းကိုေတာ့ တစ္က်ပ္သား၊ ငါးမူးသား၊ တစ္မတ္သားေတြကို တစ္က်ပ္သားႏႈန္း ၂၉ သိန္း ၅ ေသာင္းနဲ႕ စတင္ေရာင္းခ်ခဲ့ၿပီး ၁၃ ရက္ေန႕အထိ က်ပ္ ၂၈ သိန္း ၅ ေသာင္း၊ ၁၄ ရက္ကေန ၁၆ ရက္ေန႕အထိ က်ပ္၂၈ သိန္းနဲ႕ ေရာင္းခ်ေပးခဲ့ပါတယ္။
ေ႐ႊဒဂၤါးျပားမ်ားကို လြတ္လြတ္လပ္လပ္ ေရာင္းခ်ေပးမယ္ အစီအစဥ္ကို ၿပီးခဲ့တဲ့ စက္တင္ဘာလ (၁) ရက္ေန႕က ေၾကညာခဲ့တာျဖစ္ၿပီး ဝန္ႀကီးဌာနေအာက္ သတၱဳတြ င္းေတြ ေ႐ႊလုပ္ကြက္ေတြကေန ရရွိတဲ့အခြန္ေတြကေနပဲ လုပ္ေဆာင္တာျဖစ္လို႔ လက္ရွိႀကဳံေနရတဲ့ ေ႐ႊေစ်းတက္တာေတြကို ထိန္းနိုင္ဖို႔ေမွ်ာ္လင့္ထားတယ္လို႔ အဆိုပါ အစီအစဥ္ စတင္ခ်ိန္က စကစ က ေျပာဆိုထားပါတယ္။
ျမန္မာနိုင္ငံမွာ ဗဟိုဘဏ္က ၁၉၉၁ ခုႏွစ္ကတည္းကစၿပီး တစ္က်ပ္သား၊ ငါးမူးသား၊ တစ္မတ္သားစတဲ့ ေ႐ႊဒဂၤါးေတြကို ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။
Leave a Reply