
ဧရာဝတီတိုင်း၊ ပုသိမ် – မော်တင်ကားလမ်းဘေးက ကျေးရွာတွေနဲ့သစ်တောတွေထဲက ကျေးရွာတွေမှာ PDF တွေရှိနေတယ်ဆိုပြီး စက်တင်ဘာဒုတိယပတ်ကစပြီး စစ်ကောင်စီကစစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကြောင်းထိုးရှာဖွေတာတွေ လုပ်ဆောင်နေချိန်မှာလည်း ရွာသားတွေက ရိက္ခာထောက်ပံမှုတွေမပြုလုပ်ဖို့ တစ်အိမ်ကို ဆန်ခုနှစ်ပြည်ထက်ပိုမထားဖို့ စစ်ကောင်စီက ကန့်သတ်တားမြစ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“စစ်ကြောင်းက ခေါင်းဆောင် စစ်ဗိုလ်ကြီးက ရွာသားတွေကို PDF တွေကိုဆန်တွေလာတောင်းရင်ပေးနေတာ သူသိတယ်တဲ့။ တစ်အိမ်ကို တစ်နေ့ ဆန်တပြည်နူန်းနဲ့ တစ်ပတ်ခုနှစ်ပြည်ပဲထားရမယ်။ ပိုထားရင်အရေးယူမယ် ဆိုပြီးပြောတယ် စစ်ကြောင်းထိုးနေတာပဲကြာနေပြီ PDF တွေကိုလဲမိတာလဲမဟုတ်ပဲနဲ့ ပြည်သူကို သက် သက်ဖိနိပ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ မော်တင်ကားလမ်းဘေးသစ် တောတွင်းက သစ်ခုတ်၊ မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ဒေသခံတွေကို PDFသတင်းရတယ်ဆိုပြီး ဒလန်တွေကသတင်းပေးတာကြောင့်စစ်ကောင်စီက ခေါ်ယူနိပ်စက်စစ်မေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“မီးသွေးတဲမှာ လူငယ်၃ယောက်လာပြီးထမင်း တော င်းစားသွားတယ်ဆိုပြီး ဒလန်တွေကသတင်းပေးတာ။ အဲ့ဒါစစ်တပ်က ရောက်လာပြီး အကုန်လုံးကို မိုးရေထဲမှာ တစ်နေကုန်ဒူးထောက်ခိုင်းပြီး တချို့ဆိုရိုက်စစ်တာ။ ပုသိမ်မြို့ပေါ်မှာ အေးချမ်းနေပေမယ့် ကျွန်မတို့ တောဘက်တွေမှာ စစ်ကြောင်းလာထိုးရင် ပြည်သူတွေဖိနိပ်ခံနေရတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုမှာ စိတ်ပုံမှန်မဟုတ်သူတစ်ဦးက တောထဲဝါးခုတ်သွားစဉ် PDFများကဖမ်းဆီးပြီး ပြန်လွှတ်လိုက်တယ်ဆိုပြီး သတင်းပေးတာကြောင့် စစ်ကောင်စီတပ်များတောနင်းရှာဖွေမှုတွေပြုလုပ်ပေမယ့် PDFတွေကိုတွေ့ရှိခဲ့တာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“ကျွန်တော်တို့ PDF တပ်ဖွဲ့တွေတော့ မော်တင်ကားလမ်းဘက်မှာမရှိပါဘူး။ သူတို့ကတော့စိတ်ထင်တဲ့နေရာတွေ ဒလန်သတင်းပေးတဲ့နေရာတွေတော့တောနင်းမှာပဲ။ ဧရာဝတီတိုင်းကတစ်ခြားနေရာတွေလဲ တောနင်းမှာပဲ။ စစ်ကောင်စီကိုပြောချင်တာကတော့ နေရာတိုင်းမှာ PDF ရှိတယ်။ PDF တွေကို ထောက်ပံနေတဲ့ပြည်သူတိုင်း PDF ပါပဲ။ နေရာတိုင်းမှရှိနေတယ် လို့ပြောခြင်ပါတယ်” လို့ ပုသိမ်ခရိုင်အတွင်း လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဧရာဝတီတိုင်းက ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်- ချောင်းသာ -ငွေဆောင် -မော်တင်လမ်းဘေးက သစ်တောတွေမှာ စစ်ကောင်စီက တောနင်းရှာဖွေတာတွေ မကြာခဏဆိုသလိုပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#Ayeyarwaddy_Times
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ပုသိမ္ – ေမာ္တင္ကားလမ္းေဘးက ေဒသခံေတြ PDF ေထာက္ပံ့မွာစိုးလို႔ တစ္အိမ္ဆန္ ၇ျပည္ထက္ပိုမထားဖို႔ စစ္ေကာင္စီတားျမစ္
ဧရာ၀တီတိုင္း၊ ပုသိမ္ – ေမာ္တင္ကားလမ္းေဘးက ေက်း႐ြာေတြနဲ႕သစ္ေတာေတြထဲက ေက်း႐ြာေတြမွာ PDF ေတြရွိေနတယ္ဆိုၿပီး စက္တင္ဘာဒုတိယပတ္ကစၿပီး စစ္ေကာင္စီကစစ္ေၾကာင္းထိုးမႈမ်ားျပဳလုပ္ခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
စစ္ေၾကာင္းထိုးရွာေဖြတာေတြ လုပ္ေဆာင္ေနခ်ိန္မွာလည္း ႐ြာသားေတြက ရိကၡာေထာက္ပံမႈေတြမျပဳလုပ္ဖို႔ တစ္အိမ္ကို ဆန္ခုႏွစ္ျပည္ထက္ပိုမထားဖို႔ စစ္ေကာင္စီက ကန့္သတ္တားျမစ္လိုက္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။
“စစ္ေၾကာင္းက ေခါင္းေဆာင္ စစ္ဗိုလ္ႀကီးက ႐ြာသားေတြကို PDF ေတြကိုဆန္ေတြလာေတာင္းရင္ေပးေနတာ သူသိတယ္တဲ့။ တစ္အိမ္ကို တစ္ေန႕ ဆန္တျပည္ႏူန္းနဲ႕ တစ္ပတ္ခုႏွစ္ျပည္ပဲထားရမယ္။ ပိုထားရင္အေရးယူမယ္ ဆိုၿပီးေျပာတယ္ စစ္ေၾကာင္းထိုးေနတာပဲၾကာေနၿပီ PDF ေတြကိုလဲမိတာလဲမဟုတ္ပဲနဲ႕ ျပည္သူကို သက္ သက္ဖိနိပ္ေနတာ”လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းကလဲ ေမာ္တင္ကားလမ္းေဘးသစ္ ေတာတြင္းက သစ္ခုတ္၊ မီးေသြးဖုတ္လုပ္ငန္းလုပ္ကိုင္ေနၾကတဲ့ ေဒသခံေတြကို PDFသတင္းရတယ္ဆိုၿပီး ဒလန္ေတြကသတင္းေပးတာေၾကာင့္စစ္ေကာင္စီက ေခၚယူနိပ္စက္စစ္ေမးခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။
“မီးေသြးတဲမွာ လူငယ္၃ေယာက္လာၿပီးထမင္း ေတာ င္းစားသြားတယ္ဆိုၿပီး ဒလန္ေတြကသတင္းေပးတာ။ အဲ့ဒါစစ္တပ္က ေရာက္လာၿပီး အကုန္လုံးကို မိုးေရထဲမွာ တစ္ေနကုန္ဒူးေထာက္ခိုင္းၿပီး တခ်ိဳ႕ဆိုရိုက္စစ္တာ။ ပုသိမ္ၿမိဳ႕ေပၚမွာ ေအးခ်မ္းေနေပမယ့္ ကြၽန္မတို႔ ေတာဘက္ေတြမွာ စစ္ေၾကာင္းလာထိုးရင္ ျပည္သူေတြဖိနိပ္ခံေနရတယ္”လို႔ ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာလ ၈ ရက္ေန႕ကလည္း ပုသိမ္ၿမိဳ႕နယ္၊ ေရွာျပာေက်း႐ြာအုပ္စုမွာ စိတ္ပုံမွန္မဟုတ္သူတစ္ဦးက ေတာထဲဝါးခုတ္သြားစဥ္ PDFမ်ားကဖမ္းဆီးၿပီး ျပန္လႊတ္လိုက္တယ္ဆိုၿပီး သတင္းေပးတာေၾကာင့္ စစ္ေကာင္စီတပ္မ်ားေတာနင္းရွာေဖြမႈေတြျပဳလုပ္ေပမယ့္ PDFေတြကိုေတြ႕ရွိခဲ့တာမရွိဘူးလို႔ ေဒသခံေတြက ဆိုပါတယ္။
“ကြၽန္ေတာ္တို႔ PDF တပ္ဖြဲ႕ေတြေတာ့ ေမာ္တင္ကားလမ္းဘက္မွာမရွိပါဘူး။ သူတို႔ကေတာ့စိတ္ထင္တဲ့ေနရာေတြ ဒလန္သတင္းေပးတဲ့ေနရာေတြေတာ့ေတာနင္းမွာပဲ။ ဧရာ၀တီတိုင္းကတစ္ျခားေနရာေတြလဲ ေတာနင္းမွာပဲ။ စစ္ေကာင္စီကိုေျပာခ်င္တာကေတာ့ ေနရာတိုင္းမွာ PDF ရွိတယ္။ PDF ေတြကို ေထာက္ပံေနတဲ့ျပည္သူတိုင္း PDF ပါပဲ။ ေနရာတိုင္းမွရွိေနတယ္ လို႔ေျပာျခင္ပါတယ္” လို႔ ပုသိမ္ခရိုင္အတြင္း လႈပ္ရွားေနတဲ့ PDF တပ္ဖြဲ႕ဝင္တစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။
ဧရာ၀တီတိုင္းက ရခိုင္ရိုးမနဲ႕ထိစပ္ေနတဲ့ ႀကံခင္းၿမိဳ႕နယ္၊ ေရၾကည္ၿမိဳ႕နယ္၊ သာေပါင္းၿမိဳ႕နယ္နဲ႕ ပုသိမ္- ေခ်ာင္းသာ -ေငြေဆာင္ -ေမာ္တင္လမ္းေဘးက သစ္ေတာေတြမွာ စစ္ေကာင္စီက ေတာနင္းရွာေဖြတာေတြ မၾကာခဏဆိုသလိုျပဳလုပ္ေလ့ရွိတယ္လို႔ ေဒသခံေတြဆီကေနသိရပါတယ္။
#Ayeyarwaddy_Times
Leave a Reply