မဟာကရုဏာရှင် ဒရာမာချိုးနေတဲ့ ရေပေါ်ဆီ ဆယ်လီတွေကို အားမနာတမ်းပြောလာတဲ့ ခိုင်နှင်းဝေ

လက်ရှိ လူမှုကွန်ယက် စာမျက်နှာတွေမှာ လူပြောများနေတဲ့ အကြောင်းအရာတွေကတော့ ကလေးသူငယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေ

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ကြုံတွေ့ ဖြေရှင်းနေရတဲ့ ကလေးစွန့်ပစ်မှုပြဿနာနဲ့ ဆင်းရဲ နွမ်းပါး ကလေးငယ်တွေကို ရေပေါ်ဆီ ဆယ်လီတွေရဲ့ ပေါ်ပင်ဝိုင်းရံမှုတို့ကို လူပြောများနေကြပါတယ်။ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ ကြုံတွေ့နေရတဲ့

ကလေးစွန့်ပစ်မှု ပြဿနာဟာ ရှုပ်ထွေးနေသေးပါတယ်။ မင်းသမီး ခိုင်နှင်းဝေကတော့ ကလေးကို ဆက်လက် စောင့်ရှောက်ထားမှာ ဖြစ်ပြီး တရားဥပဒေနဲ့ အညီ ပြုလုပ်ဖို့သာ တောင်းဆိုထားပါတယ်။

ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေဟာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်ရင်း ကလေးသူငယ်များ စောင့်ရှောက်ရေးဂေဟာကိုလည်း စိတ်နှစ်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဂေဟာသို့ ရောက်ရှိလာတဲ့

ကလေးတွေကို တသက်လုံး အာမခံစာချုပ်နဲ့ သေသေချာချာ စောင့်ရှောက်ပေးလျက် ရှိပါတယ်။ အဲဒါကြောင့်လည်း ကလေး စွန့်ပစ်ခံရတယ်ဆိုရင် ခိုင်နှင်းဝေကိုပဲ လူတွေက သတိရနေကြပြီ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ သားသမီး မယူခင်မှာ စဉ်းစားချိန်တွေ အမြောက်အမြား ရပါတယ်။ ဒါပေမယ့် တချို့ ပညာအရည်အချင်းနဲ့ နှလုံးသား နိမ့်ကျတဲ့သူတွေကတော့ စဉ်းစားချိန် မရနိုင်လောက်အောင်ပါပဲ။

လူသားကလေးငယ် တယောက်ကို အင်မတန်ရှုပ်ထွေးတဲ့ လောကကြီးထဲသို့ ရှေ့နောက် မစဉ်းစားဘဲ ခေါ်ဆောင်လာလေ့ ရှိပါတယ်။ ပြီးတော့ ခပ်လွယ်လွယ် စွန့်ပစ်ဖို့ စဉ်းစားကြပါတယ်။ မွေးကင်းစ ကလေးငယ်ကို

စွန့်ပစ်ခြင်းဟာ ထောင်ဒဏ် အပြစ်ပေး ချမှတ်နိုင်ကြောင်းကို ကလေးသူငယ် ဥပဒေမှာ အတိအလင်း ဖော်ပြထားပါတယ်။ ကလေးကို ‌ေသစေလိုတဲ့ ဆန္ဒနဲ့ စွန့်ပ စ်မယ်ဆိုပါက ထောင်ဒဏ်တသ က်တကျွန်းအထိ ချမှတ်နိုင်ပါတယ်။

ပရဟိတ မင်းသမီးကြီး ခိုင်နှင်ဝေး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကန်တော်ကြီးထဲက ကလေးစွန့်ပစ်မှု တခုမှာ စွန့်ပစ်ခံရတဲ့ ကလေးဟာ မြေကြွက်တွေ အန္တရာယ်ကြောင့် အသ က်ဆုံးရှုံးသွားခဲ့ရတယ်လို့

စိတ်မကောင်းစွာ သိခဲ့ရပါတယ်။ တခြားအကြောင်းတွေကြောင့်လည်း စွန့်ပစ်ခံ ကလေးတွေဟာ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်တွေ အများအပြား ရှိခဲ့ပါတယ်။ ကလေးစွန့်ပစ်တာနဲ့ ပတ်သက်လို့

ကိုရီးယားနိုင်ငံက ထူးဆန်းတဲ့ သတင်းတပုဒ်အကြောင်းကို အမှတ်ရမိပါတယ်။ ကိုရီးယားနိုင်ငံမှာ အလွန်အေးတဲ့ ရာသီရှိတာကြောင့် လမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ကလေး အတော်များများက

