
စကစ လက်အောက်ခံ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆင်းကတ်မှတ်ပုံတင်နဲ့ မူရင်း မှတ်ပုံတင်များကို တိုက်ဆိုင်စစ်ဆေးပြီး မတူညီပါက ဆင်းကတ်များကို ပိတ်သိမ်းပြီး ဖုန်းငွေလက်ကျန်များကို သိမ်း ဆည်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ဆင်းကတ် မှတ်ပုံတင်ရာမှာ ဖြည့်စွက်ထားတဲ့ အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား အမှတ်တို့ကို လဝကဌာနမှ ကွန်ပျူတာ အချက်အလက်များနဲ့ တိုက်ဆိုင် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဆက်သွယ်ရေး အော်ပရေတာများနဲ့ ဆင်းကတ် ရောင်း ချသူတွေအနေနဲ့လည်း ဆင်းကတ်ရောင်းချရာမှာ စကစရဲ့ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားဖို့နဲ့ မဆောင်ရွက်ပါက အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စကစအနေနဲ့ မိုဘိုင်းငွေပေးချေမှု အက်ပလီကေးရှင်းများကို level မမြှင့်ပါက ပိတ်ပစ်မည်ဟု ကြေညာပြီးနောက် ဆင်းကတ်များကိုပါ ပိတ်ပစ်မယ်လို့ ထပ်မံကြေညာလိုက်တာ ဖြစ်ပါတယ်။ဆင်းကတ် မှတ်ပုံတင်ခြင်း ကိစ္စဟာ အန်နယ်ဒီ အစိုးရလက်ထက်ကတည်းက မအောင်မြင်ခဲ့တဲ့ လုပ်ငန်းတခု ဖြစ်ကြောင်း၊
သုံးစွဲသူတွေအနေနဲ့ အာဏာသိမ်းပြီးကတည်းက ဆင်းကတ်တွေကို နောက်တခေါက် မှတ်ပုံတင်ပြီး ဖြစ်ပေမယ့် အော်ပရေတာတွေ ကိုယ်တိုင် ထုတ်ရောင်းနေတာကို မတားဆီးနိုင်ကြောင်း၊ ဆင်းကတ်တွေ ပိတ်ပစ်ပြီး ဖုန်းဘေလ်တွေ သိမ်းတာထက် လှည်းတန်း လမ်းဘေးမှာ ချရောင်းနေတဲ့ ဆင်းကတ်တွေကို အရင်ဖမ်းရမှာ ဖြစ်ကြောင်း နည်းပညာကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာ တဦးက ပြောပါတယ်။
စကစအနေနဲ့ လုံခြုံရေး အကြောင်းပြကာ အော်ပ ရေတာကုမ္ပဏီများအား ကြားဖြတ်နားထောင်ရေးကိရိယာများ တပ်ခိုင်းထားပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်လျက်ရှိပါတယ်။ အဲဒါကြောင့် ပြည်ပအော်ပရေတာ ကုမ္ပဏီများ တခုပြီး တခု ထွက်ခွာသွားခဲ့ပြီး အခုနောက်ဆုံး ကျန်ရှိတဲ့ အော်ရီဒူးကုမ္ပဏီပါ ရောင်းချပြီး ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ (ပုံ – စကစလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဌာန ဝန်ကြီး တင်အောင်စန်း)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
