အခုလို ခေတ်ကြီးထဲမှာ ရွှေထက်ရှားသွားပြီဖြစ်တဲ့ စေတနာရှင် YBS ကားပိုင်ရှင်တဦးအကြောင်း

တချိန်က ပြည်သူတွေအတွက် အလွန်အဆင်ပြေခဲ့တဲ့ YBS ယာဉ်လိုင်းတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစတစ ပျက်စီးယိုယွင်းလာခဲ့တာဟာ ငြင်းမရတဲ့ ထင်သာမြင်သာ ရှိတဲ့ အခြေအနေတခုပဲ ဖြစ်ပါတယ်။

ကားအနေအထား ချို့ယွင်းနေခြင်း၊ ခရီးသည်တွေကို ရိုင်းပျစွာ ဆက်ဆံခြင်း၊ ယာဉ်စီးခ ပိုတောင်းခြင်း စတဲ့ ကိစ္စရပ်တွေ အများအပြား ဖြစ်ပေါ်ခဲ့ပြီး ခရီးသည်များ အနေနဲ့ မကျေနပ်ချက်များကို တိုင်ကြားပေမယ့်လည်း အရေးယူမှု အားနည်းနေတာကို တွေ့ရပါတယ်။

ခရီးသည်အများစု စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ ကိစ္စရပ်ကတော့ စက်သုံးဆီဈေးကို အကြောင်းပြကာ ယာဉ်စီးခတွေကို ၁၀၀၀၊ ၇၀၀၊ ၅၀၀ စသဖြင့် ထင်သလို ကောက်ခံနေရခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူ အားလုံး စီးပွားရေး ကျပ်တည်းနေပြီး ဝင်ငွေနည်းပါးချိန် ဖြစ်တာကြောင့် ယာဉ်စီးခ ပိုမိုကောက်ခံခြင်းဟာ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ထိုသို့ အဆင်မပြေ ဖြစ်နေတဲ့ YBS လိုင်းကားတွေထဲမှာ ခရီးသွားပြည်သူတွေကို စေတနာထားတဲ့ ကားပိုင်ရှင်တချို့လည်း ရှိနေတာကို တွေ့ရပါတယ်။ ပြည်သူတွေအပေါ် စေတနာထားတဲ့ YBS 23 ယာဉ်လိုင်းက ရှားရှားပါးပါး ကားပိုင်ရှင်တဦးရဲ့ တင်ထားတဲ့ ပို့စ်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်-

“ကျွန်တော့်ကားမစီးပါနဲ့။ အောက်ပါအချက်တွေနဲ့စီးမယ်ဆိုရင်ပေါ့။ လိုင်းကားအချင်းချင်းပြိုင်မောင်းမှကျေနပ်သူများ၊ မီးပွိုင့်ကြာမယ်ဆို အနီဖြတ်မောင်းစေချင်တဲ့သူများ၊ လမ်းကြောပိတ်ရင် လမ်းပြောင်းပြန်ကျော်တက်ရှေ့ကိုအတင်းတိုးမှကျေနပ်သူများ၊ မှတ်တိုင်မှာထိုင် နောက်ကားလာမှအတင်းမောင်းပြေးမှကျေနပ်သူများ၊ အချိန်လုပြီး မြန်မြန်ရောက်ချင်သူများ ကျွန်တော့်ကားမစီးပါနဲ့။

အောက်ပါအချက်တွေနဲ့အဆင်ပြေမယ်ဆိုရင်တော့ စီးနင်းပါ။ မှတ်တိုင်ရပ်တင်ချစနစ် နှစ်သက်သူများ၊ မြန်မြန်ရောက်ဖို့ထက် အန္တရယ်ကင်းစွာရောက်ဖို့ ဆန္ဒရှိသူများ၊ မှတ်တိုင်ရောက်မှ စနစ်တကျတက်ဆင်းပြုလုပ်ချင်သူများ၊ အလုပ်အပြန် မိသားစုများနှင့် ပျော်ရွှင်စွာ ညစာအတူစားသောက်ချင်သူများ စီးနင်းနိုင်ပါသည်။” (Arkarmin Naing)

အဆိုပါ YBS 23 ကားပိုင်ရှင်အနေနဲ့ ကားသန့်ရှင်းရေးကို အထူးဂရုစိုက် ပြုလုပ်ထားပြီး ခရီးသွားပြည်သူများ စိတ်ချမ်းသာရေးကို အထူးအလေးထားတယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုဆိုတာ ဘာမှန်း မသိတော့တဲ့ ယခုလို ခေတ်ကြီးမှာ ယခုကားပိုင်ရှင်လို လူမျိုး အများအပြား လိုအပ်နေပါသေးတယ်လို့ ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

တခ်ိန္က ျပည္သူေတြအတြက္ အလြန္အဆင္ေျပခဲ့တဲ့ YBS ယာဥ္လိုင္းေတြဟာ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ တစတစ ပ်က္စီးယိုယြင္းလာခဲ့တာဟာ ျငင္းမရတဲ့ ထင္သာျမင္သာ ရွိတဲ့ အေျခအေနတခုပဲ ျဖစ္ပါတယ္။

