ရူဘယ်နှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရန် ရုရှားသုံး MIR Card ကို အသုံးပြုမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ရုရှားနိုင်ငံသုံး ရူဘယ်ငွေနှင့် ကျပ်ငွေကို တိုက်ရိုက်ပေးချေသုံးစွဲရန်အတွက် ရုရှားသုံး MIR Card ကို အသုံးပြုမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နေပြည်တော်တွင် စက်တင်ဘာ ၂၀ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။“ရုရှားနိုင်ငံသုံး MIR Card ကို ငွေပေးချေတဲ့လုပ်ငန်းတွေမှာ သုံးမယ်။လာမည့် နိုဝင် ဘာမှာ လုပ်တဲ့ ရုရှား-မြန်မာ တတိယအကြိမ် စီးပွား ရေး တွေ့ဆုံပွဲမှာအကောင်အထည်ဖော်နိုင်မယ်”ဟု ၎င်းကဆိုသည်။

ရူဘယ်နှင့် ကျပ် တိုက်ရိုက်ပေးချေရာတွင်ဘဏ်၏ လုံခြုံရေးစနစ်နှင့် နည်းပညာသတင်းအချက် အလက်စနစ်များကို အသင့်အနေအထားရှိရမည်ဖြစ်ကာ နှစ်နိုင်ငံ ဗဟိုဘဏ်တို့အကြားတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံအနေနှင့် လက်မှတ်ရေးထိုးရန်အသင့်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

“MOU လက်မှတ်ရေးထိုးပြီးရင် နှစ်နိုင်ငံ ဗဟိုဘဏ်တွေအကြားမှာ အကျိုးရှိ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှား၊ မြန်မာဗဟိုဘဏ်အချင်းချင်း ဆွေးနွေးမှုများရှိခဲ့ပြီး ရုရှားသုံး MIR Card ကို မြန်မာတွင် အသုံးပြုနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

႐ူဘယ္ႏွင့္ က်ပ္ေငြ တိုက္ရိုက္ေပးေခ်နိဳင္ရန္ ႐ုရွားသုံး MIR Card ကို အသုံးျပဳမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ

႐ုရွားနိုင္ငံသုံး ႐ူဘယ္ေငြႏွင့္ က်ပ္ေငြကို တိုက္ရိုက္ေပးေခ်သဳံးစြဲရန္အတြက္ ႐ုရွားသုံး MIR Card ကို အသုံးျပဳမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ေနျပည္ေတာ္တြင္ စက္တင္ဘာ ၂၀ ရက္တြင္ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ၎က ယင္းသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။“႐ုရွားနိုင္ငံသုံး MIR Card ကို ေငြေပးေခ်တဲ့လုပ္ငန္းေတြမွာ သုံးမယ္။လာမည့္ နိုဝင္ ဘာမွာ လုပ္တဲ့ ႐ုရွား-ျမန္မာ တတိယအႀကိမ္ စီးပြား ေရး ေတြ႕ဆုံပြဲမွာအေကာင္အထည္ေဖာ္နိုင္မယ္”ဟု ၎ကဆိုသည္။

႐ူဘယ္ႏွင့္ က်ပ္ တိုက္ရိုက္ေပးေခ်ရာတြင္ဘဏ္၏ လုံၿခဳံေရးစနစ္ႏွင့္ နည္းပညာသတင္းအခ်က္ အလက္စနစ္မ်ားကို အသင့္အေနအထားရွိရမည္ျဖစ္ကာ ႏွစ္နိုင္ငံ ဗဟိုဘဏ္တို႔အၾကားတြင္ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို ျမန္မာနိုင္ငံအေနႏွင့္ လက္မွတ္ေရးထိုးရန္အသင့္ရွိေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကဆိုသည္။

“MOU လက္မွတ္ေရးထိုးၿပီးရင္ ႏွစ္နိုင္ငံ ဗဟိုဘဏ္ေတြအၾကားမွာ အက်ိဳးရွိ ထိေရာက္စြာ ပူးေပါင္းေဆာင္႐ြက္သြားနိုင္မွာျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္”ဟု ၎က ဆက္လက္ေျပာၾကားခဲ့သည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၏ ႐ုရွားနိုင္ငံခရီးစဥ္အတြင္း ႐ုရွား၊ ျမန္မာဗဟိုဘဏ္အခ်င္းခ်င္း ေဆြးေႏြးမႈမ်ားရွိခဲ့ၿပီး ႐ုရွားသုံး MIR Card ကို ျမန္မာတြင္ အသုံးျပဳနိုင္ရန္အတြက္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*