အသက်ရှင်နိုင်ခြေ ရာခိုင်နှုန်း အတော်နည်းပါတယ်။ အဲဒါကြောင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တခုက အနွေးဓာတ်ပေးထားတဲ့ အိမ်ငယ်လေးတွေကို နိုင်ငံတဝှမ်းမှာ ဆောက်ပေးပြီး ကလေးစွန့်ပစ်ချင်ရင်

အဲဒီအိမ်လေးတွေထဲ စွန့်ပစ်ဖို့ ပညာပေးတဲ့ သတင်းတပုဒ်ပါပဲ။ သူများနိုင်ငံတွေရဲ့ ဘက်စုံထောင့်စုံ တွေးပေးနိုင်စွမ်းကတော့ လေးစားစရာပါပဲ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေနဲ့ကတော့

ကလေး စွန့်ပ စ်မှုတွေ ပိုမို များပြားလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ မိဘတွေအနေနဲ့ ကလေးမယူခင်မှာ သေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်။ နောက်ဆုံး မွေးပြီး ဆက်မကျွေးမွေးနိုင်ရင်တောင်

ဂေဟာတွေမှာ သေသေချာချာ သွားအပ်ကြပါ။ လမ်းဘေးမှာ ထင်သလို မစွန့်ပ စ်ကြပါနဲ့လို့ အသေအချာ အသိပေးလိုပါတယ်။ ကလေးသူငယ်နဲ့ ပတ်သက်ပြီး နောက်ထပ် ပြောချင်တဲ့ကိစ္စတခုကတော့

ရေပေါ်ဆီ ဆယ်လီတွေရဲ့ ပေါ်ပင် မဟာကရုဏာရှင် ဒရမ်မာ ခင်းတဲ့ အကြောင်းပါပဲ။ မြန်မာပြည် အွန်လိုင်းမှာ နာမည်ကြီးချင်ရင် လမ်းပေါ်က ဆင်းရဲနွမ်းပါး ကလေးတွေကို နည်းနည်းပါးပါး

လှူပြလိုက်ဆိုတဲ့ ရေစီးကြောင်းတခု ဖြစ်ပေါ်နေပါတယ်။ တကယ်တော့ ကလေးဆိုတာ အများအားဖြင့် ရောင့်ရဲတတ်တဲ့ စိတ်တွေ ရှိကြပါတယ်။ အရောင်လုံးဝ မရှိသေးတဲ့ ဖြူစင်နေတဲ့ စိတ်တွေရှိတဲ့ ကလေးတွေကို

မိမိ နာမည်ကြီးလိုမှုနဲ့ အရောင်ဝိုင်းဆိုးကြတဲ့ လုပ်ရပ်တွေ ရပ်တန်းက ရပ်ပစ်သင့်ပါပြီ။ တပ်မက်မှု မရှိတဲ့ ကလေးတွေကို အဝတ်အစားတွေ ဆင်ပေး၊ ပိုက်ဆံတွေ အတင်းပေးပြီး လောဘစိတ်ကို

အတင်းသွပ်သွင်း ပေးသလို ဖြစ်နေပါတယ်။ ပြီးတော့ တဘဝလုံးစာ တာဝန်ယူတာလည်း မဟုတ်ဘဲ နောက်တယောက် ပေါ်လာရင် ရှေ့တယောက်ကို မေ့ထားခဲ့ကြဦးမှာပဲ ဖြစ်ပါတယ်။ အမှန်တော့ မြန်မာပြည်ရဲ့

လမ်းပေါ်က ကလေးတွေ လိုအပ်နေတာ ရေပေါ်ဆီ ဆယ်လီတွေရဲ့ ပေါ်ပင် စောင့်ရှောက်မှုတွေ မဟုတ်ပါဘူး။ လုံခြုံတဲ့ ဥပဒေ အကာအကွယ်၊ စေတနာပါတဲ့ စောင့်ရှောက်မှုနဲ့

လွတ်လွတ်လပ်လပ် ပညာသင်ယူခွင့်၊ ကောင်းမွန်စွာ ထိန်းကျောင်းပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို လိုအပ်တာပါ။ ယနေ့လူငယ် နောင်ဝယ် လူကြီးဆိုတဲ့အတိုင်း တိုင်းပြည်အနာဂတ်တွေ ဖြစ်တဲ့ ကလေးတွေ

