မွေးနေ့အမှတ်တရအနေဖြင့်မိခင်ကြီးလိုချင်နေတဲ့ တန်ဖိုးကြီးအရာတစ်ခုကို ဝယ်ပြီးလက်ဆောင်ပေးခဲ့တဲ့ ဆောင်းယွန်းစံ
ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဆောင်းယွန်းစံကတော့ အလှူအတန်းတွေကိုလည်း ရက်ရောစွာနဲ မကြာခဏဆိုသလိုပြုလုပ်တတ်ပြီး လူကြီးတွေနဲ့ မိဘတွေအပေါ်လည်း သိတတ်လိမ္မာတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
ဆောင်းယွန်းစံကတော့ မနေ့ကလည်း သူ့ရဲ့မိခင်ကြီးနဲ့ ဖခင်ကြီးအတွက် မွေးနေ့အမှတ်တရအနေနဲ့ ကားတစ်စီးဝယ်ပေးခဲ့ကြောင်း “ဖေနဲ့မေ့အတွက် မွေးနေ့အမှတ်တရ
မေမေအရမ်းလိုချင်နေတဲ့ ကားလေးဝယ်ပြီးလက်ဆောင်ပေးဖြစ်ခဲ့တယ်။မိသားစုက 15 ယောက်တောင် ဖြစ်ပီဆိုတော့ ခရီးတခုသွားရင် ကားတစီးထဲတူတူ သွားချင်တာဆိုပြီးမေမေ အမြဲပြောနေလို့
ခရီးတူတူသွားဖို့ကားအကြီးကြီးတခါထဲဝယ်ပေးလိုက်တယ်” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားမျှဝေထားခဲ့ပါတယ်။ ပရိသတ်တွေကတော့
မိဘနှစ်ပါးအပေါ်မှာ သိတတ်လိမ္မာတဲ့ ဆောင်းယွန်းစံရဲ့ လိမ္မာလွန်းလှတဲ့ လုပ်ရက်ကို ချီးကျူးနေခဲ့ကြပါသေးတယ်ပရိသတ်ကြီးရေ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*