
စုစုဝေကတော့ Gym Trainer မလေးတစ်ယောက်ဖြစ်ပြီး ဂျာမန်လူမျိုး အဆိုတော်၊ သရုပ်ဆောင် Mikis နဲ့ မြန်မာနိုင်ငံမှာတွေ့ပြီး ဖူးစာဆုံခဲ့ကြသူတွေ ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
Mikis နဲ့ စုစုဝေတို့ဟာ အခုဆိုရင် ဂျာမနီနိုင်ငံမှာ တစ်အိုးတစ်အိမ်တည်ထောင်ထားပြီး သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ စုစုဝေဟာ လူမျိုးခြားတွေရဲ့ အလည်မှာနေနေရပေမယ့်
သူမကိုအရမ်းချစ်ပြီး သားလေးကိုလည်း ဂရုစိုက်ပေးကြတဲ့ Mikis နဲ့ သူ့ရဲံမိသားစုဝင်တွေအကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ စုစုဝေက “သားမိနှစ်ယောက်လုံးနေမကောင်းဖြစ်နေတာ
ဖုန်းတောင်မသုံးဖြစ်ဘူး။ အခုတော့ သားကနေပြန်ကောင်းခါစ သူ့ဖွားဖွားနဲ့ သူ့ဘွားဘွား နှစ်ယောက်ကြားပျော်ပျော်ရွှင်ရွှင်လေးဖြစ်နေတော့ ဒီမေမေစိတ်ပူတာသက်သာတယ်။
သားလေးပထမဦးဆုံးနေမကောင်းစဖြစ်ဖူးတာဆိုတော့ ကျမမှာစိတ်ပူလို့ငိုလိုက်ရတာ။ ကိုယ့်မှာမျက်စိစွံပြီနာနေတာတောင် ဂရုမစိုက်နိုင်ဘူး။ ညဘက် ကိုယ်ပူချိန်မကျတဲ့ရက်ကဆို သားကိုတစ်ညလုံးထိုင်ဖက်ထားတာ။
သားကလဲ အမေရင်ခွင်ထဲပဲနေတာ။ ယောကျ်ားကလဲ တစ်ညလုံးသူလဲမအိပ့်ရရှာဘူ သူ့သားနေမကောင်းလို့ စိတ်ပူပြီ ကိုယ်နဲ့အတူတူစောင့်ပေးရှာတယ်။ ကလေးလေးတွေနေမကောင်းဖြစ်နေတဲ့အချိန်ဆို
သိပ့်သနားဖို့ကောင်းတာပဲ။ ကျမကတော့ ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ် ငါအသုံးမကျလို့ သားနေမကောင်းဖြစ်ရတာလို့ဆိုပြီ။ ယောက္ခမတွေနဲ့ယောကျ်ားကတော့ကျမကိုစိတ်သက်သာရအောင်ပြောပါတယ်
ကလေးဆိုတာ ဒီလိုအရွယ်တခါတလေဖျားတတ်တယ်တဲ့ သူတို့လေးတွေ ခန္ဓာကိုယ်ကြီးထွားပြောင်းလဲလာတဲ့အတွက် ပြီတော့ သွားပေါက်ချင်လာတဲ့အခါလဲ ဖျားတတ်တယ်တဲ့။ ကျမသားလေးကိုကြည့်ပြီ
ကျမ မိဘမေတ္တာပိုနားလည်လာတယ်။ ချစ်တယ် သားရယ် ငယ်တုန်းမှာအသကုန်ချစ်ထားမယ် သူလေးကြီးလို့အရွယ်ရောက်လာရင် ငယ်ငယ်တုန်းကလို ရင်ခွင်ထဲးတစ်ချိန်လုံးထည့်ထားလို့ရမှာမဟုတ်ဘူးလေနော်” ဆိုပြီး
ပြောလာပါတယ်။ စုစုဝေကတော့ သားလေးနေမကောင်းဖြစ်နေချိန်မှာ ကိုယ့်ကိုကိုယ်အပြစ်တင်မိပေမယ့် ခင်ပွန်းဖြစ်တဲ့ Mikis နဲ့ မိသားစုဝင်တွေရဲ့ ဖြောင့်ဖျနှစ်သိမ့်မှုကြောင့်
စိတ်သက်သာရာရခဲ့ရတယ်လို့ ဆိုပါတယ်။ စုစုဝေရဲ့ သားသားလေးလည်း မေမေစိတ်ပူရသက်သာအောင် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
