မဘသနှင့် အမျိုးသားရေး အစွန်းရောက်များ၏ ခေါင်းကိုင်ဖခင်ကြီး ခင်ရီ ကြံ့ဖွတ်‌ ခေတ္တဥက္ကဋ္ဌ ဖြစ်လာ၊ မင်းအောင်လှိုင်စီမံမှု ကြံ့ဖွတ်ပါတီက လက်ခံလိုက်ဟုဆို

မဘသနှင့် အမျိုးသားရေး အစွန်းရောက်များကို နောက် ကွယ်မှ ကြိုးကိုင် ခြယ် လှယ် သူ ခင်ရီသည် ကြံ့ဖွတ်ပါတီခေတ္တ ဥက္ကဋ္ဌ ဖြစ်လာပြီး လက်ရှိ ကြံ့ဖွတ်ဥက္ကဋ္ဌ သန်းဌေးမှာ ကျန်းမာရေး အကြောင်းပြ၍ အနားယူသွားကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ နေပြည်တော်တွင် အဖွဲ့ဝင် ၄၀ ကျော်ပါဝင်သော ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှု ဆောင် ကော် မတီအစည်းအဝေး ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် သန်းဌေးက ၎င်းအနေဖြင့် ပါတီမှ ရက်ပေါင်း ၂၀ ကျော်ကင်းကွာပြီး

ပြင်းထန်သော ခွဲစိတ်ကုသမှု ခံယူထားကြောင်း၊ ထို့ကြောင် ပါတီဥက္ကဋ္ဌ တာဝန်များကို ဒုတိယဥက္ကဋ္ဌ ခင်ရီကို လွှဲပြောင်းပေးအပ်ကြောင်း တရားဝင် အသိပေး တင်ပြခဲ့ကြောင်း သိရှိရသည်။

“တကယ်တော့ ဦးသန်းဌေး အနားမယ်ဆိုရင် ဒုတိယဥက္ကဋ္ဌ ၁ ဖြစ်တဲ့ ဦးမြတ်ဟိန်းက တာဝန်ယူရမှာဖြစ်ပါတယ်။ အခု ဒုတိယဥက္ကဋ္ဌ ၂ ဖြစ်တဲ့ ဦးခင်ရီကို ဥက္ကဋ္ဌပေးလိုက်တာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့အတိုင်း ပါတီက လုပ်ပေးလိုက်ရတဲ့သဘောရှိပါတယ်။

ဒါကြောင့်လည်း ဦးခင်ရီကို ဝန်ကြီးရာထူးက အနား ပေး‌ပြီး မကြာခင် ပါတီဥက္ကဋ္ဌ ရာထူး ယူလိမ့်မယ်လို့ ဆိုတဲ့ ခန့်မှန်းချက်တွေ အကုန်မှန်တယ်ပေါ့ ။ အခုကတော့ တင်းမာမှုမရှိဘဲ ပါတီမှာ အာဏာသိမ်းတာပါပဲ။ ဦးခင်ရီ ဥက္ကဋ္ဌဖြစ်လာတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ အကြံ အစည်ကို ပါတီ ဗဟိုအလုပ်အမှုဆောင်တွေရော ဦးသန်းဌေးကပါ လက်ခံလိုက်တာပါ”ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

များမကြာမီ ကြံ့ဖွတ်ပါတီ၏ ညီလာခံ ခေါ်ယူမည်ဖြစ်ပြီး စစ်ကောင်စီက ကျင်း ပ ပေးမည့် ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ ပါတီညီလာခံတွင် လက်ရှိ ခေတ္တ ဥက္ကဋ္ဌ ခင်ရီကို ပါတီဥက္ကဋ္ဌ အဖြစ် အတည်ပြုပြီး မင်းအောင် လှိုင်အပါအဝင် ဗိုလ်ချုပ်များ ပါတီဘက်သို့ ကူးပြောင်းလာဖွယ်ရှိနေကြောင်း သိရှိရသည်။

