
စက်သုံးဆီတင်သင်္ဘောများ ရုရှားနိုင်ငံက ထွက်လာနေပြီဖြစ်သောကြောင့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ကို ရောက်ရှိမည်ဖြစ်ကြောင်း၊ ရောက်ရှိလာမယ့် စက်သုံးဆီတွေကို အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ အဓိကထားပြီး ဖြန့်ဖြူးပေးသွားမယ်လို့
စကစ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန် ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဇော်မင်းထွန်းက ပြောပါသည်။အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ ခရီးသည်တင်ကား၊ ရထားလိုင်းတွေ၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကို အဓိကထားဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။
ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်၌ ပြုလုပ်သော အကြိမ် ၂၀ မြောက် သတင်းစာရှင်း လင်းပွဲအတွင်း သတင်းမီဒီယာ၏ မေးမြန်းချက်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဖြန့်မှာကတော့ အများပြည်သူကို ဖြန့်မှာ၊ ရုရှားနိုင်ငံက ထွက်လာပါပြီ။ လမ်းခုလတ်မှာရောက်နေပါပြီ။ ဘယ်နေ့ဆိုတာရက် တိတိကျကျ မပြောတတ်ဘူး။ ရက်ပိုင်းအတွင်းရောက်မှာပါ” ဟု ဇော်မင်းထွန်းက ပြောသည်။
ရုရှားနိုင်ငံက စက်သုံးဆီတွေ စက်တင်ဘာလအတွင်း ရောက်ရှိမယ်လို့ စကစ က ပြောထားပြီး ဘယ်လောက်ပမာဏ မှာယူထားတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံကနေ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာများကိုလည်း တင်သွင်းသွားဖို့ နားလ ည်မှုစာချွန်လွှာလက်မှတ်ထိုးခဲ့ပြီး ဆက်လက်ဆောင် ရွက်သွားမယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။
စကစ အနေဖြင့် ရုရှားက ပထမအသုတ်ရောက်လာမည့် စက်သုံးဆီမှာ တန်ချိန် ၁၅,၀၀၀ ဆံ့ သင်္ဘာ (၂) စီး ဖြစ်၍ စုစုပေါင်း စက်သုံးဆီတန်ချိန် ၃ သောင်းဖြစ် ကြောင်း၊ ရုရှားစက်သုံးဆီများရောက်လာပါက ဈေးနှုန်းမှာ စင်ကာပူကသွင်းနေသော ဈေးနှုန်းထက်လျော့မည်ဖြစ်၍ ပြည်တွင်း စက်သုံးဆီဈေး ကျဆင်းနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် လဆန်းပိုင်းက ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မ တီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ် (၁၂၇/ ၂၀၂၂) ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည်။
“ရုရှားနိုင်ငံကတော့ ရေနံမူရင်းထွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ မူရင်းထွက်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ နံပါတ် (၁) က ဈေးနှုန်းသက်သာရမယ်။ နံပါတ် (၂) က အရည် အသွေး ပြည့်မီပြီးတော့ လျင်လျင်မြန်မြန်ရနိုင်ရမယ်။ ဒီအချက်နှစ်ချက်အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောကြားခဲ့သေးသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