ကားအေနအထား ခ်ိဳ႕ယြင္းေနျခင္း၊ ခရီးသည္ေတြကို ရိုင္းပ်စြာ ဆက္ဆံျခင္း၊ ယာဥ္စီးခ ပိုေတာင္းျခင္း စတဲ့ ကိစၥရပ္ေတြ အမ်ားအျပား ျဖစ္ေပၚခဲ့ၿပီး ခရီးသည္မ်ား အေနနဲ႕ မေက်နပ္ခ်က္မ်ားကို တိုင္ၾကားေပမယ့္လည္း အေရးယူမႈ အားနည္းေနတာကို ေတြ႕ရပါတယ္။

ခရီးသည္အမ်ားစု စိတ္အေႏွာင့္အယွက္ ျဖစ္ရတဲ့ ကိစၥရပ္ကေတာ့ စက္သုံးဆီေဈးကို အေၾကာင္းျပကာ ယာဥ္စီးခေတြကို ၁၀၀၀၊ ၇၀၀၊ ၅၀၀ စသျဖင့္ ထင္သလို ေကာက္ခံေနရျခင္းပဲ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ျပည္သူ အားလုံး စီးပြားေရး က်ပ္တည္းေနၿပီး ဝင္ေငြနည္းပါးခ်ိန္ ျဖစ္တာေၾကာင့္ ယာဥ္စီးခ ပိုမိုေကာက္ခံျခင္းဟာ ျပည္သူေတြအတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေစပါတယ္။

ထိုသို႔ အဆင္မေျပ ျဖစ္ေနတဲ့ YBS လိုင္းကားေတြထဲမွာ ခရီးသြားျပည္သူေတြကို ေစတနာထားတဲ့ ကားပိုင္ရွင္တခ်ိဳ႕လည္း ရွိေနတာကို ေတြ႕ရပါတယ္။ ျပည္သူေတြအေပၚ ေစတနာထားတဲ့ YBS 23 ယာဥ္လိုင္းက ရွားရွားပါးပါး ကားပိုင္ရွင္တဦးရဲ႕ တင္ထားတဲ့ ပို႔စ္ကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္-

“ကြၽန္ေတာ့္ကားမစီးပါနဲ႕။ ေအာက္ပါအခ်က္ေတြနဲ႕စီးမယ္ဆိုရင္ေပါ့။ လိုင္းကားအခ်င္းခ်င္းၿပိဳင္ေမာင္းမွေက်နပ္သူမ်ား၊ မီးပြိုင့္ၾကာမယ္ဆို အနီျဖတ္ေမာင္းေစခ်င္တဲ့သူမ်ား၊ လမ္းေၾကာပိတ္ရင္ လမ္းေျပာင္းျပန္ေက်ာ္တက္ေရွ႕ကိုအတင္းတိုးမွေက်နပ္သူမ်ား၊ မွတ္တိုင္မွာထိုင္ ေနာက္ကားလာမွအတင္းေမာင္းေျပးမွေက်နပ္သူမ်ား၊ အခ်ိန္လုၿပီး ျမန္ျမန္ေရာက္ခ်င္သူမ်ား ကြၽန္ေတာ့္ကားမစီးပါနဲ႕။

ေအာက္ပါအခ်က္ေတြနဲ႕အဆင္ေျပမယ္ဆိုရင္ေတာ့ စီးနင္းပါ။ မွတ္တိုင္ရပ္တင္ခ်စနစ္ ႏွစ္သက္သူမ်ား၊ ျမန္ျမန္ေရာက္ဖို႔ထက္ အႏၲရယ္ကင္းစြာေရာက္ဖို႔ ဆႏၵရွိသူမ်ား၊ မွတ္တိုင္ေရာက္မွ စနစ္တက်တက္ဆင္းျပဳလုပ္ခ်င္သူမ်ား၊ အလုပ္အျပန္ မိသားစုမ်ားႏွင့္ ေပ်ာ္႐ႊင္စြာ ညစာအတူစားေသာက္ခ်င္သူမ်ား စီးနင္းနိုင္ပါသည္။” (Arkarmin Naing)

အဆိုပါ YBS 23 ကားပိုင္ရွင္အေနနဲ႕ ကားသန႔္ရွင္းေရးကို အထူးဂ႐ုစိုက္ ျပဳလုပ္ထားၿပီး ခရီးသြားျပည္သူမ်ား စိတ္ခ်မ္းသာေရးကို အထူးအေလးထားတယ္လို႔ သိရပါတယ္။ ဝန္ေဆာင္မႈဆိုတာ ဘာမွန္း မသိေတာ့တဲ့ ယခုလို ေခတ္ႀကီးမွာ ယခုကားပိုင္ရွင္လို လူမ်ိဳး အမ်ားအျပား လိုအပ္ေနပါေသးတယ္လို႔ ေဖာ္ျပလိုက္ရပါတယ္ ခင္ဗ်ာ။

Be the first to comment

Leave a Reply

Your email address will not be published.


*