သင်္ဂြိုဟ်စားရိတ်ပါ ပေးတဲ့အဖွဲ့အစည်းမျိုး တွေ့ဖူးလား လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေးခွန်းထုတ်

စစ်တပ်မှာ ထောက်ပံ့တာတွေမျိုးစုံရှိပြီး ဝင်လာချိန်ကနေ သေဆုံးချိန်ထိ သင်္ဂြိုဟ်စားရိတ်ပါ ပေးတဲ့အဖွဲ့အစည်းမျိုး မြန်မာနိုင်ငံမှာတွေ့ဖူးလားလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြန်လည်မေးခွန်း ထုတ်ပါတယ်။

ရုရှားကပြန်လာချိန်မှာ အောက်ခြေရဲဘော်တွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲလို့ ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က မေးမြန်းတာကို စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်၊ ပြောရေးဆို ခွင့်ရှိသူလည်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း က အခုလို ပြန်လည် မေးခွန်းထုတ်ခဲ့တာပါ။

“စဝင်လာကတည်းက သေတဲ့အချိန်အထိ သင်္ဂြိုဟ်စားရိတ်ပါရှိတဲ့ အဖွဲ့အစည်းမျိုးတွေ့ဖူးလား” လို့ မေးခွန်းမေးတဲ့ သတင်းထောက်ဆိုသူကို စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြန်လည်မေးမြန်းခဲ့တာပါ။

စစ်သား သားသမီးတွေကိုလည်း ကျောင်းဝတ်စုံ၊ ကျောင်းစာအုပ်၊ ဗလာစာအုပ်တွေလည်း ထောက်ပံ့ပေးနေပြီး အဲ့ဒီ့အထဲမှာ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ သူကဆိုပါတယ်။

အခုနောက်ပိုင်းဆို သက်စွန့်ဆံဖျားတာဝန်ထမ်းဆောင်သူတွေကိုလည်း စားရိတ်ထောက်ပံ့တာတွေရှိတယ်လို့ သူကဆိုပါတယ်။ ဝန်ထမ်းတွေကိုလည်း ထောက်ပံ့တာတွေလုပ်နေတယ်လို့ ဆိုပါတယ်။စစ်တပ်ကအာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ လက်နက် ကိုင်ခုခံတော်လှန်စစ်တွေ ဖြစ်ပွားနေသလို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ရှေ့တန်းစခန်းတွေကနေ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ CDM ပြုလုပ်ပြီး ပူးပေါင်းသွားတဲ့ စစ်ကောင်စီတပ်သားတွေရှိသလို၊ တပ်ရင်းတွေကနေ CDM ပြုလုပ်သွားတဲ့ စစ်ကောင်စီတပ်သားတွေလည်း အများအပြားရှိနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG ဘက်က ထုတ်ပြန်ထားပါတယ်။

CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်သားအများစု ပြောကြားချက်အရ စစ်ကောင်စီတပ်ဟာ ရှေ့တန်းစခန်းမှာရှိတဲ့ ရဲဘော်တွေဆီကို ရိက္ခာပင် ပုံမှန်မထောက်ပံ့နိုင်တဲ့အပြင် အရာရှိတွေကသာ အခွင့်အရေး အများအပြားရရှိနေတယ်လို့ ဆိုကြပါတယ်။

#MeKongNews

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

သျဂၤိုဟ္စားရိတ္ပါ ေပးတဲ့အဖြဲ႕အစည္းမ်ိဳး ေတြ႕ဖူးလား လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေမးခြန္းထုတ္

စစ္တပ္မွာ ေထာက္ပံ့တာေတြမ်ိဳးစုံရွိၿပီး ဝင္လာခ်ိန္ကေန ေသဆုံးခ်ိန္ထိ သျဂၤိုဟ္စားရိတ္ပါ ေပးတဲ့အဖြဲ႕အစည္းမ်ိဳး ျမန္မာနိုင္ငံမွာေတြ႕ဖူးလားလို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ျပန္လည္ေမးခြန္း ထုတ္ပါတယ္။

႐ုရွားကျပန္လာခ်ိန္မွာ ေအာက္ေျခရဲေဘာ္ေတြအတြက္ ဘာေတြလုပ္ေပးနိုင္မလဲလို႔ ဒီေန႕သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္တစ္ေယာက္က ေမးျမန္းတာကို စစ္ေကာင္စီျပန္ၾကားေရး ဒုဝန္ႀကီးလည္းျဖစ္၊ ေျပာေရးဆို ခြင့္ရွိသူလည္းျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က အခုလို ျပန္လည္ ေမးခြန္းထုတ္ခဲ့တာပါ။

“စဝင္လာကတည္းက ေသတဲ့အခ်ိန္အထိ သျဂၤိုဟ္စားရိတ္ပါရွိတဲ့ အဖြဲ႕အစည္းမ်ိဳးေတြ႕ဖူးလား” လို႔ ေမးခြန္းေမးတဲ့ သတင္းေထာက္ဆိုသူကို စစ္ေကာင္စီေျပာေရး ဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း က ျပန္လည္ေမးျမန္းခဲ့တာပါ။

စစ္သား သားသမီးေတြကိုလည္း ေက်ာင္းဝတ္စုံ၊ ေက်ာင္းစာအုပ္၊ ဗလာစာအုပ္ေတြလည္း ေထာက္ပံ့ေပးေနၿပီး အဲ့ဒီ့အထဲမွာ ရဲတပ္ဖြဲ႕ဝင္ေတြလည္း ပါတယ္လို႔ သူကဆိုပါတယ္။

အခုေနာက္ပိုင္းဆို သက္စြန႔္ဆံဖ်ားတာဝန္ထမ္းေဆာင္သူေတြကိုလည္း စားရိတ္ေထာက္ပံ့တာေတြရွိတယ္လို႔ သူကဆိုပါတယ္။ ဝန္ထမ္းေတြကိုလည္း ေထာက္ပံ့တာေတြလုပ္ေနတယ္လို႔ ဆိုပါတယ္။စစ္တပ္ကအာဏာ သိမ္းၿပီးေနာက္ ျမန္မာနိုင္ငံအႏွံ႕အျပားမွာ လက္နက္ ကိုင္ခုခံေတာ္လွန္စစ္ေတြ ျဖစ္ပြားေနသလို တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕ေတြနဲ႕လည္း တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။

ေရွ႕တန္းစခန္းေတြကေန တိုင္းရင္းသားလက္နက္ကိုင္ေတြဆီ CDM ျပဳလုပ္ၿပီး ပူးေပါင္းသြားတဲ့ စစ္ေကာင္စီတပ္သားေတြရွိသလို၊ တပ္ရင္းေတြကေန CDM ျပဳလုပ္သြားတဲ့ စစ္ေကာင္စီတပ္သားေတြလည္း အမ်ားအျပားရွိေနတယ္လို႔ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႕ NUG ဘက္က ထုတ္ျပန္ထားပါတယ္။

CDM ျပဳလုပ္လာတဲ့ စစ္ေကာင္စီတပ္သားအမ်ားစု ေျပာၾကားခ်က္အရ စစ္ေကာင္စီတပ္ဟာ ေရွ႕တန္းစခန္းမွာရွိတဲ့ ရဲေဘာ္ေတြဆီကို ရိကၡာပင္ ပုံမွန္မေထာက္ပံ့နိုင္တဲ့အျပင္ အရာရွိေတြကသာ အခြင့္အေရး အမ်ားအျပားရရွိေနတယ္လို႔ ဆိုၾကပါတယ္။

#MeKongNews

Be the first to comment

Leave a Reply

Your email address will not be published.


*