စက္သုံးဆီတင္သေဘၤာမ်ား ႐ုရွားနိုင္ငံက ထြက္လာေနၿပီျဖစ္ေသာေၾကာင့္ ရက္ပိုင္းအတြင္း ရန္ကုန္ၿမိဳ႕ကို ေရာက္ရွိမည္ျဖစ္ေၾကာင္း၊ ေရာက္ရွိလာမယ့္ စက္သုံးဆီေတြကို အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြနဲ႕ သက္ဆိုင္တဲ့ လုပ္ငန္းေတြမွာ အဓိကထားၿပီး ျဖန႔္ျဖဴးေပးသြားမယ္လို႔
စကစ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ျပန္ ၾကားေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ေဇာ္မင္းထြန္းက ေျပာပါသည္။အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြျဖစ္တဲ့ ခရီးသည္တင္ကား၊ ရထားလိုင္းေတြ၊ ကုန္စည္ကူးသန္းေရာင္းဝယ္ေရးလုပ္ငန္းနဲ႕ သက္ဆိုင္တဲ့လုပ္ငန္းေတြကို အဓိကထားျဖန႔္ျဖဴးေပးသြားမယ္လို႔ ဆိုပါတယ္။
ယမန္ေန႕ စက္တင္ဘာလ ၂၀ ရက္က ေနျပည္ေတာ္၌ ျပဳလုပ္ေသာ အႀကိမ္ ၂၀ ေျမာက္ သတင္းစာရွင္း လင္းပြဲအတြင္း သတင္းမီဒီယာ၏ ေမးျမန္းခ်က္အေပၚ ယင္းက အထက္ပါအတိုင္း ေျပာၾကားလိုက္ျခင္း ျဖစ္သည္။
“ျဖန႔္မွာကေတာ့ အမ်ားျပည္သူကို ျဖန႔္မွာ၊ ႐ုရွားနိုင္ငံက ထြက္လာပါၿပီ။ လမ္းခုလတ္မွာေရာက္ေနပါၿပီ။ ဘယ္ေန႕ဆိုတာရက္ တိတိက်က် မေျပာတတ္ဘူး။ ရက္ပိုင္းအတြင္းေရာက္မွာပါ” ဟု ေဇာ္မင္းထြန္းက ေျပာသည္။
႐ုရွားနိုင္ငံက စက္သုံးဆီေတြ စက္တင္ဘာလအတြင္း ေရာက္ရွိမယ္လို႔ စကစ က ေျပာထားၿပီး ဘယ္ေလာက္ပမာဏ မွာယူထားတယ္ဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ ဒါ့အျပင္ ႐ုရွားနိုင္ငံကေန စိုက္ပ်ိဳးေရးသုံး ဓာတ္ေျမဩဇာမ်ားကိုလည္း တင္သြင္းသြားဖို႔ နားလ ည္မႈစာခြၽန္လႊာလက္မွတ္ထိုးခဲ့ၿပီး ဆက္လက္ေဆာင္ ႐ြက္သြားမယ္လို႔ ေဇာ္မင္းထြန္းက ေျပာပါတယ္။
စကစ အေနျဖင့္ ႐ုရွားက ပထမအသုတ္ေရာက္လာမည့္ စက္သုံးဆီမွာ တန္ခ်ိန္ ၁၅,၀၀၀ ဆံ့ သဘၤာ (၂) စီး ျဖစ္၍ စုစုေပါင္း စက္သုံးဆီတန္ခ်ိန္ ၃ ေသာင္းျဖစ္ ေၾကာင္း၊ ႐ုရွားစက္သုံးဆီမ်ားေရာက္လာပါက ေဈးႏႈန္းမွာ စင္ကာပူကသြင္းေနေသာ ေဈးႏႈန္းထက္ေလ်ာ့မည္ျဖစ္၍ ျပည္တြင္း စက္သုံးဆီေဈး က်ဆင္းနိုင္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၾသဂုတ္ လဆန္းပိုင္းက ႐ုရွားနိုင္ငံမွ စက္သုံးဆီဝယ္ယူသိုေလွာင္ျဖန႔္ျဖဴးေရး ဦးေဆာင္ေကာ္မ တီကို နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက အမိန႔္ေၾကာ္ျငာစာအမွတ္ (၁၂၇/ ၂၀၂၂) ျဖင့္ ဖြဲ႕စည္းထားၿပီး ျဖစ္သည္။
“႐ုရွားနိုင္ငံကေတာ့ ေရနံမူရင္းထြက္တဲ့ နိုင္ငံျဖစ္ပါတယ္။ မူရင္းထြက္တဲ့နိုင္ငံျဖစ္တဲ့အတြက္ေၾကာင့္မိုလို႔ ကြၽန္ေတာ္တို႔အေနနဲ႕ လုပ္ေဆာင္တဲ့ေနရာမွာ နံပါတ္ (၁) က ေဈးႏႈန္းသက္သာရမယ္။ နံပါတ္ (၂) က အရည္ အေသြး ျပည့္မီၿပီးေတာ့ လ်င္လ်င္ျမန္ျမန္ရနိုင္ရမယ္။ ဒီအခ်က္ႏွစ္ခ်က္အေပၚမွာ မူတည္ၿပီး ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါတယ္” ဟု ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ေသးသည္။
Leave a Reply