အသက် ၁၀ နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင် မလုပ်ပါက အရေးယူမယ်လို့ လ.ဝ.က သတိပေး

အသက် ၁၀ နှစ်ပြည်ပြီးသူတိုင်း မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပြီး မပြုလုပ်သူတွေကို ဥပဒေအရ အရေးယူမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးထုတ်ပြန်​လိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-D Biographic Registration Software နည်ပညာနဲ့ နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူနဲ့ အခြားအသိအမှတ်ပြု ကဒ်တမျိုးမျိုးကိုင်ဆောင်သူ ၅၂ သန်းကျော် စာရင်းသွင်းပြီးဖြစ်လို့ သတ်မှတ်ကာလအတွင်း မှတ်ပုံတင် ကဒ်နဲ့ အခြားအသိအမှတ်ပြုကတ်၊

ပုံစံ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်း ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းကို နီးစပ်ရာမြို့နယ် လဝက ရုံးကို သွားရောက်ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနဲ့အညီ အရေး ယူဆောင်ရွက်သွားမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနာက အသိပေးထားပါတယ်။

” ဟိုအရင်ကလို စာသင်ကျောင်းတွေမှာ လာပြီး သူတို့လုပ်ပေးရမှာ ၊သူတို့ဆီ သွားလုပ်ရမယ်ဆိုရင်တော့ အဆင်မပြေဘူး ။တနေ့လုပ်မှ တနေ့စားရတဲ့ဘဝတွေဆိုတော့ အလုပ်တရက်ပျက်ရင် စားဖို့မလွယ်ဘူး။ “လို့ အသက် ၁၃ နှစ်အရွယ် ကျောင်းသားမိဘတဦးကပြောပါတယ်။

အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ထားပြီးသူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ အသ က်အပိုင်းအခြားအလိုက် မှတ်ပုံတင်ကဒ်ကို ပြန်လည်လဲလှယ်ခြင်း ၊ အချက်အလက် ကွဲလွဲတာ ရှိရင်လည်း ပြင်ဆင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင်ကဒ်ပြုလုပ်ထားသူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားအတိုင်း ကဒ်အသစ် ပြန်လည်လဲလှယ်ဖို့ လိုအပ်ကြောင်း၊မှတ်ပုံတင်ကဒ်ပါ အချက်အလက် ကွဲလွဲမှုရှိပါကလည်း သက်ဆိုင်ရာမြို့နယ် လဝကရုံးမှာ ပြင်ဆင်ရမယ်လို့သိရပါတယ်။

အခုလိုမှတ်ပုံတင်လုပ်ခိုင်းတဲ့အပေါ် ၁၁ နှစ် အရွယ် ကလေးမိဘတဦးက ” လွယ်တာကိုခက်အောင်လုပ်နေတာ၊တကယ်သာ ကလေးတွေကို မှတ်ပုံတင်လုပ်ပေးချင်ရင် စာသင်ကျောင်းတွေမှာ သူတို့လာလုပ်ပေးရင် ပိုအဆင်ပြေတာပဲ၊ကလေးတွေလည်းအဆင်ပြေ၊ မိဘတွေလည်း ဒုက္ခမများတော့ဘူး။ မှတ်ပုံတင်ရုံးကလည်း ကဒ်တခါလုပ်ရင် ၆ လအနည်းဆုံးကြာတယ် အရင်ထဲကကြာတာ ၊ နောက်ပြီး အခုကာလ စားဝတ်နေရေးလုပ်နေရတာနဲ့ အဲ့ဒီကိစ္စတွေ အချိန်မပေးနိုင်ဘူး”လို့ ပြောပါတယ်။

မှတ်ပုံတင် ၁ ခုထက်ပိုပြီး လက်ဝယ်ကိုင်ဆောင် ထားပါကလည်း သက်ဆိုင်ရာမြို့နယ်လဝကရုံးကို အပ်နှံရမှာဖြစ်ပြီး ကဒ်အပိုကို မအပ်နှံပါက နောက်ဆုံးထုတ်ယူခဲ့တဲ့ ကဒ်ကိုသာ အတည်ပြုပြီး ကဒ်အဟောင်းကို ပယ်ဖျက်စာရင်းသွင်းမယ်လို့သိရပါတယ်။

ဒါ့အပြင် အိမ်ထာင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆ (အထစ)မရှိသေးသူတွေအနေနဲ့လည်း မြို့နယ် လဝကရုံးတွေမှာ လုပ်ဆောင်နိုင်တယ်လို့သိရပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

အသက္ ၁၀ ႏွစ္ျပည့္ၿပီးသူတိုင္း မွတ္ပုံတင္ မလုပ္ပါက အေရးယူမယ္လို႔ လ.ဝ.က သတိေပး

အသက္ ၁၀ ႏွစ္ျပည္ၿပီးသူတိုင္း မွတ္ပုံတင္ျပဳလုပ္ရမွာျဖစ္ၿပီး မျပဳလုပ္သူေတြကို ဥပေဒအရ အေရးယူမယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႕ျပည္သူ႕အင္အားဝန္ႀကီးဌာနက အသိေပးထုတ္ျပန္​လိုက္ပါတယ္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာနမွ e-D Biographic Registration Software နည္ပညာနဲ႕ နိုင္ငံသား၊ဧည့္နိုင္ငံသား၊နိုင္ငံသားျပဳခြင့္ရသူနဲ႕ အျခားအသိအမွတ္ျပဳ ကဒ္တမ်ိဳးမ်ိဳးကိုင္ေဆာင္သူ ၅၂ သန္းေက်ာ္ စာရင္းသြင္းၿပီးျဖစ္လို႔ သတ္မွတ္ကာလအတြင္း မွတ္ပုံတင္ ကဒ္နဲ႕ အျခားအသိအမွတ္ျပဳကတ္၊

