လက်တလော ရန်ကုန်သားတွေ အကြောက်ဆုံး ကိစ္စနဲ့ ကားပိုင်ရှင် တဉီးရဲ့ ဘတ်မှန်ပျောက်ရှာပုံတော် ရဲ့ ငိုရအခက် ရယ်ရအခက် အဖြစ်

လက်ရှိအချိန်မှာ ကားပိုင်ရှင် ရန်ကုန်သားတွေရဲ့ အကြောက်ဆုံးအရာတွေကို တန်းစီချရေးရင် ကားဘက်မှန် ဖြုတ်ခိုးခံရတဲ့ ကိစ္စက ထိပ်ဆုံးက ပါလာပါလိမ့်မယ်။ ကားပါကင် ရှားပါးလှတဲ့ ရန်ကုန်မြို့မှာ လက်တလော ကြုံတွေ့နေရတာကတော့ ကားဘက်မှန် အခိုးခံရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်တခုမှာတော့ ကားတစီးနဲ့ လူ ၃ ယောက်ဟာ လမ်းပေါ်မှာ တန်းစီရပ်ထားတဲ့ ကားတွေရဲ့ ဘက်မှန်တွေကို ဖြုတ်ခိုးနေတဲ့ပုံတွေ တွေ့ခဲ့ရပါတယ်။ ဘက်မှန်တွေကို လွယ်လွယ်ကူကူ ဖြုတ်ခိုးနေကြပြီး စီစီတီဗီတွေ ရှိပေမယ့် ဂရုမစိုက်ကြတဲ့ပုံစံ ဖြစ်နေပါတယ်။

ကားပါကင် ရှားပါးလွန်းတဲ့ ရန်ကုန်မြို့မှာ ကားတွေကို လမ်းပေါ်မှာ ရပ်ထားရတာကြောင့် ဘက်မှန်သူခိုးတွေအတွက် စိတ်ကြိုက်အနေအထား ဖြစ်နေတာကို တွေ့ရပါတယ်။အဆိုပါ ဘက်မှန်ခိုးယူမှုကို ရဲစခန်းကို အရေးယူပေးဖို့ တိုင်ကြားကြပေမယ့် ရဲစခန်းက သူ့လုံခြုံရေးနဲ့ သူ အလုပ်ရှုပ်နေတာကြောင့် ဘယ်လိုမှ အရေးယူနိုင်ခြင်း မရှိပါဘူး။

အဲဒါကြောင့် ကားပိုင်ရှင်တွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ့်ကားကို လုံခြုံရေး လုပ်ကြပေမယ့်လည်း သူခိုးတွေကတော့ ခိုးမြဲခိုးဆဲ ဖြစ်နေတာကို တွေ့ရပါတယ်။ဘက်မှန်သူခိုးတွေဟာ မှောင်ခိုဈေးတွေမှာ ပြန်ရောင်းလေ့ ရှိပြီး အခိုးခံရတဲ့ပိုင်ရှင်တွေက အဆိုပါဈေးတွေမှာ သွားဝယ်ယူတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် ငိုရအခက် ၊ ရယ်ရအခက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အ ကြောင်း ကားပိုင်ရှင်တဦး ရေးသားထားကို ပြန်လည်ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

ကောင်းလိုက်တဲ့ မြန်မာပြည်၊ အခိုးခံလိုက်ရတဲ့ ပစ္စည်းကို ပြန်ဝယ်တပ်တာ ကိုယ့်ပစ္စည်း ကိုယ်ပြန်ရတယ်၊ လာတပ်တာ အော်ရီဂျင်နယ်လား မေးလိုက်တာ အော်ရီဂျင်နယ်တဲ့၊ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး။ ပစ္စည်း အသစ်က ဖြုတ်ထားတဲ့ အရာတွေက တထပ်ထည်းပဲ။ ပျောက်ဆုံးပစ္စည်းများ တာမွေအခွန်လွတ်ဈေးတွင် ရသည်။ (Zayar Htet)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

