
ဒီနေ့စက်တင်ဘာ ၁၉ ရက် မနက် ၁၁ နာရီ ပြင်ပရွှေဈေးကွက်ဖွင့်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းနဲ့ ရွှေဆိုင်တွေဈေးဖွင့်လာခဲ့ပြီး ရွှေဈေးနှုန်း ဆက်တိုက်ပြန်ကျလာနိုင်တယ်လို့ ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောပါတယ်။
“ရွှေက ကမ္ဘာ့ဈေးလည်းကျတယ်၊ ပြည်တွင်းဒေါ်လာဈေးလည်းကျတယ်၊ ကျောက်မျက်ကလည်း ရွှေဒင်္ဂါးပြားတွေရောင်းပေးတဲ့အခါကျတော့ ဈေးကွက်ထဲမှာ ပစ္စည်းပြတ်တယ်ဆိုတာ မရှိတော့ဘူးပေါ့။ အရင်တုန်းကတော့ ပစ္စည်းပြတ်မယ်အထင်နဲ့ လုပြီးဝယ်ကြတော့ ဈေးမတည်ငြိမ်တာ။
အခု ရွှေဈေးကဆက်ကျဦးမှာပဲ ပြည်တွင်းမှာလည်း ဒီဇင်ဘာလ လောက်ဆို တွင်းတွေက တူးဖော်တဲ့ လုပ်ငန်းတွေပြန်စတော့မှာ အဲ့ချိန်ရွှေကလည်း အများကြီး ပြန်ထွက်လာမယ်။ပြည်တွင်းမှာလည်း အခုချိန်က အလုပ်အကိုင်ပါး ဝင်ငွေနည်းတဲ့အချိန်ဆိုတော့ အဝယ်သိပ်မရှိကြဘူး။ အရောင်းပဲများတယ်။
ဘဏ်စနစ်နဲ့ပေးချေဖို့ကလည်း အရင်ကထဲကလုပ်နေတော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ ဘဏ်စနစ်နဲ့ လွှဲလို့ရတာကိုပဲ ရွှေသမားတွေက ကျေးဇူးတင်နေရတာ၊ ငွေထုပ်ကြီးပိုက်ပြီး သွားရတဲ့အလုပ်က အချိန်လည်းကုန်၊ အန္တရာယ်လည်းများတယ်” လို့ ဦးမျိုးမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗဟိုဘဏ်အနေနဲ့ ရွှေတုံးရွှေခဲများ အရောင်းအဝယ်လုပ်ဆောင်ရာမှာ ဘဏ်စနစ်နဲ့သာ ပေးချေလုပ်ဆောင်ဖို့ ပြောကြားထားတာဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ ရွှေတုံးရွှေခဲ ရောင်းဝယ်မှုတွင် အများစုမှာ သက်ဆိုင်ရာ ရွှေအသင်းများမှတဆင့် ရွှေပြ၊ ငွေပြ ရောင်းဝယ်မှုစနစ်ဖြင့် အ ရောင်းအဝယ်ပြုလုပ်ပြီး လက်ရှိနိုင်ငံခြားငွေ ပေါက် ဈေးအပေါ်တွက်ချက်ကာ ဈေးနှုန်းသတ်မှတ်ရောင်း ဝယ်ကြကြောင်းလည်း သိရသည်။
ဒီနေ့ပြင်ပရွှေဈေးကွက်စဖွင့်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းနဲ့ ဆိုင်တွေကရောင်းပြီး ဆိုင်ဝယ်ဈေး ၂၈၅၀၀၀၀ ကျပ် ဖြစ်ကာ ၁၅ ပဲရည်ကိုတော့ ကျပ် ၂၇ သိန်းအထက် ဈေးနဲ့ အရောင်းအဝယ်လုပ်ကြတယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်တွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ဒီနေ့ ရွှေအဖွင့်ဈေးကို ဗဟိုဘဏ်ဒေါ်လာပေါက်ဈေး (၂၁၀၀) နဲ့တွက်ပြီး အခေါက်ရွှေတစ်ကျပ်သား ၁၉၆၃၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ေ႐ႊတြင္းေတြက တူးေဖာ္တဲ့ ေ႐ႊေတြ အမ်ားႀကီးထြက္မည္၊ ျပည္တြင္း ေ႐ႊေဈး ဆက္တိုက္ျပန္က်လာမည္..
