
အမေရိကန်ပြည်ထောင်စုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အမျိုးသားညီညွတ် ရေးအစိုးရ NUG ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်ပြုကော်မတီ CRPH မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံကြောင်း သိရှီရသည်။
မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၀ ရက်နေ့ (အမေရိကန်စံတော်ချိန် စက် တင်ဘာလ ၁၉ ရက်နေ့) နယူးယောက်တွင် တွေ့ဆုံကြခြင်းဖြစ်ပြီး NUG ဘက်မှ ဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဝန်ကြီး ဦးအောင်မျိုးမင်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်သော နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးကောင်စီ ASEANMP က ဆောင်ရွက်ခဲ့သော မြန်မာ့အရေး နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု (IPI) နှင့်ပတ်သက်၍လည်း အစည်း အဝေးကို ဦး ဆောင်ကျင်းပခဲ့ပြီး ASEANMP ဘက်မှ ကိုယ်စားလှယ်များ၊ NUG ၊ NUCC နှင့် CRPHဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
အေမရိကန္တြင္ မေလးရွားနိုင္ငံျခားေရးဝန္ႀကီးက NUG ၊ NUCC ႏွင့္ CRPH ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံ
အေမရိကန္ျပည္ေထာင္စုတြင္ မေလးရွားနိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က အမ်ိဳးသားညီၫြတ္ ေရးအစိုးရ NUG ၊ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ NUCC ႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္ စားလွယ္ျပဳေကာ္မတီ CRPH မွ ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံေၾကာင္း သိရွီရသည္။
ျမန္မာစံေတာ္ခ်ိန္ စက္တင္ဘာလ ၂၀ ရက္ေန႕ (အေမရိကန္စံေတာ္ခ်ိန္ စက္ တင္ဘာလ ၁၉ ရက္ေန႕) နယူးေယာက္တြင္ ေတြ႕ဆုံၾကျခင္းျဖစ္ၿပီး NUG ဘက္မွ ဝန္ႀကီး ဦးထင္လင္းေအာင္၊ နိုင္ငံျခားေရး ဒုဝန္ႀကီး ဦးမိုးေဇာ္ဦး၊ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ ဝန္ႀကီး ဦးေအာင္မ်ိဳးမင္း၊ CRPH ဥကၠ႒ ဦးေအာင္ၾကည္ၫြန႔္အပါအဝင္ ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကသည္။
ေတြ႕ဆုံပြဲတြင္ မေလးရွားနိုင္ငံျခားေရးဝန္ႀကီးက ျမန္မာနိုင္ငံႏွင့္ပတ္သက္ေသာ ေနာက္ဆုံးအေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရွိရသည္။
ထို႔ျပင္ အာဆီယံ လႊတ္ေတာ္အမတ္မ်ား လူ႕အခြင့္အေရးေကာင္စီ ASEANMP က ေဆာင္႐ြက္ခဲ့ေသာ ျမန္မာ့အေရး ႏွင့္ပတ္သက္သည့္ စုံစမ္းစစ္ေဆးေရးဆိုင္ရာ ျဖစ္ေပၚတိုးတက္မႈ (IPI) ႏွင့္ပတ္သက္၍လည္း အစည္း အေဝးကို ဦး ေဆာင္က်င္းပခဲ့ၿပီး ASEANMP ဘက္မွ ကိုယ္စားလွယ္မ်ား၊ NUG ၊ NUCC ႏွင့္ CRPHဘက္မွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရသည္။
Leave a Reply