ပုံစံ၆၆/၆ အိမ္ေထာင္စု လူဦးေရစာရင္း ကြဲလြဲျခင္း၊ အပိုကိုင္ေဆာင္ျခင္းကို နီးစပ္ရာၿမိဳ႕နယ္ လဝက ႐ုံးကို သြားေရာက္ေျဖရွင္းေဆာင္႐ြက္ဖို႔ လိုအပ္ေၾကာင္း သတ္မွတ္ကာလေက်ာ္လြန္ပါက ဥပေဒနဲ႕အညီ အေရး ယူေဆာင္႐ြက္သြားမယ္လို႔ ဆက္သြယ္ေရးဝန္ႀကီးဌာနာက အသိေပးထားပါတယ္။

” ဟိုအရင္ကလို စာသင္ေက်ာင္းေတြမွာ လာၿပီး သူတို႔လုပ္ေပးရမွာ ၊သူတို႔ဆီ သြားလုပ္ရမယ္ဆိုရင္ေတာ့ အဆင္မေျပဘူး ။တေန႕လုပ္မွ တေန႕စားရတဲ့ဘဝေတြဆိုေတာ့ အလုပ္တရက္ပ်က္ရင္ စားဖို႔မလြယ္ဘူး။ “လို႔ အသက္ ၁၃ ႏွစ္အ႐ြယ္ ေက်ာင္းသားမိဘတဦးကေျပာပါတယ္။

အသက္ ၁၀ ႏွစ္ျပည့္ နိုင္ငံသားစိစစ္ေရးကတ္ ျပဳလုပ္ထားၿပီးသူေတြအေနနဲ႕လည္း သတ္မွတ္ထားတဲ့ အသ က္အပိုင္းအျခားအလိုက္ မွတ္ပုံတင္ကဒ္ကို ျပန္လည္လဲလွယ္ျခင္း ၊ အခ်က္အလက္ ကြဲလြဲတာ ရွိရင္လည္း ျပင္ဆင္ဖို႔ လိုအပ္တယ္လို႔ သိရပါတယ္။

အသက္ ၁၀ ႏွစ္ျပည့္ မွတ္ပုံတင္ကဒ္ျပဳလုပ္ထားသူေတြအေနနဲ႕လည္း သတ္မွတ္ထားတဲ့ အသက္အပိုင္းအျခားအတိုင္း ကဒ္အသစ္ ျပန္လည္လဲလွယ္ဖို႔ လိုအပ္ေၾကာင္း၊မွတ္ပုံတင္ကဒ္ပါ အခ်က္အလက္ ကြဲလြဲမႈရွိပါကလည္း သက္ဆိုင္ရာၿမိဳ႕နယ္ လဝက႐ုံးမွာ ျပင္ဆင္ရမယ္လို႔သိရပါတယ္။

အခုလိုမွတ္ပုံတင္လုပ္ခိုင္းတဲ့အေပၚ ၁၁ ႏွစ္ အ႐ြယ္ ကေလးမိဘတဦးက ” လြယ္တာကိုခက္ေအာင္လုပ္ေနတာ၊တကယ္သာ ကေလးေတြကို မွတ္ပုံတင္လုပ္ေပးခ်င္ရင္ စာသင္ေက်ာင္းေတြမွာ သူတို႔လာလုပ္ေပးရင္ ပိုအဆင္ေျပတာပဲ၊ကေလးေတြလည္းအဆင္ေျပ၊ မိဘေတြလည္း ဒုကၡမမ်ားေတာ့ဘူး။ မွတ္ပုံတင္႐ုံးကလည္း ကဒ္တခါလုပ္ရင္ ၆ လအနည္းဆုံးၾကာတယ္ အရင္ထဲကၾကာတာ ၊ ေနာက္ၿပီး အခုကာလ စားဝတ္ေနေရးလုပ္ေနရတာနဲ႕ အဲ့ဒီကိစၥေတြ အခ်ိန္မေပးနိုင္ဘူး”လို႔ ေျပာပါတယ္။

မွတ္ပုံတင္ ၁ ခုထက္ပိုၿပီး လက္ဝယ္ကိုင္ေဆာင္ ထားပါကလည္း သက္ဆိုင္ရာၿမိဳ႕နယ္လဝက႐ုံးကို အပ္ႏွံရမွာျဖစ္ၿပီး ကဒ္အပိုကို မအပ္ႏွံပါက ေနာက္ဆုံးထုတ္ယူခဲ့တဲ့ ကဒ္ကိုသာ အတည္ျပဳၿပီး ကဒ္အေဟာင္းကို ပယ္ဖ်က္စာရင္းသြင္းမယ္လို႔သိရပါတယ္။

ဒါ့အျပင္ အိမ္ထာင္စုလူဦးေရ စာရင္းပုံစံ ၆၆/၆ (အထစ)မရွိေသးသူေတြအေနနဲ႕လည္း ၿမိဳ႕နယ္ လဝက႐ုံးေတြမွာ လုပ္ေဆာင္နိုင္တယ္လို႔သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*