အခုချိန်မှာ ပလုံးကောက်နေရရင် နောင်တချိန်မှာ တိုင်းပြည်ကြီး ပလုံးကောက်တဲ့ အဖြစ်ကို ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် မြန်မာပြည် ရေပေါ်ဆီ ဆယ်လီတွေအနေနဲ့ တကယ်စေတနာ ကရုဏာရှိရင်

ကလေးတွေရဲ့ တဘဝလုံးစာကို ရန်ပုံငွေထူထောင်ပြီး စောင့်ရှောက်ပေးလိုက်ကြပါ။ လိုက်ခ်ရအောင်၊ ဖော်လိုဝါ တိုးအောင် ပိုက်ဆံ ငါးသောင်း တသိန်းလောက်နဲ့ ကင်မရာကြီး တကားကားနဲ့ သွားလုပ်မနေကြပါနဲ့။ကလေးသူငယ်တွေကို

တကယ်ချစ်ရင် ကလေးသူငယ်တွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားပေးကြပါ။ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရအောင် လုပ်ပေးကြပါလို့ တောင်းဆိုလိုက်ပါရစေ။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

လက္ရွိ လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာ လူေျပာမ်ားေနတဲ့ အေၾကာင္းအရာေတြကေတာ့ ကေလးသူငယ္နဲ႕ သက္ဆိုင္တဲ့ ကိစၥရပ္ေတြပဲ ျဖစ္ပါတယ္။ ပရဟိတ မင္းသမီးႀကီး ခိုင္ႏွင္းေဝ

ႀကဳံေတြ႕ ေျဖရွင္းေနရတဲ့ ကေလးစြန႔္ပစ္မႈျပႆနာနဲ႕ ဆင္းရဲ ႏြမ္းပါး ကေလးငယ္ေတြကို ေရေပၚဆီ ဆယ္လီေတြရဲ႕ ေပၚပင္ဝိုင္းရံမႈတို႔ကို လူေျပာမ်ားေနၾကပါတယ္။ ပရဟိတမင္းသမီးႀကီး ခိုင္ႏွင္းေဝ ႀကဳံေတြ႕ေနရတဲ့

ကေလးစြန႔္ပစ္မႈ ျပႆနာဟာ ရႈပ္ေထြးေနေသးပါတယ္။ မင္းသမီး ခိုင္ႏွင္းေဝကေတာ့ ကေလးကို ဆက္လက္ ေစာင့္ေရွာက္ထားမွာ ျဖစ္ၿပီး တရားဥပေဒနဲ႕ အညီ ျပဳလုပ္ဖို႔သာ ေတာင္းဆိုထားပါတယ္။

ပရဟိတမင္းသမီးႀကီး ခိုင္ႏွင္းေဝဟာ အႏုပညာလုပ္ငန္းမ်ားကို လုပ္ကိုင္ရင္း ကေလးသူငယ္မ်ား ေစာင့္ေရွာက္ေရးေဂဟာကိုလည္း စိတ္ႏွစ္ၿပီး လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ သူ႕ရဲ႕ ေဂဟာသို႔ ေရာက္ရွိလာတဲ့

ကေလးေတြကို တသက္လုံး အာမခံစာခ်ဳပ္နဲ႕ ေသေသခ်ာခ်ာ ေစာင့္ေရွာက္ေပးလ်က္ ရွိပါတယ္။ အဲဒါေၾကာင့္လည္း ကေလး စြန႔္ပစ္ခံရတယ္ဆိုရင္ ခိုင္ႏွင္းေဝကိုပဲ လူေတြက သတိရေနၾကၿပီ ျဖစ္ပါတယ္။

မိဘေတြအေနနဲ႕ သားသမီး မယူခင္မွာ စဥ္းစားခ်ိန္ေတြ အေျမာက္အျမား ရပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ ပညာအရည္အခ်င္းနဲ႕ ႏွလုံးသား နိမ့္က်တဲ့သူေတြကေတာ့ စဥ္းစားခ်ိန္ မရနိုင္ေလာက္ေအာင္ပါပဲ။

လူသားကေလးငယ္ တေယာက္ကို အင္မတန္ရႈပ္ေထြးတဲ့ ေလာကႀကီးထဲသို႔ ေရွ႕ေနာက္ မစဥ္းစားဘဲ ေခၚေဆာင္လာေလ့ ရွိပါတယ္။ ၿပီးေတာ့ ခပ္လြယ္လြယ္ စြန႔္ပစ္ဖို႔ စဥ္းစားၾကပါတယ္။ ေမြးကင္းစ ကေလးငယ္ကို

