
လူသုံးများတဲ့ လူမှုကွန်ယက် facebook မှာ NUG၊ CRPH၊ PDF ရဲ့ စာတွေ၊ပုံတွေ၊ဗီဒီယိုတွေကိုထောက်ခံပြီး like နဲ့ share လုပ်တာတွေ၊ ကိုယ်တိုင်ထောက်ခံကြောင်းပို့စ်တင်ရေးသားတာတွေလုပ်ရင် ရာဇသတ်ကြီးပုဒ်မတွေနဲ့ အရေးယူမယ်လို့
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဇယားကွက်တွေနဲ့တကွ ပြောပါတယ်။
ဒါ့အပြင် NUG၊ CRPH၊ NUG ကိုထောက်ခံသူတွေရဲ့ စာတွေ၊ပုံတွေ၊ ဗီဒီယိုတွေကို like တခု share တခုလုပ်ရင်လည်း ဖမ်းဆီးခံရမှာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ထောင်ဒဏ်၊ငွေဒဏ်တွေချမှတ်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် PDF တွေကို ငွေတကျပ်ဘဲလှူလှူ၊ ဘလောက်ဘဲလှူလှူ ရာဇသတ်ကြီးပုဒ်မ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ငြိစွန်းတယ်လို့ စစ်ကောင်စီပြောခွင့်ရက ခြိမ်းခြောက်ပြောဆိုပါတယ်။
စစ်ကောင်စီနဲ့ စစ်အုပ်စုထောက်ခံတဲ့ စစ်လော်ဘီတွေဟာ ဖေ့ဘွတ်လူမှုကွန်ယက်ကိုစောင့်ကြည့်နေပြီး တော်လှန် ရေးအင်အားစုတွေကို ထောက်ခံရေးသားသူတွေကို အွန်လိုင်းကနေလှုံ့ဆော်တယ်ဆိုပြီး ယခင်ထဲကဖမ်းဆီးတာတွေရှိနေတာပါ။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
facebook မွာ NUG၊ CRPH၊ PDF ရဲ႕စာေတြ၊ပုံေတြ၊ ဗီဒီယိုေတြကို ေထာက္ခံၿပီး like တခု၊ share တခု လုပ္ရင္အေရးယူမယ္လို႔ဆို
လူသုံးမ်ားတဲ့ လူမႈကြန္ယက္ facebook မွာ NUG၊ CRPH၊ PDF ရဲ႕ စာေတြ၊ပုံေတြ၊ဗီဒီယိုေတြကိုေထာက္ခံၿပီး like နဲ႕ share လုပ္တာေတြ၊ ကိုယ္တိုင္ေထာက္ခံေၾကာင္းပို႔စ္တင္ေရးသားတာေတြလုပ္ရင္ ရာဇသတ္ႀကီးပုဒ္မေတြနဲ႕ အေရးယူမယ္လို႔
စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဒီကေန႕ျပဳလုပ္တဲ့ စစ္ေကာင္စီသတင္းစာရွင္းလင္းပြဲမွာ ဇယားကြက္ေတြနဲ႕တကြ ေျပာပါတယ္။
ဒါ့အျပင္ NUG၊ CRPH၊ NUG ကိုေထာက္ခံသူေတြရဲ႕ စာေတြ၊ပုံေတြ၊ ဗီဒီယိုေတြကို like တခု share တခုလုပ္ရင္လည္း ဖမ္းဆီးခံရမွာျဖစ္ၿပီး အၾကမ္းဖက္တိုက္ဖ်က္ေရးပုဒ္မေတြ နိုင္ငံေတာ္အၾကည္ညိုပ်က္ေစမႈ ပုဒ္မေတြနဲ႕ ေထာင္ဒဏ္၊ေငြဒဏ္ေတြခ်မွတ္သြားမယ္လို႔ ေျပာပါတယ္။
ဒါ့အျပင္ PDF ေတြကို ေငြတက်ပ္ဘဲလႉလႉ၊ ဘေလာက္ဘဲလႉလႉ ရာဇသတ္ႀကီးပုဒ္မ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒေတြနဲ႕ၿငိစြန္းတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရက ၿခိမ္းေျခာက္ေျပာဆိုပါတယ္။
စစ္ေကာင္စီနဲ႕ စစ္အုပ္စုေထာက္ခံတဲ့ စစ္ေလာ္ဘီေတြဟာ ေဖ့ဘြတ္လူမႈကြန္ယက္ကိုေစာင့္ၾကည့္ေနၿပီး ေတာ္လွန္ ေရးအင္အားစုေတြကို ေထာက္ခံေရးသားသူေတြကို အြန္လိုင္းကေနလႈံ႕ေဆာ္တယ္ဆိုၿပီး ယခင္ထဲကဖမ္းဆီးတာေတြရွိေနတာပါ။
Leave a Reply