ပြည်ပ ငွေလွှဲလုပ်ငန်းများ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုများကို ငွေကြေး ထောက်ပံ့မှု ရှိမရှိကို စစ်ဆေးသွားမယ်လို့ ဗဟိုဘဏ် ပြော

ပြည်ပ ငွေလွှဲလုပ်ငန်းများ ငွေကြေးခဝါချမှုနဲ့ အကြမ်း ဖက်မှုများကို ငွေကြေး ထောက်ပံ့မှု ရှိမရှိကို စစ်ဆေးသွားမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိတွင် ပြည်ငွေလွှဲလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရ ကုမ္ပဏီများအတွက် ကြီးကြပ် စစ်ဆေးရေး လက်စွဲစာစောင်ကို အပြီးသတ်ရေးဆွဲလျက်ရှိပြီး မကြာမီ ထုတ်ပြန်သွားမှာ ဖြစ်ကာ ယင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပ ဏီတွေကို စစ်ဆေးသွားမယ်လို့ဆိုပါတယ်။

ဗဟိုဘဏ်အနေနဲ့ ရွေ့ပြောင်းလုပ်ငန်းတွေ ပြည်ပကနေ ငွေလွှဲရာမှာ တရားဝင်လမ်းကြောင်းကနေ အသုံးပြုနိုင်ဖို့အတွက် ပြည်ပငွေလွှဲ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီ ၁၁ ခုကို လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

လက်ရှိတွင် လက်နက် ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနှင့် စပ်လျဉ်းပြီး ပစ်မှတ်ထားသည့် ငွေကြေးဆိုင်ရာအရေးယူမှုများ လိုက်နာမှုရှိ/မရှိ ဘဏ်များကို စစ်ဆေးလျက်ရှိပြီး ဘဏ် ၉ ဘဏ်ကိုလည်း စစ်ဆေးထားပြီးပြီလို့ ဆိုပါတယ်။

ဗဟိုဘဏ်က ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေပုဒ်မ ၅(ဂ)အရ ငွေရေးကြေးရေး အဖွဲ့အစည်းများရဲ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထော က်ပံ့မှု တိုက်ဖျက်ရေး (AML/CFT )ဆိုင်ရာ ကြီးကြပ်ရေး အာဏာပိုင်ဖြစ်လို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး ကြပ်မတ်ကွပ်ကဲလျက်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ျပည္ပ ေငြလႊဲလုပ္ငန္းမ်ား ေငြေၾကးခဝါခ်မႈနဲ႕ အၾကမ္း ဖက္မႈမ်ားကို ေငြေၾကး ေထာက္ပံ့မႈ ရွိမရွိကို စစ္ေဆးသြားမယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္လိုက္ပါတယ္။

လက္ရွိတြင္ ျပည္ေငြလႊဲလုပ္ငန္းလုပ္ကိုင္ခြင့္ လိုင္စင္ရ ကုမၸဏီမ်ားအတြက္ ႀကီးၾကပ္ စစ္ေဆးေရး လက္စြဲစာေစာင္ကို အၿပီးသတ္ေရးဆြဲလ်က္ရွိၿပီး မၾကာမီ ထုတ္ျပန္သြားမွာ ျဖစ္ကာ ယင္းလုပ္ငန္းလုပ္ကိုင္ခြင့္ရ ကုမၸ ဏီေတြကို စစ္ေဆးသြားမယ္လို႔ဆိုပါတယ္။

ဗဟိုဘဏ္အေနနဲ႕ ေ႐ြ႕ေျပာင္းလုပ္ငန္းေတြ ျပည္ပကေန ေငြလႊဲရာမွာ တရားဝင္လမ္းေၾကာင္းကေန အသုံးျပဳနိုင္ဖို႔အတြက္ ျပည္ပေငြလႊဲ လုပ္ငန္း လုပ္ကိုင္ခြင့္ ရရွိသည့္ ကုမၸဏီ ၁၁ ခုကို လုပ္ကိုင္ခြင့္ျပဳထားတယ္လို႔ ဆိုပါတယ္။

လက္ရွိတြင္ လက္နက္ ျပန႔္ပြားမႈကို ေငြေၾကးေထာက္ပံ့မႈႏွင့္ စပ္လ်ဥ္းၿပီး ပစ္မွတ္ထားသည့္ ေငြေၾကးဆိုင္ရာအေရးယူမႈမ်ား လိုက္နာမႈရွိ/မရွိ ဘဏ္မ်ားကို စစ္ေဆးလ်က္ရွိၿပီး ဘဏ္ ၉ ဘဏ္ကိုလည္း စစ္ေဆးထားၿပီးၿပီလို႔ ဆိုပါတယ္။

ဗဟိုဘဏ္က ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားဥပေဒပုဒ္မ ၅(ဂ)အရ ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားရဲ႕ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကို ေငြေၾကးေထာ က္ပံ့မႈ တိုက္ဖ်က္ေရး (AML/CFT )ဆိုင္ရာ ႀကီးၾကပ္ေရး အာဏာပိုင္ျဖစ္လို႔ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ၿပီး ၾကပ္မတ္ကြပ္ကဲလ်က္ရွိတယ္လို႔ ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*