စကစ လက္ေအာက္ခံ ပို႔ေဆာင္ဆက္သြယ္ေရး ဝန္ႀကီးဌာနက ဆင္းကတ္မွတ္ပုံတင္နဲ႕ မူရင္း မွတ္ပုံတင္မ်ားကို တိုက္ဆိုင္စစ္ေဆးၿပီး မတူညီပါက ဆင္းကတ္မ်ားကို ပိတ္သိမ္းၿပီး ဖုန္းေငြလက္က်န္မ်ားကို သိမ္း ဆည္းသြားမယ္လို႔ ေၾကညာလိုက္ပါတယ္။
ဆင္းကတ္ မွတ္ပုံတင္ရာမွာ ျဖည့္စြက္ထားတဲ့ အမည္၊ နိုင္ငံသား စိစစ္ေရးကတ္ျပား အမွတ္တို႔ကို လဝကဌာနမွ ကြန္ပ်ဴတာ အခ်က္အလက္မ်ားနဲ႕ တိုက္ဆိုင္ စစ္ေဆးသြားမယ္လို႔ သိရပါတယ္။
ဆက္သြယ္ေရး ေအာ္ပေရတာမ်ားနဲ႕ ဆင္းကတ္ ေရာင္း ခ်သဴေတြအေနနဲ႕လည္း ဆင္းကတ္ေရာင္းခ်ရာမွာ စကစရဲ႕ ၫႊန္ၾကားခ်က္မ်ားအတိုင္း ေဆာင္႐ြက္သြားဖို႔နဲ႕ မေဆာင္႐ြက္ပါက အေရးယူမယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
စကစအေနနဲ႕ မိုဘိုင္းေငြေပးေခ်မႈ အက္ပလီေကးရွင္းမ်ားကို level မျမႇင့္ပါက ပိတ္ပစ္မည္ဟု ေၾကညာၿပီးေနာက္ ဆင္းကတ္မ်ားကိုပါ ပိတ္ပစ္မယ္လို႔ ထပ္မံေၾကညာလိုက္တာ ျဖစ္ပါတယ္။ဆင္းကတ္ မွတ္ပုံတင္ျခင္း ကိစၥဟာ အန္နယ္ဒီ အစိုးရလက္ထက္ကတည္းက မေအာင္ျမင္ခဲ့တဲ့ လုပ္ငန္းတခု ျဖစ္ေၾကာင္း၊
သုံးစြဲသူေတြအေနနဲ႕ အာဏာသိမ္းၿပီးကတည္းက ဆင္းကတ္ေတြကို ေနာက္တေခါက္ မွတ္ပုံတင္ၿပီး ျဖစ္ေပမယ့္ ေအာ္ပေရတာေတြ ကိုယ္တိုင္ ထုတ္ေရာင္းေနတာကို မတားဆီးနိုင္ေၾကာင္း၊ ဆင္းကတ္ေတြ ပိတ္ပစ္ၿပီး ဖုန္းေဘလ္ေတြ သိမ္းတာထက္ လွည္းတန္း လမ္းေဘးမွာ ခ်ေရာင္းေနတဲ့ ဆင္းကတ္ေတြကို အရင္ဖမ္းရမွာ ျဖစ္ေၾကာင္း နည္းပညာကုမၸဏီမွာ အလုပ္လုပ္ေနတဲ့ အင္ဂ်င္နီယာ တဦးက ေျပာပါတယ္။
စကစအေနနဲ႕ လုံၿခဳံေရး အေၾကာင္းျပကာ ေအာ္ပ ေရတာကုမၸဏီမ်ားအား ၾကားျဖတ္နားေထာင္ေရးကိရိယာမ်ား တပ္ခိုင္းထားၿပီး ျပည္သူေတြရဲ႕ အခြင့္အေရးကို ခ်ိဳးေဖာက္လ်က္ရွိပါတယ္။ အဲဒါေၾကာင့္ ျပည္ပေအာ္ပေရတာ ကုမၸဏီမ်ား တခုၿပီး တခု ထြက္ခြာသြားခဲ့ၿပီး အခုေနာက္ဆုံး က်န္ရွိတဲ့ ေအာ္ရီဒူးကုမၸဏီပါ ေရာင္းခ်ၿပီး ထြက္ခြာသြားခဲ့ၿပီ ျဖစ္ပါတယ္။ (ပုံ – စကစလက္ေအာက္ခံ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဌာန ဝန္ႀကီး တင္ေအာင္စန္း)
Leave a Reply