စြန႔္ပစ္ျခင္းဟာ ေထာင္ဒဏ္ အျပစ္ေပး ခ်မွတ္နိုင္ေၾကာင္းကို ကေလးသူငယ္ ဥပေဒမွာ အတိအလင္း ေဖာ္ျပထားပါတယ္။ ကေလးကို ‌ေသေစလိုတဲ့ ဆႏၵနဲ႕ စြန႔္ပ စ္မယ္ဆိုပါက ေထာင္ဒဏ္တသ က္တကြၽန္းအထိ ခ်မွတ္နိုင္ပါတယ္။

ပရဟိတ မင္းသမီးႀကီး ခိုင္ႏွင္ေဝး ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရတဲ့ ကန္ေတာ္ႀကီးထဲက ကေလးစြန႔္ပစ္မႈ တခုမွာ စြန႔္ပစ္ခံရတဲ့ ကေလးဟာ ေျမႂကြက္ေတြ အႏၲရာယ္ေၾကာင့္ အသ က္ဆုံးရႈံးသြားခဲ့ရတယ္လို႔

စိတ္မေကာင္းစြာ သိခဲ့ရပါတယ္။ တျခားအေၾကာင္းေတြေၾကာင့္လည္း စြန႔္ပစ္ခံ ကေလးေတြဟာ အသက္ဆုံးရႈံးခဲ့ရတဲ့ အျဖစ္အပ်က္ေတြ အမ်ားအျပား ရွိခဲ့ပါတယ္။ ကေလးစြန႔္ပစ္တာနဲ႕ ပတ္သက္လို႔

ကိုရီးယားနိုင္ငံက ထူးဆန္းတဲ့ သတင္းတပုဒ္အေၾကာင္းကို အမွတ္ရမိပါတယ္။ ကိုရီးယားနိုင္ငံမွာ အလြန္ေအးတဲ့ ရာသီရွိတာေၾကာင့္ လမ္းေဘးမွာ စြန႔္ပစ္ခံရတဲ့ ကေလး အေတာ္မ်ားမ်ားက

အသက္ရွင္နိုင္ေျခ ရာခိုင္ႏႈန္း အေတာ္နည္းပါတယ္။ အဲဒါေၾကာင့္ ကေလးေစာင့္ေရွာက္ေရးအဖြဲ႕တခုက အေႏြးဓာတ္ေပးထားတဲ့ အိမ္ငယ္ေလးေတြကို နိုင္ငံတဝွမ္းမွာ ေဆာက္ေပးၿပီး ကေလးစြန႔္ပစ္ခ်င္ရင္

အဲဒီအိမ္ေလးေတြထဲ စြန႔္ပစ္ဖို႔ ပညာေပးတဲ့ သတင္းတပုဒ္ပါပဲ။ သူမ်ားနိုင္ငံေတြရဲ႕ ဘက္စုံေထာင့္စုံ ေတြးေပးနိုင္စြမ္းကေတာ့ ေလးစားစရာပါပဲ ျမန္မာနိုင္ငံရဲ႕ လက္ရွိစီးပြားေရး အေျခအေနနဲ႕ကေတာ့

ကေလး စြန႔္ပ စ္မႈေတြ ပိုမို မ်ားျပားလာနိုင္မယ္လို႔ ခန႔္မွန္းရပါတယ္။ မိဘေတြအေနနဲ႕ ကေလးမယူခင္မွာ ေသခ်ာစဥ္းစားဆုံးျဖတ္သင့္ပါတယ္။ ေနာက္ဆုံး ေမြးၿပီး ဆက္မေကြၽးေမြးနိုင္ရင္ေတာင္

ေဂဟာေတြမွာ ေသေသခ်ာခ်ာ သြားအပ္ၾကပါ။ လမ္းေဘးမွာ ထင္သလို မစြန႔္ပ စ္ၾကပါနဲ႕လို႔ အေသအခ်ာ အသိေပးလိုပါတယ္။ ကေလးသူငယ္နဲ႕ ပတ္သက္ၿပီး ေနာက္ထပ္ ေျပာခ်င္တဲ့ကိစၥတခုကေတာ့