ဒီေန႕စက္တင္ဘာ ၁၉ ရက္ မနက္ ၁၁ နာရီ ျပင္ပေ႐ႊေဈးကြက္ဖြင့္ခ်ိန္မွာ အေခါက္ေ႐ႊတစ္က်ပ္သားကို က်ပ္ ၂၉ သိန္းနဲ႕ ေ႐ႊဆိုင္ေတြေဈးဖြင့္လာခဲ့ၿပီး ေ႐ႊေဈးႏႈန္း ဆက္တိုက္ျပန္က်လာနိုင္တယ္လို႔ ရန္ကုန္ တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ဦးမ်ိဳးျမင့္က ေျပာပါတယ္။
“ေ႐ႊက ကမာၻ႔ေဈးလည္းက်တယ္၊ ျပည္တြင္းေဒၚလာေဈးလည္းက်တယ္၊ ေက်ာက္မ်က္ကလည္း ေ႐ႊဒဂၤါးျပားေတြေရာင္းေပးတဲ့အခါက်ေတာ့ ေဈးကြက္ထဲမွာ ပစၥည္းျပတ္တယ္ဆိုတာ မရွိေတာ့ဘူးေပါ့။ အရင္တုန္းကေတာ့ ပစၥည္းျပတ္မယ္အထင္နဲ႕ လုၿပီးဝယ္ၾကေတာ့ ေဈးမတည္ၿငိမ္တာ။
အခု ေ႐ႊေဈးကဆက္က်ဦးမွာပဲ ျပည္တြင္းမွာလည္း ဒီဇင္ဘာလ ေလာက္ဆို တြင္းေတြက တူးေဖာ္တဲ့ လုပ္ငန္းေတြျပန္စေတာ့မွာ အဲ့ခ်ိန္ေ႐ႊကလည္း အမ်ားႀကီး ျပန္ထြက္လာမယ္။ျပည္တြင္းမွာလည္း အခုခ်ိန္က အလုပ္အကိုင္ပါး ဝင္ေငြနည္းတဲ့အခ်ိန္ဆိုေတာ့ အဝယ္သိပ္မရွိၾကဘူး။ အေရာင္းပဲမ်ားတယ္။
ဘဏ္စနစ္နဲ႕ေပးေခ်ဖိဳ႕ကလည္း အရင္ကထဲကလုပ္ေနေတာ့ ဘာမွ ထူးထူးျခားျခားမရွိပါဘူး၊ ဘဏ္စနစ္နဲ႕ လႊဲလို႔ရတာကိုပဲ ေ႐ႊသမားေတြက ေက်းဇူးတင္ေနရတာ၊ ေငြထုပ္ႀကီးပိုက္ၿပီး သြားရတဲ့အလုပ္က အခ်ိန္လည္းကုန္၊ အႏၲရာယ္လည္းမ်ားတယ္” လို႔ ဦးမ်ိဳးျမင့္က ေျပာပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းက ဗဟိုဘဏ္အေနနဲ႕ ေ႐ႊတုံးေ႐ႊခဲမ်ား အေရာင္းအဝယ္လုပ္ေဆာင္ရာမွာ ဘဏ္စနစ္နဲ႕သာ ေပးေခ်လဳပ္ေဆာင္ဖို႔ ေျပာၾကားထားတာျဖစ္ပါတယ္။ လက္ရွိ ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း၌ ေ႐ႊတုံးေ႐ႊခဲ ေရာင္းဝယ္မႈတြင္ အမ်ားစုမွာ သက္ဆိုင္ရာ ေ႐ႊအသင္းမ်ားမွတဆင့္ ေ႐ႊျပ၊ ေငြျပ ေရာင္းဝယ္မႈစနစ္ျဖင့္ အ ေရာင္းအဝယ္ျပဳလုပ္ၿပီး လက္ရွိနိုင္ငံျခားေငြ ေပါက္ ေဈးအေပၚတြက္ခ်က္ကာ ေဈးႏႈန္းသတ္မွတ္ေရာင္း ဝယ္ၾကေၾကာင္းလည္း သိရသည္။
ဒီေန႕ျပင္ပေ႐ႊေဈးကြက္စဖြင့္ခ်ိန္မွာ အေခါက္ေ႐ႊတစ္က်ပ္သားကို က်ပ္ ၂၉ သိန္းနဲ႕ ဆိုင္ေတြကေရာင္းၿပီး ဆိုင္ဝယ္ေဈး ၂၈၅၀၀၀၀ က်ပ္ ျဖစ္ကာ ၁၅ ပဲရည္ကိုေတာ့ က်ပ္ ၂၇ သိန္းအထက္ ေဈးနဲ႕ အေရာင္းအဝယ္လုပ္ၾကတယ္လို႔ ရန္ကုန္ၿမိဳ႕က ေ႐ႊဆိုင္ေတြဆီက သိရပါတယ္။
ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ကေတာ့ ဒီေန႕ ေ႐ႊအဖြင့္ေဈးကို ဗဟိုဘဏ္ေဒၚလာေပါက္ေဈး (၂၁၀၀) နဲ႕တြက္ၿပီး အေခါက္ေ႐ႊတစ္က်ပ္သား ၁၉၆၃၀၀၀ က်ပ္ သတ္မွတ္ထားပါတယ္။
Leave a Reply