စုစုေဝကေတာ့ Gym Trainer မေလးတစ္ေယာက္ျဖစ္ၿပီး ဂ်ာမန္လူမ်ိဳး အဆိုေတာ္၊ သ႐ုပ္ေဆာင္ Mikis နဲ႕ ျမန္မာနိုင္ငံမွာေတြ႕ၿပီး ဖူးစာဆုံခဲ့ၾကသူေတြ ျဖစ္ပါတယ္။
Mikis နဲ႕ စုစုေဝတို႔ဟာ အခုဆိုရင္ ဂ်ာမနီနိုင္ငံမွာ တစ္အိုးတစ္အိမ္တည္ေထာင္ထားၿပီး သားေလးတစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားၿပီပဲ ျဖစ္ပါတယ္။ စုစုေဝဟာ လူမ်ိဳးျခားေတြရဲ႕ အလည္မွာေနေနရေပမယ့္
သူမကိုအရမ္းခ်စ္ၿပီး သားေလးကိုလည္း ဂ႐ုစိုက္ေပးၾကတဲ့ Mikis နဲ႕ သူ႕ရဲံမိသားစုဝင္ေတြအေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။ စုစုေဝက “သားမိႏွစ္ေယာက္လုံးေနမေကာင္းျဖစ္ေနတာ
ဖုန္းေတာင္မသုံးျဖစ္ဘူး။ အခုေတာ့ သားကေနျပန္ေကာင္းခါစ သူ႕ဖြားဖြားနဲ႕ သူ႕ဘြားဘြား ႏွစ္ေယာက္ၾကားေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလးျဖစ္ေနေတာ့ ဒီေမေမစိတ္ပူတာသက္သာတယ္။
သားေလးပထမဦးဆုံးေနမေကာင္းစျဖစ္ဖူးတာဆိုေတာ့ က်မမွာစိတ္ပူလို႔ငိုလိုက္ရတာ။ ကိုယ့္မွာမ်က္စိစြံၿပီနာေနတာေတာင္ ဂ႐ုမစိုက္နိုင္ဘူး။ ညဘက္ ကိုယ္ပူခ်ိန္မက်တဲ့ရက္ကဆို သားကိုတစ္ညလုံးထိုင္ဖက္ထားတာ။
သားကလဲ အေမရင္ခြင္ထဲပဲေနတာ။ ေယာက်္ားကလဲ တစ္ညလုံးသူလဲမအိပ့္ရရွာဘူ သူ႕သားေနမေကာင္းလို႔ စိတ္ပူၿပီ ကိုယ္နဲ႕အတူတူေစာင့္ေပးရွာတယ္။ ကေလးေလးေတြေနမေကာင္းျဖစ္ေနတဲ့အခ်ိန္ဆို
သိပ့္သနားဖို႔ေကာင္းတာပဲ။ က်မကေတာ့ ကိုယ့္ကိုကိုယ္အျပစ္တင္မိတယ္ ငါအသုံးမက်လိဳ႕ သားေနမေကာင္းျဖစ္ရတာလို႔ဆိုၿပီ။ ေယာကၡမေတြနဲ႕ေယာက်္ားကေတာ့က်မကိုစိတ္သက္သာရေအာင္ေျပာပါတယ္
ကေလးဆိုတာ ဒီလိုအ႐ြယ္တခါတေလဖ်ားတတ္တယ္တဲ့ သူတို႔ေလးေတြ ခႏၶာကိုယ္ႀကီးထြားေျပာင္းလဲလာတဲ့အတြက္ ၿပီေတာ့ သြားေပါက္ခ်င္လာတဲ့အခါလဲ ဖ်ားတတ္တယ္တဲ့။ က်မသားေလးကိုၾကည့္ၿပီ
က်မ မိဘေမတၱာပိုနားလည္လာတယ္။ ခ်စ္တယ္ သားရယ္ ငယ္တုန္းမွာအသကုန္ခ်စ္ထားမယ္ သူေလးႀကီးလို႔အ႐ြယ္ေရာက္လာရင္ ငယ္ငယ္တုန္းကလို ရင္ခြင္ထဲးတစ္ခ်ိန္လုံးထည့္ထားလို႔ရမွာမဟုတ္ဘူးေလေနာ္” ဆိုၿပီး
ေျပာလာပါတယ္။ စုစုေဝကေတာ့ သားေလးေနမေကာင္းျဖစ္ေနခ်ိန္မွာ ကိုယ့္ကိုကိုယ္အျပစ္တင္မိေပမယ့္ ခင္ပြန္းျဖစ္တဲ့ Mikis နဲ႕ မိသားစုဝင္ေတြရဲ႕ ေျဖာင့္ဖ်ႏွစ္သိမ့္မႈေၾကာင့္
စိတ္သက္သာရာရခဲ့ရတယ္လို႔ ဆိုပါတယ္။ စုစုေဝရဲ႕ သားသားေလးလည္း ေမေမစိတ္ပူရသက္သာေအာင္ က်န္းက်န္းမာမာနဲ႕ ႀကီးျပင္းလာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ခရက္ဒစ္
Leave a Reply