လက္ရွိအခ်ိန္မွာ ကားပိုင္ရွင္ ရန္ကုန္သားေတြရဲ႕ အေၾကာက္ဆုံးအရာေတြကို တန္းစီခ်ေရးရင္ ကားဘက္မွန္ ျဖဳတ္ခိုးခံရတဲ့ ကိစၥက ထိပ္ဆုံးက ပါလာပါလိမ့္မယ္။ ကားပါကင္ ရွားပါးလွတဲ့ ရန္ကုန္ၿမိဳ႕မွာ လက္တေလာ ႀကဳံေတြ႕ေနရတာကေတာ့ ကားဘက္မွန္ အခိုးခံရတဲ့ ကိစၥပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက လူမႈကြန္ရက္ေပၚမွာ ပ်ံ့ႏွံ႕ခဲ့တဲ့ ဗီဒီယိုဖိုင္တခုမွာေတာ့ ကားတစီးနဲ႕ လူ ၃ ေယာက္ဟာ လမ္းေပၚမွာ တန္းစီရပ္ထားတဲ့ ကားေတြရဲ႕ ဘက္မွန္ေတြကို ျဖဳတ္ခိုးေနတဲ့ပုံေတြ ေတြ႕ခဲ့ရပါတယ္။ ဘက္မွန္ေတြကို လြယ္လြယ္ကူကူ ျဖဳတ္ခိုးေနၾကၿပီး စီစီတီဗီေတြ ရွိေပမယ့္ ဂ႐ုမစိုက္ၾကတဲ့ပုံစံ ျဖစ္ေနပါတယ္။

ကားပါကင္ ရွားပါးလြန္းတဲ့ ရန္ကုန္ၿမိဳ႕မွာ ကားေတြကို လမ္းေပၚမွာ ရပ္ထားရတာေၾကာင့္ ဘက္မွန္သူခိုးေတြအတြက္ စိတ္ႀကိဳက္အေနအထား ျဖစ္ေနတာကို ေတြ႕ရပါတယ္။အဆိုပါ ဘက္မွန္ခိုးယူမႈကို ရဲစခန္းကို အေရးယူေပးဖို႔ တိုင္ၾကားၾကေပမယ့္ ရဲစခန္းက သူ႕လုံၿခဳံေရးနဲ႕ သူ အလုပ္ရႈပ္ေနတာေၾကာင့္ ဘယ္လိုမွ အေရးယူနိုင္ျခင္း မရွိပါဘူး။

အဲဒါေၾကာင့္ ကားပိုင္ရွင္ေတြက ကိုယ့္အစီအစဥ္နဲ႕ ကိုယ့္ကားကို လုံၿခဳံေရး လုပ္ၾကေပမယ့္လည္း သူခိုးေတြကေတာ့ ခိုးၿမဲခိုးဆဲ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ဘက္မွန္သူခိုးေတြဟာ ေမွာင္ခိုေဈးေတြမွာ ျပန္ေရာင္းေလ့ ရွိၿပီး အခိုးခံရတဲ့ပိုင္ရွင္ေတြက အဆိုပါေဈးေတြမွာ သြားဝယ္ယူတဲ့အခါ တိုက္တိုက္ဆိုင္ဆိုင္ ငိုရအခက္ ၊ ရယ္ရအခက္ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္အ ေၾကာင္း ကားပိုင္ရွင္တဦး ေရးသားထားကို ျပန္လည္ေဖာ္ျပလိုက္ရပါတယ္ ခင္ဗ်ာ။

ေကာင္းလိုက္တဲ့ ျမန္မာျပည္၊ အခိုးခံလိုက္ရတဲ့ ပစၥည္းကို ျပန္ဝယ္တပ္တာ ကိုယ့္ပစၥည္း ကိုယ္ျပန္ရတယ္၊ လာတပ္တာ ေအာ္ရီဂ်င္နယ္လား ေမးလိုက္တာ ေအာ္ရီဂ်င္နယ္တဲ့၊ ဘာေျပာရမယ္မွန္းေတာင္ မသိေတာ့ဘူး။ ပစၥည္း အသစ္က ျဖဳတ္ထားတဲ့ အရာေတြက တထပ္ထည္းပဲ။ ေပ်ာက္ဆုံးပစၥည္းမ်ား တာေမြအခြန္လြတ္ေဈးတြင္ ရသည္။ (Zayar Htet)

Be the first to comment

Leave a Reply

Your email address will not be published.


*