ဩဂုတ်လတွင် မင်းအောင်လှိုင်က ကြံ့ဖွတ်ပါတီ ဒုတိယဥက္ကဋ္ဌ ခင်ရီကို လူဝင် မှုကြီးကြပ်ရေး ဝန်ကြီး ရာထူးမှ ရုတ်တ ရက် အနားပေးလိုက်ချိန်ကတည်းက ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် ခင်ရီ ရယူလိမ့်မည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံး သပ် ခဲ့ရာမှ ယခုနောက်ဆုံး ခင်ရီ အမှန်တကယ်ပင် ဥက္ကဋ္ဌဖြစ်လာခြင်းဖြစ် သည်။

လက်ရှိ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီသည် မဘသ အမျိုး သားရေး အစွန်းရောက်လှုပ်ရှားမှုများ၊ စစ်တပ်ထော က်ခံပွဲများကို ငွေကြေးထောက်ပံ့ပြီး တရားလွှတ် တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုတွင်လည်း နောက်ကွယ်မှ ငွေကြေးပံ့ပိုးခြင်းဖြင့် ပါဝင်ပတ်သက်နေကြောင်း မဘသသတင်းရပ်ကွက်များထံမှ သိရှိရသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မဘသႏွင့္ အမ်ိဳးသားေရး အစြန္းေရာက္မ်ား၏ ေခါင္းကိုင္ဖခင္ႀကီး ခင္ရီ ႀကံ့ဖြတ္‌ ေခတၱဥကၠ႒ ျဖစ္လာ၊ မင္းေအာင္လွိုင္စီမံမႈ ႀကံ့ဖြတ္ပါတီက လက္ခံလိုက္ဟုဆို

မဘသႏွင့္ အမ်ိဳးသားေရး အစြန္းေရာက္မ်ားကို ေနာက္ ကြယ္မွ ႀကိဳးကိုင္ ျခယ္ လွယ္ သူ ခင္ရီသည္ ႀကံ့ဖြတ္ပါတီေခတၱ ဥကၠ႒ ျဖစ္လာၿပီး လက္ရွိ ႀကံ့ဖြတ္ဥကၠ႒ သန္းေဌးမွာ က်န္းမာေရး အေၾကာင္းျပ၍ အနားယူသြားေၾကာင္း သိရွိရသည္။

စက္တင္ဘာလ ၁၂ ရက္ေန႕မွ စက္တင္ဘာလ ၁၄ ရက္ေန႕အထိ ေနျပည္ေတာ္တြင္ အဖြဲ႕ဝင္ ၄၀ ေက်ာ္ပါဝင္ေသာ ႀကံ့ဖြတ္ပါတီ၏ ဗဟိုအလုပ္အမႈ ေဆာင္ ေကာ္ မတီအစည္းအေဝး က်င္းပခဲ့ၿပီး ယင္းအစည္းအေဝးတြင္ သန္းေဌးက ၎အေနျဖင့္ ပါတီမွ ရက္ေပါင္း ၂၀ ေက်ာ္ကင္းကြာၿပီး

ျပင္းထန္ေသာ ခြဲစိတ္ကုသမႈ ခံယူထားေၾကာင္း၊ ထို႔ေၾကာင္ ပါတီဥကၠ႒ တာဝန္မ်ားကို ဒုတိယဥကၠ႒ ခင္ရီကို လႊဲေျပာင္းေပးအပ္ေၾကာင္း တရားဝင္ အသိေပး တင္ျပခဲ့ေၾကာင္း သိရွိရသည္။

