
ဘုရင်မကြီး အဲလိဇဘတ်ရဲ့ နောက်ဆုံးကျန်တော့တဲ့ ကော်ဂီစ် ခွေးလေး နှစ်ကောင် Muick နဲ့ Sandy တို့ဟာ သူတို့ရဲ့ သခင်မ ဘုရင်မကြီးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ဖို့အတွက် ဝင်ဆာရဲ တိုက်အရှေ့အပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ပြီး မြင်းပုလေး Emma ကလည်း နှစ်တွေအကြာကြီး အတူရှိကာ မြင်းစီးအားကစား တွေလုပ်ခဲ့တဲ့ သခင်ဖြစ်သူကို နောက်ဆုံးအကြိမ်နှုတ်ဆက်ဖို့ ဝင်ဆာရဲတိုက်ရဲ့ ကွင်းအပြင်ဘက်မှာ ရောက်ရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒီမြင်ကွင်းကတကယ့်ကို ကြေကွဲဝမ်းနည်းစရာကောင်းပြီး သူတို့ရဲ့ အချစ်တော် သခင်မ ဘုရင်မ ကြီးကို နော က်ဆုံးအကြိမ်မြင်တွေ့ခွင့်ရဖို့ ရုပ်အလောင်းသယ် ဆောင်တဲ့ စီတန်းလှည့် လည်ခြင်းကို တော်ဝင်အထိန်း တော်တွေက စောင့်ရှောက်ပေးပြီး စောင့်ဆိုင်းကြည့်ရှုစေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ကော်ဂီစ်ခွေးပုလေးနှစ်ကောင်ဟာ ဘုရင်မကြီးရဲ့ ဘဝတစ်သက်တာလုံး ပိုင်ဆိုင်ခဲ့သမျှ ခွေးတွေထဲက အချစ်တော်ခွေးနှစ်ကောင်ဖြစ်ပါတယ်။အဲလိဇဘတ်ဘုရင်မကြီးရဲ့ အသက် ၁၈ နှစ်မွေးနေ့မှာ ဖခင်ဖြစ်သူ ဂျော့ချ် ဘုရင်ထံကနေ Susan လို့ အမည်ပေးထားတဲ့ ကော်ဂီစ် ခွေးလေးကို ပထမဆုံးလက်ဆောင်ရခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီကနေစလို့ နောက်ပိုင်း နန်းသက်တစ်လျှောက်လုံးမှာ မျိုးဆက် ၁၀ ဆက်အထိ ဖြစ်လာတဲ့ ခွေးလေးတွေမှာ အကောင် ရေ ၃၀ ကျော်အထိ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။အသက် ၉၆ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဘုရင်မကြီး အဲလိဇဘတ်ဟာ ခွေးလေးတွေ ချစ်ခင်ယုယ ကြင်နာစွာ နေထိုင်ရတာကို ပျော်မွေ့တတ် လို့ သွားလေရာမှာ သူမနဲ့ အတူ အဲ့ဒီခွေးလေးတွေကို မြင်ရ တတ်ပါတယ်။
နောက်ပြီး မြင်းပုလေး Emma လိုမျိုး မြင်းစီးခြင်းကို နှစ်သက်ကာ တစ်သက်တာ လုံး မြင်းစီးအားကစားကို လုပ်ခဲ့ပါတယ်။တော်ဝင်နန်းတော်ထဲမှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေကို ညနေတိုင်း တော်ဝင်စားဖိုမှူးက ခင်းကျင်းပြင်ဆင်ပေးတဲ့ အမဲသား၊ ကြက်၊ ယုန်၊ အသည်း၊ ဂေါ်ဖီထုပ်၊ ထမင်းနဲ့ ကောက်ညှင်း စဖြင့် မြင့်မြတ်စွာ ပြင်ဆင်ထားတဲ့ အစားအသောက်တွေကို ကျွေးမွေးလေ့ရှိတယ်လို့ သိရပါတယ်။
နောက်ဆုံးဈာပခရီးကို နှုတ်ဆက်ဖို့ စောင့်နေခဲ့တဲ့ ခွေးလေး Sandy က မကြာသေးမီက ဘုရင်မကြီးရဲ့ အသက် ၉၅ နှစ်ပြည့်မှာ မင်းသား အန်ဒရူးနဲ့ တော်ဝင်သမီးတော် မင်းသမီး ဘိရိုက်စ်၊ အီယူနီးတို့ဆီ ကနေ လက်ဆောင်ရခဲ့တာလည်း ဖြစ်ပါတယ်။
