မိုလ်ဘိုင်းငွေချေစနစ် စစ်ကောင်စီတင်းကြပ်လာပြီးနောက် အသုံးပြုသူအချို့ KBZ pay Wave Money/ Wave Pay ဖြင့်ငွေချေမှုများ ရပ်နားလာကြ

မိုလ်ဘိုင်းငွေကြေး သုံးစွဲသူများ အချက်အလက် မှန်ကန်စွာ ဖြည့်သွင်းမထားပါက ပိတ်သိမ်းသွားမယ်လို့ စစ်ကောင်စီဘက်က ကြေညာချက် ထွက်ပြီးနောက် အွန်လိုင်းဈေးရောင်းလုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ စီးပွား ရေးလုပ်ငန်း လုပ်ကိုင်နေသူအချို့က KBZpay၊ Wave Money/ Wave pay များနဲ့ ငွေပေးချေမူများကို ရပ်နားထားတယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အသုံးပြုမှုများတဲ့ KBZ Pay အသုံးပြုသူအချို့ရဲ့ အကောင့်တွေဟာ ယခုလ ၁၉ ရက် ကစပြီး အပိတ်ခံထားရတာတွေရှိခဲ့ပါတယ်။

” ကျမတို့ဆိုင်က အွန်လိုင်းနဲ့ ဆိုင်မှာပါ K pay၊ Wave pay လက်မခံတော့ဘူး။ မနေ့က ဆိုင်က အသုံးပြုနေတဲ့ အကောင့်တစ်ခု သုံးမရတော့ဘူး။ Update လုပ်ထားပြီးသားကို အပိတ်ခံရတယ်။ ဘဏ်ကို မေးတော့လည်း ကြည့်ပေးမယ်ဆိုပြီး ပြောလာတယ်။ဈေးရောင်းတဲ့ အကောင့်မို့ ငွေက အဝင်အထွက် များနေတာလေ။ ဒီလိုပိတ်ခံ ရတော့ နစ်နာတာပေါ့ “လို့ အွန်လိုင်းရှော့ပင်း လုပ်ကိုင်နေသူ အမျိုးသမီးက ပြောပါတယ်။

လတ်တလော အပိတ်ခံရတဲ့ KBZ Pay အကောင့်များမှာ Level 2 အဆင့် အထိ မြင့်တင်ထားပြီး၊ Sim Card အမည်ပေါက်၊ မှတ်ပုံတင် အမည်ပေါက်များ ပါဝင်နေတာကြောင့် K payနဲ့ ပေးချေမှုတွေ မပြုလုပ်ဖို့ အွန်လိုင်းရှော့ပင်း ရောင်းချသူ အချို့က သူတို့ရဲ့ ဖေ့ဘွတ်စ်ပေ့ချ်တွေကနေတဆင့် အသိပေးထားကြပါတယ်။

” ဘယ်ဒီဂျစ်တယ် pay ကမှ စိတ်မချရလို့ ဘဏ်အကောင့်တွေကနေပဲ လွှဲဖို့နဲ့ ငွေသားပေးချေဖို့ ပေ့ချ်မှာ ကြေညာထားရတယ်။ ဆိုင်မှာ လာဝယ်သူတွေကိုလည်း ငွေသားနဲ့ဝယ်ဖို့ တောင်းပန်ရတယ်။ အပိတ်ခံရရင် ပြန်ရဖို့က မသေချာတော့ လတ်တလော K payနဲ့ Wave pay ရပ်ထားရတယ်”လို့ စားသာက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မိုလ်ဘိုင်းငွေကြေး သုံးစွဲသူတွေအနေနဲ့ အချက်အလက် မှန်ကန်စွာ ဖြည့်သွင်းမထားပါက ပိတ်သိမ်းသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က စက်တင် ဘာလ ၁၆ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မိုလ်ဘိုင်းငွေကြေး သုံးစွဲသူတွေရဲ့ ငွေကြေးစာရင်းမှာ ဖြည့်သွင်းထားတဲ့ ကိုယ်ရေးအချက်အလက်များနဲ့ ဖုန်းနံပါတ် များကို လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့က အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်ကစပြီး KBZ pay အသုံးပြုသူတွေဟာ သူတို့အကောင့်ထဲက ငွေထုတ်တာ၊ ဘဏ်အကောင့်ထဲ ပြောင်းထည့်တာတွေ ပြုလုပ်နေပြီး၊ အပိတ်ခံထားရသူတွေကလဲ KBZ pay အသုံးပြုမှုတွေ ရပ်ထားဖို့ အချင်းချင်း အသိပေးတာတွေ ပြုလုပ်နေကြပါတယ်။

Burma Associated Press

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မိုလ္ဘိုင္းေငြေခ်စနစ္ စစ္ေကာင္စီတင္းၾကပ္လာၿပီးေနာက္ အသုံးျပဳသူအခ်ိဳ႕ KBZ pay Wave Money/ Wave Pay ျဖင့္ေငြေခ်မႈမ်ား ရပ္နားလာၾက

