နျူ ကလီးယားဓာတ်အားပေးစက်ရုံ နှစ်ပိုင်းအတွင်းဆောက်မယ်လို့ စစ်ကောင်စီပြော

အသေးစား နျူ ကလီးယားဓာတ်အားပေးစက်ရုံတစ်ခု ကို ရုရှားအကူအညီနဲ့ နှစ်ပိုင်းအတွင်းတည်ဆောက်သွားမယ် လို့ စစ်ကောင်စီသတင်းထုတ်ပြန်‌ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောပါတယ်။

နျူ ကလီးယားစွမ်းအင်ကို ပြည်သူကိုအသိပေးပြီး ပူးပေါင်းဆောင်ရွက်လာဖို့ ရည်ရွယ်တဲ့ သတင်းအချက်အလက်စင်တာကို ရန်ကုန်မှာထောင်ဖို့ စီစဉ်ထားတဲ့အကြောင်း သူကပြောပါတယ်။ဒါပေမဲ့ နျူ ကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်နေရာကိုတော့ ထည့်မပြောသွားပါဘူး။

‘နျူ ကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးလုပ်ဆောင်သွားမှာဖြစ်တယ်’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပေမယ့် စစ်ကောင်စီလက်ထဲ နျူကလီး ယားစွမ်းအင်ရောက်မယ့်ကိစ္စကို ပြည်တွင်းရောပြည်ပကပါ သံသယကြီးကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။

နျူ ကလီးယားစွမ်းအင် နဲ့ပတ်သက်လို့ ပြည်သူလူထုရဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်ရရှိရေး ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို မြန်မာနဲ့ ရုရှား ဇူလိုင်လမှာ လက်မှတ်ထိုးခဲ့တာကနေ အစပြုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စက်တင်ဘာလ ရုရှားခရီးစဉ်မှာ နျူ ကလီးယား စွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့နောက် အကောင် အထည်ဖော်မှုတွေ အစပြုလာတာဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်နိုင်မယ့် အသေးစားနျူ ကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်နိုင်ရေး အစပျိုးသဘောတူညီချက်တစ်ခုကို ရုရှားနိုင်ငံပိုင် Rosatom နျူ ကလီးယားဓာတ်အားကုမ္ပဏီနဲ့ မြန်မာစစ်ကောင်စီတို့ စက်တင်ဘာ ၆ ရက်မှာ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

န်ဴ ကလီးယားဓာတ္အားေပးစက္႐ုံ ႏွစ္ပိုင္းအတြင္းေဆာက္မယ္လို႔ စစ္ေကာင္စီေျပာ

အေသးစား န်ဴ ကလီးယားဓာတ္အားေပးစက္႐ုံတစ္ခု ကို ႐ုရွားအကူအညီနဲ႕ ႏွစ္ပိုင္းအတြင္းတည္ေဆာက္သြားမယ္ လို႔ စစ္ေကာင္စီသတင္းထုတ္ျပန္‌ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မေန႕ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ထုတ္ေျပာပါတယ္။

န်ဴ ကလီးယားစြမ္းအင္ကို ျပည္သူကိုအသိေပးၿပီး ပူးေပါင္းေဆာင္႐ြက္လာဖို႔ ရည္႐ြယ္တဲ့ သတင္းအခ်က္အလက္စင္တာကို ရန္ကုန္မွာေထာင္ဖို႔ စီစဥ္ထားတဲ့အေၾကာင္း သူကေျပာပါတယ္။ဒါေပမဲ့ န်ဴ ကလီးယားဓာတ္အားေပးစက္႐ုံ တည္ေဆာက္မယ့္ေနရာကိုေတာ့ ထည့္မေျပာသြားပါဘူး။

‘န်ဴ ကလီးယားစြမ္းအင္ကို ၿငိမ္းခ်မ္းစြာအသုံးျပဳေရးလုပ္ေဆာင္သြားမွာျဖစ္တယ္’ လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာေပမယ့္ စစ္ေကာင္စီလက္ထဲ န်ဴကလီး ယားစြမ္းအင္ေရာက္မယ့္ကိစၥကို ျပည္တြင္းေရာျပည္ပကပါ သံသယႀကီးႀကီးနဲ႕ ေစာင့္ၾကည့္ေနၾကပါတယ္။

န်ဴ ကလီးယားစြမ္းအင္ နဲ႕ပတ္သက္လို႔ ျပည္သူလူထုရဲ႕ အျပဳသေဘာေဆာင္တဲ့ သေဘာထားအျမင္ရရွိေရး ပူးေပါင္းေဆာင္႐ြက္ေရးနားလည္မႈစာခြၽန္လႊာကို ျမန္မာနဲ႕ ႐ုရွား ဇူလိုင္လမွာ လက္မွတ္ထိုးခဲ့တာကေန အစျပဳခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ရဲ႕ စက္တင္ဘာလ ႐ုရွားခရီးစဥ္မွာ န်ဴ ကလီးယား စြမ္းအင္နည္းပညာ ပူးေပါင္းေဆာင္႐ြက္ေရး လုပ္ငန္းစဥ္ဆိုင္ရာ စာခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့ၾကၿပီးတဲ့ေနာက္ အေကာင္ အထည္ေဖာ္မႈေတြ အစျပဳလာတာျဖစ္ပါတယ္။

လွ်ပ္စစ္ဓာတ္အားထုတ္နိုင္မယ့္ အေသးစားန်ဴ ကလီးယားဓာတ္ေပါင္းဖိုေတြ တည္ေဆာက္နိုင္ေရး အစပ်ိဳးသေဘာတူညီခ်က္တစ္ခုကို ႐ုရွားနိုင္ငံပိုင္ Rosatom န်ဴ ကလီးယားဓာတ္အားကုမၸဏီနဲ႕ ျမန္မာစစ္ေကာင္စီတို႔ စက္တင္ဘာ ၆ ရက္မွာ လက္မွတ္ထိုးခဲ့တာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*