ေရေပၚဆီ ဆယ္လီေတြရဲ႕ ေပၚပင္ မဟာက႐ုဏာရွင္ ဒရမ္မာ ခင္းတဲ့ အေၾကာင္းပါပဲ။ ျမန္မာျပည္ အြန္လိုင္းမွာ နာမည္ႀကီးခ်င္ရင္ လမ္းေပၚက ဆင္းရဲႏြမ္းပါး ကေလးေတြကို နည္းနည္းပါးပါး

လႉျပလိုက္ဆိုတဲ့ ေရစီးေၾကာင္းတခု ျဖစ္ေပၚေနပါတယ္။ တကယ္ေတာ့ ကေလးဆိုတာ အမ်ားအားျဖင့္ ေရာင့္ရဲတတ္တဲ့ စိတ္ေတြ ရွိၾကပါတယ္။ အေရာင္လုံးဝ မရွိေသးတဲ့ ျဖဴစင္ေနတဲ့ စိတ္ေတြရွိတဲ့ ကေလးေတြကို

မိမိ နာမည္ႀကီးလိုမႈနဲ႕ အေရာင္ဝိုင္းဆိုးၾကတဲ့ လုပ္ရပ္ေတြ ရပ္တန္းက ရပ္ပစ္သင့္ပါၿပီ။ တပ္မက္မႈ မရွိတဲ့ ကေလးေတြကို အဝတ္အစားေတြ ဆင္ေပး၊ ပိုက္ဆံေတြ အတင္းေပးၿပီး ေလာဘစိတ္ကို

အတင္းသြပ္သြင္း ေပးသလို ျဖစ္ေနပါတယ္။ ၿပီးေတာ့ တဘဝလုံးစာ တာဝန္ယူတာလည္း မဟုတ္ဘဲ ေနာက္တေယာက္ ေပၚလာရင္ ေရွ႕တေယာက္ကို ေမ့ထားခဲ့ၾကဦးမွာပဲ ျဖစ္ပါတယ္။ အမွန္ေတာ့ ျမန္မာျပည္ရဲ႕

လမ္းေပၚက ကေလးေတြ လိုအပ္ေနတာ ေရေပၚဆီ ဆယ္လီေတြရဲ႕ ေပၚပင္ ေစာင့္ေရွာက္မႈေတြ မဟုတ္ပါဘူး။ လုံၿခဳံတဲ့ ဥပေဒ အကာအကြယ္၊ ေစတနာပါတဲ့ ေစာင့္ေရွာက္မႈနဲ႕

လြတ္လြတ္လပ္လပ္ ပညာသင္ယူခြင့္၊ ေကာင္းမြန္စြာ ထိန္းေက်ာင္းေပးနိုင္တဲ့ ပတ္ဝန္းက်င္ကို လိုအပ္တာပါ။ ယေန႕လူငယ္ ေနာင္ဝယ္ လူႀကီးဆိုတဲ့အတိုင္း တိုင္းျပည္အနာဂတ္ေတြ ျဖစ္တဲ့ ကေလးေတြ

အခုခ်ိန္မွာ ပလုံးေကာက္ေနရရင္ ေနာင္တခ်ိန္မွာ တိုင္းျပည္ႀကီး ပလုံးေကာက္တဲ့ အျဖစ္ကို ေရာက္သြားပါလိမ့္မယ္။ ဒါေၾကာင့္ ျမန္မာျပည္ ေရေပၚဆီ ဆယ္လီေတြအေနနဲ႕ တကယ္ေစတနာ က႐ုဏာရွိရင္

ကေလးေတြရဲ႕ တဘဝလုံးစာကို ရန္ပုံေငြထူေထာင္ၿပီး ေစာင့္ေရွာက္ေပးလိုက္ၾကပါ။ လိုက္ခ္ရေအာင္၊ ေဖာ္လိုဝါ တိုးေအာင္ ပိုက္ဆံ ငါးေသာင္း တသိန္းေလာက္နဲ႕ ကင္မရာႀကီး တကားကားနဲ႕ သြားလုပ္မေနၾကပါနဲ႕။ကေလးသူငယ္ေတြကို

တကယ္ခ်စ္ရင္ ကေလးသူငယ္ေတြကို အကာအကြယ္ေပးနိုင္တဲ့ ဥပေဒေတြကို အေကာင္အထည္ေဖာ္နိုင္ေအာင္ ႀကိဳးစားေပးၾကပါ။ လြတ္လပ္စြာ ပညာသင္ၾကားခြင့္ရေအာင္ လုပ္ေပးၾကပါလို႔ ေတာင္းဆိုလိုက္ပါရေစ။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*