မိုလ္ဘိုင္းေငြေၾကး သုံးစြဲသူမ်ား အခ်က္အလက္ မွန္ကန္စြာ ျဖည့္သြင္းမထားပါက ပိတ္သိမ္းသြားမယ္လို႔ စစ္ေကာင္စီဘက္က ေၾကညာခ်က္ ထြက္ၿပီးေနာက္ အြန္လိုင္းေဈးေရာင္းလုပ္ငန္းလုပ္ကိုင္ေနသူေတြနဲ႕ စီးပြား ေရးလုပ္ငန္း လုပ္ကိုင္ေနသူအခ်ိဳ႕က KBZpay၊ Wave Money/ Wave pay မ်ားနဲ႕ ေငြေပးေခ်မဴမ်ားကို ရပ္နားထားတယ္လို႔ သိရပါတယ္။

လက္ရွိ ျမန္မာနိုင္ငံမွာ အသုံးျပဳမႈမ်ားတဲ့ KBZ Pay အသုံးျပဳသူအခ်ိဳ႕ရဲ႕ အေကာင့္ေတြဟာ ယခုလ ၁၉ ရက္ ကစၿပီး အပိတ္ခံထားရတာေတြရွိခဲ့ပါတယ္။

” က်မတို႔ဆိုင္က အြန္လိုင္းနဲ႕ ဆိုင္မွာပါ K pay၊ Wave pay လက္မခံေတာ့ဘူး။ မေန႕က ဆိုင္က အသုံးျပဳေနတဲ့ အေကာင့္တစ္ခု သုံးမရေတာ့ဘူး။ Update လုပ္ထားၿပီးသားကို အပိတ္ခံရတယ္။ ဘဏ္ကို ေမးေတာ့လည္း ၾကည့္ေပးမယ္ဆိုၿပီး ေျပာလာတယ္။ေစ်းေရာင္းတဲ့ အေကာင့္မို႔ ေငြက အ၀င္အထြက္ မ်ားေနတာေလ။ ဒီလိုပိတ္ခံ ရေတာ့ နစ္နာတာေပါ့ “လို႔ အြန္လိုင္းေရွာ့ပင္း လုပ္ကိုင္ေနသူ အမ်ိဳးသမီးက ေျပာပါတယ္။

လတ္တေလာ အပိတ္ခံရတဲ့ KBZ Pay အေကာင့္မ်ားမွာ Level 2 အဆင့္ အထိ ျမင့္တင္ထားၿပီး၊ Sim Card အမည္ေပါက္၊ မွတ္ပုံတင္ အမည္ေပါက္မ်ား ပါ၀င္ေနတာေၾကာင့္ K payနဲ႕ ေပးေခ်မႈေတြ မျပဳလုပ္ဖို႔ အြန္လိုင္းေရွာ့ပင္း ေရာင္းခ်သဴ အခ်ိဳ႕က သူတို႔ရဲ႕ ေဖ့ဘြတ္စ္ေပ့ခ်္ေတြကေနတဆင့္ အသိေပးထားၾကပါတယ္။

” ဘယ္ဒီဂ်စ္တယ္ pay ကမွ စိတ္မခ်ရလို႔ ဘဏ္အေကာင့္ေတြကေနပဲ လႊဲဖို႔နဲ႕ ေငြသားေပးေခ်ဖိဳ႕ ေပ့ခ်္မွာ ေၾကညာထားရတယ္။ ဆိုင္မွာ လာဝယ္သူေတြကိုလည္း ေငြသားနဲ႕ဝယ္ဖို႔ ေတာင္းပန္ရတယ္။ အပိတ္ခံရရင္ ျပန္ရဖို႔က မေသခ်ာေတာ့ လတ္တေလာ K payနဲ႕ Wave pay ရပ္ထားရတယ္”လို႔ စားသာက္ဆိုင္ပိုင္ရွင္တစ္ဦးက ေျပာပါတယ္။

မိုလ္ဘိုင္းေငြေၾကး သုံးစြဲသူေတြအေနနဲ႕ အခ်က္အလက္ မွန္ကန္စြာ ျဖည့္သြင္းမထားပါက ပိတ္သိမ္းသြားမယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္က စက္တင္ ဘာလ ၁၆ရက္ ရက္စြဲနဲ႕ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

မိုလ္ဘိုင္းေငြေၾကး သုံးစြဲသူေတြရဲ႕ ေငြေၾကးစာရင္းမွာ ျဖည့္သြင္းထားတဲ့ ကိုယ္ေရးအခ်က္အလက္မ်ားနဲ႕ ဖုန္းနံပါတ္ မ်ားကို လူဝင္မႈႀကီးၾကပ္ေရး၊ ျပည္သူ႕အင္အားဝန္ႀကီးဌာနနဲ႕ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနတို႔က အခ်က္အလက္ေတြနဲ႕ တိုက္ဆိုင္စစ္ေဆးသြားမယ္လို႔ စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္က ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

စက္တင္ဘာလ ၂၀ ရက္ကစၿပီး KBZ pay အသုံးျပဳသူေတြဟာ သူတို႔အေကာင့္ထဲက ေငြထုတ္တာ၊ ဘဏ္အေကာင့္ထဲ ေျပာင္းထည့္တာေတြ ျပဳလုပ္ေနၿပီး၊ အပိတ္ခံထားရသူေတြကလဲ KBZ pay အသုံးျပဳမႈေတြ ရပ္ထားဖို႔ အခ်င္းခ်င္း အသိေပးတာေတြ ျပဳလုပ္ေနၾကပါတယ္။

Burma Associated Press

Be the first to comment

Leave a Reply

Your email address will not be published.


*