အဆိုတော်ရွှေထူးကတော့ လူငယ်တွေကြားထဲမှာ နာမည်ကြီးသူဖြစ်ပြီး သူ့ရဲ့သီချင်းလေးတွေဟာလည်းမကြိုက်တဲ့သူမရှိလောက်အောင်ကို ကျော်ကြားတာပဲ ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရွှေထူးဟာ အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်လည်းဖြစ်ပြီး သူ့ရဲ့ဇနီး သရုပ်ဆောင် ရွှေမှုံရတီနဲ့အတူတူ သာယာတဲ့ မိသားစုဘဝကို တည်ဆောက်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ကို ရွှေနှစ်ရွှေမောင်နှံလို့ တင်စားခေါ်ဝေါ်ကြပြီး အားပေးချစ်ခင်ကြတာပဲဖြစ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ (၁၉) ရက်နေ့ကတော့
အားလုံးချစ်တဲ့ အဆိုတော်ရွှေထူးရဲ့ အသက် (၂၈) နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ရွှေထူးက သူ့ရဲ့မွေးနေ့မှာ မနက်အစောကြီးထပြီး ကုသိုလ်ယူခဲ့သလို နေအိမ်က ဘုရားကိုလည်း
ပန်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်၊ ဆွမ်း၊ ဟင်းတို့ကို သူကိုယ်တိုင်ဆက်ကပ်ပြီး ကုသိုလ်ယူခဲ့ကာ မင်္ဂလာရှိရှိဖြတ်သန်းခဲ့ပါတယ်။ ရွှေထူးကတော့ မွေးနေ့တိုင်းမှာ သူ့ရဲ့ဇနီး ရွှေမှုံရတီနဲ့ ဖြတ်သန်းလေ့ရှိသလို
ဒီနှစ်မွေးနေ့မှာလည်း ချစ်ဇနီးနဲ့ အစီအစဉ်တွေရှိဦးမယ်ဆိုတာ သေချာပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့မွေးနေ့ရှင် ရွှေထူးအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply