ကုန်ဈေးနှုန်းကြီးမြှင့်မှုများသက်သာစေရန် စစ်တပ်မှဆောင်ရွက်ပေးနေဟု စစ်ကောင်စီပြောခွင့်ရဆိုသော်လည်း မကြုံဘူးသေးကြောင်း စစ်အုပ်စုသတင်းထောက်ပြန်လည်ပြောဆို

ကုန်ဈေးနှုန်းကြီးမြင့်နေမှုတွေအတွက် ပြည်သူတွေသက်သာရာရအောင် စစ်တပ်ကဆောင်ရွက်ပေးနေဟု စစ် ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ကပြောသော်လည်း အဲ့ဒီလိုဖြစ်စဉ်မျိုးမကြုံဖူးသေးဟု စစ်ကောင်စီ သတင်းစာရှင်းပွဲ တက်ရောက်လာတဲ့ သတင်းထောက်ကပြန်လည်ပြောဆိုခဲ့ပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်နေမှုအတွက် သက်သာမှုရအောင် အရင်ခေတ်ကလိုG.E.C(သမဝါယမ)လို ဆိုင်တွေပြန်လည် ဖွင့်လှစ်ပေးဖို့ ဒီနေ့ပြုလုပ်တဲ့စစ်ကောင်စီသတင်းစာရှင်းပွဲမှာ သတင်းထောက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက “အခြေခံစားကုန်တွေနဲ့ပတ်သက်ပြီး တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်ဆိုလည်း ရန်ကုန်၊ နေပြည်တော်ဆိုလည်း နေပြည်တော် ဒေသဆိုင်ရာအဖွဲ့တွေကလည်းတတ်နိုင်သမျှလုပ်ဆောင်ပေးလျက်ရှိပါတယ်။ ကျတော်တို့လည်း ဆက်လက်ပြီးတိုးချဲ့လုပ်ဆောင်ဖို့ရှိတယ်”လို့ ပြောခဲ့ပါတယ်။

“ဗိုလ်ချုပ်ကျတော်မကြုံသေးဘူးဗျ၊ နေပြည်တော်ဆိုလည်း ကျတော်ပုဗ္ဗသီရိမှာနေတယ်။ ဆီတခေါက်လာ ရောင်းတုန်းကလည်း ပြဿနာတွေဖြစ်သွားတာပဲကြုံဖူးသေးတယ်။ ကျန်တာ ကျ‌နော်မကြုံသေးဘူးဗျ”လို့ မေးမြန်းသူ သတင်းထောက်က ပြန်လည်ပြောဆိုခဲ့ပါတယ်။

ပြန်လည်ပြောဆိုမှုအပေါ် ကိုတော့ စစ်ကောင်စီပြောခွင့်ရက ဘာမှပြန်လည်တုန့်ပြန်ပြောဆိုတာမျိုး မတွေ့ရပါ ဘူး။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ကုန္ေစ်းႏႈန္းႀကီးျမႇင့္မႈမ်ားသက္သာေစရန္ စစ္တပ္မွေဆာင္႐ြက္ေပးေနဟု စစ္ေကာင္စီေျပာခြင့္ရဆိုေသာ္လည္း မႀကဳံဘူးေသးေၾကာင္း စစ္အုပ္စုသတင္းေထာက္ျပန္လည္ေျပာဆို

ကုန္ေစ်းႏႈန္းႀကီးျမင့္ေနမႈေတြအတြက္ ျပည္သူေတြသက္သာရာရေအာင္ စစ္တပ္ကေဆာင္႐ြက္ေပးေနဟု စစ္ ေကာင္စီေျပာခြင့္ရပုဂၢိဳလ္ကေျပာေသာ္လည္း အဲ့ဒီလိုျဖစ္စဥ္မ်ိဳးမႀကဳံဖူးေသးဟု စစ္ေကာင္စီ သတင္းစာရွင္းပြဲ တက္ေရာက္လာတဲ့ သတင္းေထာက္ကျပန္လည္ေျပာဆိုခဲ့ပါတယ္။

ကုန္ေစ်းႏႈန္းႀကီးျမင့္ေနမႈအတြက္ သက္သာမႈရေအာင္ အရင္ေခတ္ကလိုG.E.C(သမဝါယမ)လို ဆိုင္ေတြျပန္လည္ ဖြင့္လွစ္ေပးဖို႔ ဒီေန႕ျပဳလုပ္တဲ့စစ္ေကာင္စီသတင္းစာရွင္းပြဲမွာ သတင္းေထာက္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါနဲ႕ပတ္သက္ၿပီး စစ္ေကာင္စီေျပာခြင့္ရဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “အေျခခံစားကုန္ေတြနဲ႕ပတ္သက္ၿပီး တပ္မေတာ္ တပ္ရင္းတပ္ဖြဲ႕ေတြက ေဆာင္႐ြက္လ်က္ရွိပါတယ္။ ရန္ကုန္ဆိုလည္း ရန္ကုန္၊ ေနျပည္ေတာ္ဆိုလည္း ေနျပည္ေတာ္ ေဒသဆိုင္ရာအဖြဲ႕ေတြကလည္းတတ္နိုင္သမွ်လုပ္ေဆာင္ေပးလ်က္ရွိပါတယ္။ က်ေတာ္တို႔လည္း ဆက္လက္ၿပီးတိုးခ်ဲ့လုပ္ေဆာင္ဖို႔ရွိတယ္”လို႔ ေျပာခဲ့ပါတယ္။

“ဗိုလ္ခ်ဳပ္က်ေတာ္မႀကဳံေသးဘူးဗ်၊ ေနျပည္ေတာ္ဆိုလည္း က်ေတာ္ပုဗၺသီရိမွာေနတယ္။ ဆီတေခါက္လာ ေရာင္းတုန္းကလည္း ျပႆနာေတြျဖစ္သြားတာပဲႀကဳံဖူးေသးတယ္။ က်န္တာ က်‌ေနာ္မႀကဳံေသးဘူးဗ်”လို႔ ေမးျမန္းသူ သတင္းေထာက္က ျပန္လည္ေျပာဆိုခဲ့ပါတယ္။

ျပန္လည္ေျပာဆိုမႈအေပၚ ကိုေတာ့ စစ္ေကာင္စီေျပာခြင့္ရက ဘာမွျပန္လည္တုန႔္ျပန္ေျပာဆိုတာမ်ိဳး မေတြ႕ရပါ ဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*