“တကယ္ေတာ့ ဦးသန္းေဌး အနားမယ္ဆိုရင္ ဒုတိယဥကၠ႒ ၁ ျဖစ္တဲ့ ဦးျမတ္ဟိန္းက တာဝန္ယူရမွာျဖစ္ပါတယ္။ အခု ဒုတိယဥကၠ႒ ၂ ျဖစ္တဲ့ ဦးခင္ရီကို ဥကၠ႒ေပးလိုက္တာက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ေျပာတဲ့အတိုင္း ပါတီက လုပ္ေပးလိုက္ရတဲ့သေဘာရွိပါတယ္။

ဒါေၾကာင့္လည္း ဦးခင္ရီကို ဝန္ႀကီးရာထူးက အနား ေပး‌ၿပီး မၾကာခင္ ပါတီဥကၠ႒ ရာထူး ယူလိမ့္မယ္လို႔ ဆိုတဲ့ ခန႔္မွန္းခ်က္ေတြ အကုန္မွန္တယ္ေပါ့ ။ အခုကေတာ့ တင္းမာမႈမရွိဘဲ ပါတီမွာ အာဏာသိမ္းတာပါပဲ။ ဦးခင္ရီ ဥကၠ႒ျဖစ္လာတာက ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လွိုင္ရဲ႕ အႀကံ အစည္ကို ပါတီ ဗဟိုအလုပ္အမႈေဆာင္ေတြေရာ ဦးသန္းေဌးကပါ လက္ခံလိုက္တာပါ”ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာသည္။

မ်ားမၾကာမီ ႀကံ့ဖြတ္ပါတီ၏ ညီလာခံ ေခၚယူမည္ျဖစ္ၿပီး စစ္ေကာင္စီက က်င္း ပ ေပးမည့္ ေ႐ြးေကာက္ပြဲေအာင္နိုင္ေရး အတြက္ စတင္ေဆာင္႐ြက္ေတာ့မည္ျဖစ္ေၾကာင္း၊ ပါတီညီလာခံတြင္ လက္ရွိ ေခတၱ ဥကၠ႒ ခင္ရီကို ပါတီဥကၠ႒ အျဖစ္ အတည္ျပဳၿပီး မင္းေအာင္ လွိုင္အပါအဝင္ ဗိုလ္ခ်ဳပ္မ်ား ပါတီဘက္သို႔ ကူးေျပာင္းလာဖြယ္ရွိေနေၾကာင္း သိရွိရသည္။

ဩဂုတ္လတြင္ မင္းေအာင္လွိုင္က ႀကံ့ဖြတ္ပါတီ ဒုတိယဥကၠ႒ ခင္ရီကို လူဝင္ မႈႀကီးၾကပ္ေရး ဝန္ႀကီး ရာထူးမွ ႐ုတ္တ ရက္ အနားေပးလိုက္ခ်ိန္ကတည္းက ႀကံ့ဖြတ္ပါတီဥကၠ႒ အျဖစ္ ခင္ရီ ရယူလိမ့္မည္ဟု နိုင္ငံေရးအသိုင္းအဝိုင္းက သုံး သပ္ ခဲ့ရာမွ ယခုေနာက္ဆုံး ခင္ရီ အမွန္တကယ္ပင္ ဥကၠ႒ျဖစ္လာျခင္းျဖစ္ သည္။

လက္ရွိ ႀကံ့ဖြတ္ပါတီဥကၠ႒ ခင္ရီသည္ မဘသ အမ်ိဳး သားေရး အစြန္းေရာက္လႈပ္ရွားမႈမ်ား၊ စစ္တပ္ေထာ က္ခံပြဲမ်ားကို ေငြေၾကးေထာက္ပံ့ၿပီး တရားလႊတ္ ေတာ္ေရွ႕ေန ဦးကိုနီ အသတ္ခံရမႈတြင္လည္း ေနာက္ကြယ္မွ ေငြေၾကးပံ့ပိုးျခင္းျဖင့္ ပါဝင္ပတ္သက္ေနေၾကာင္း မဘသသတင္းရပ္ကြက္မ်ားထံမွ သိရွိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*