အခုတော့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဘုရင်မကြီးရဲ့ အချစ်တော်ခွေးလေးတွေနဲ့ တိရစ္ဆာန်လေးတွေ ကို သူမရဲ့ ဒုတိယသားတော် မင်းသား အင်ဒရူးက ဆက်လက် စောင့်ရှောက်ပေးသွားဖို့ ရှိနေတယ် လို့ သိရပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ဘုရင္မႀကီး အဲလိဇဘတ္ရဲ႕ ေနာက္ဆုံးက်န္ေတာ့တဲ့ ေကာ္ဂီစ္ ေခြးေလး ႏွစ္ေကာင္ Muick နဲ႕ Sandy တို႔ဟာ သူတို႔ရဲ႕ သခင္မ ဘုရင္မႀကီးကို ေနာက္ဆုံးအေနနဲ႕ ႏႈတ္ဆက္ဖို႔အတြက္ ဝင္ဆာရဲ တိုက္အေရွ႕အျပင္ဘက္မွာ ေစာင့္ဆိုင္းေနခဲ့ၾကတယ္လို႔ သိရပါတယ္။
ေနာက္ၿပီး ျမင္းပုေလး Emma ကလည္း ႏွစ္ေတြအၾကာႀကီး အတူရွိကာ ျမင္းစီးအားကစား ေတြလုပ္ခဲ့တဲ့ သခင္ျဖစ္သူကို ေနာက္ဆုံးအႀကိမ္ႏႈတ္ဆက္ဖို႔ ဝင္ဆာရဲတိုက္ရဲ႕ ကြင္းအျပင္ဘက္မွာ ေရာက္ရွိေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။
ဒီျမင္ကြင္းကတကယ့္ကို ေၾကကြဲဝမ္းနည္းစရာေကာင္းၿပီး သူတို႔ရဲ႕ အခ်စ္ေတာ္ သခင္မ ဘုရင္မ ႀကီးကို ေနာ က္ဆုံးအႀကိမ္ျမင္ေတြ႕ခြင့္ရဖို႔ ႐ုပ္အေလာင္းသယ္ ေဆာင္တဲ့ စီတန္းလွည့္ လည္ျခင္းကို ေတာ္ဝင္အထိန္း ေတာ္ေတြက ေစာင့္ေရွာက္ေပးၿပီး ေစာင့္ဆိုင္းၾကည့္ရႈေစခဲ့တာ ျဖစ္ပါတယ္။
အဲ့ဒီ ေကာ္ဂီစ္ေခြးပုေလးႏွစ္ေကာင္ဟာ ဘုရင္မႀကီးရဲ႕ ဘဝတစ္သက္တာလုံး ပိုင္ဆိုင္ခဲ့သမွ် ေခြးေတြထဲက အခ်စ္ေတာ္ေခြးႏွစ္ေကာင္ျဖစ္ပါတယ္။အဲလိဇဘတ္ဘုရင္မႀကီးရဲ႕ အသက္ ၁၈ ႏွစ္ေမြးေန႕မွာ ဖခင္ျဖစ္သူ ေဂ်ာ့ခ်္ ဘုရင္ထံကေန Susan လို႔ အမည္ေပးထားတဲ့ ေကာ္ဂီစ္ ေခြးေလးကို ပထမဆုံးလက္ေဆာင္ရခဲ့တာ ျဖစ္ပါတယ္။
အဲ့ဒီကေနစလို႔ ေနာက္ပိုင္း နန္းသက္တစ္ေလွ်ာက္လုံးမွာ မ်ိဳးဆက္ ၁၀ ဆက္အထိ ျဖစ္လာတဲ့ ေခြးေလးေတြမွာ အေကာင္ ေရ ၃၀ ေက်ာ္အထိ ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။အသက္ ၉၆ ႏွစ္မွာ ကြယ္လြန္သြားခဲ့တဲ့ ဘုရင္မႀကီး အဲလိဇဘတ္ဟာ ေခြးေလးေတြ ခ်စ္ခင္ယုယ ၾကင္နာစြာ ေနထိုင္ရတာကို ေပ်ာ္ေမြ႕တတ္ လို႔ သြားေလရာမွာ သူမနဲ႕ အတူ အဲ့ဒီေခြးေလးေတြကို ျမင္ရ တတ္ပါတယ္။
ေနာက္ၿပီး ျမင္းပုေလး Emma လိုမ်ိဳး ျမင္းစီးျခင္းကို ႏွစ္သက္ကာ တစ္သက္တာ လုံး ျမင္းစီးအားကစားကို လုပ္ခဲ့ပါတယ္။ေတာ္ဝင္နန္းေတာ္ထဲမွာ ေမြးထားတဲ့ တိရစာၦန္ေလးေတြကို ညေနတိုင္း ေတာ္ဝင္စားဖိုမႉးက ခင္းက်င္းျပင္ဆင္ေပးတဲ့ အမဲသား၊ ၾကက္၊ ယုန္၊ အသည္း၊ ေဂၚဖီထုပ္၊ ထမင္းနဲ႕ ေကာက္ညွင္း စျဖင့္ ျမင့္ျမတ္စြာ ျပင္ဆင္ထားတဲ့ အစားအေသာက္ေတြကို ေကြၽးေမြးေလ့ရွိတယ္လို႔ သိရပါတယ္။
ေနာက္ဆုံးဈာပခရီးကို ႏႈတ္ဆက္ဖို႔ ေစာင့္ေနခဲ့တဲ့ ေခြးေလး Sandy က မၾကာေသးမီက ဘုရင္မႀကီးရဲ႕ အသက္ ၉၅ ႏွစ္ျပည့္မွာ မင္းသား အန္ဒ႐ူးနဲ႕ ေတာ္ဝင္သမီးေတာ္ မင္းသမီး ဘိရိုက္စ္၊ အီယူနီးတို႔ဆီ ကေန လက္ေဆာင္ရခဲ့တာလည္း ျဖစ္ပါတယ္။
အခုေတာ့ ကြယ္လြန္သြားၿပီးျဖစ္တဲ့ ဘုရင္မႀကီးရဲ႕ အခ်စ္ေတာ္ေခြးေလးေတြနဲ႕ တိရစာၦန္ေလးေတြ ကို သူမရဲ႕ ဒုတိယသားေတာ္ မင္းသား အင္ဒ႐ူးက ဆက္လက္ ေစာင့္ေရွာက္ေပးသြားဖို႔ ရွိေနတယ္ လို႔ သိရပါတယ္။
Leave a Reply