အသက် ၄၀ ကျော်အရွယ်ရောက်ပြီဆိုပေမယ် နုပျိုလှပနေဆဲ သူမရဲ့ အလှအပတွေကို လှစ်ဟာ ပြသလာတဲ့ “စိုးမြတ်နန္ဒာ”
ပရိသတ်တွေက ချစ်စနိုးနဲ့ ဒါဒါလို့ခေါ်ကြတဲ့ ဝါရင့်မင်းသမီးကြီး စိုးမြတ်နန္ဒာ ကတော့ တစ်ခေတ်တစ်ခါတုန်းက မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးချောတစ်လက် ဖြစ်ခဲ့ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အနုပညာမျိုးရိုးရှိသူပီပီ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်တာကြောင့် အကယ်ဒမီဆုတွေကိုလဲ ပိုင်ဆိုင် ထားပါသေးတယ်။ အနုပညာလုပ်ငန်းတွေကို
ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက် ရှိနေပါတယ်။ မင်းသမီး စိုးမြတ်နန္ဒာ ရဲ့ အိမ်ထောင်ရေး ကတော့ အဆိုတော်ဖြိုးကြီးနဲ့ အိမ်ထောင်ကျပြီးနောက်
“မြတ်သောမောင်” ဆိုတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ ဖြိုးကြီးနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ လက်ရှိမှာ ရုပ်ရှင် သရုပ်ဆောင် မင်းသားကြီး စိုးသူနဲ့ သာယာပျော်ရွယ်ဖွယ်ကောင်းတဲ့
အချစ်ခရီးလမ်းကို တူတူလျှောက်လှမ်းနေကြပါတယ်နော်။ သူမ ဟာ အသက် ၄၂ နှစ် အရွယ်ရောက်ရှိနေပြီဖြစ်ပေမယ့် နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ ကျန်းမာ နုပျိုလှပနေဆဲ ဖြစ်တဲ့
မင်းသမီး စိုးမြတ်နန္ဒာ ကိုတော့ ချစ်တဲ့ ပရိသတ်တွေက အားကျနေကြတာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင် ရှိပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*