
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေးတပ်ကသေနတ် ၂ လက် စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီးပျောက်ဆုံးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ဥက္ကံမြို့၊ကျွန်းတောကုန်းအုပ်စု၊သကြားစက်အနီးလျှပ် စစ်ဓာတ်အားပေးရုံးမှာတပ်စွဲထားတဲ့ ဥက္ကံမြို့အခြေ စိုက် အမှတ် ၂၀၁၇ လေကြောင်းရန်ကာကွယ်ရေးတပ် (လကတ ၂၀၁၇)တပ်ရင်းက ဗိုလ်မှူးကိုင်ဆောင်တဲ့ ကပစတပ်ထုတ် MA-5 ပစ္စတိုသေနတ် ၁ လက်နဲ့တပ်ကြ ပ်ကြီးကိုင်ဆောင်တဲ့ MA- 3 ချေမှုန်းရေးရိုင်ဖယ် ၁ လက် စုစုပေါင်း ၂ လက်ပျောက်ဆုံးနေတာလို့သိရပါတယ်။
အဲ့ဒီတပ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေနတ်တွေ ပျောက်ဆုံးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ ဥက္ကံမြို့နယ်အတွင်း အမှိုက်ပုံတွေအပါအဝင်နေရာအနှံ့ လှည့်ပတ်ရှာဖွေနေပေမယ့် ဒီကနေ့အထိမတွေ့သေးဘူးလို့ မြို့ခံတဦးကပြောပါတယ်။
” စပျောက်တာက ၁၄ ရက်နေ့ကပေါ့။ သူတို့ကိုယ်တိုင်ကို ဘယ်လိုပျောက်လို့ပျောက်မှန်းမသိဘူး။ အထက်ကိုလည်းမတင်ရဲသေးဘူး။ ဒီနေ့ထိကြိတ်ရှာနေတာ ။ သူတို့စစ်သားတွေလည်းလူစုံတယ်၊ သေနတ်တွေဘဲပျောက်နေတာ၊ သေနတ်ရော ကျည်ဘောက်တွေရော၊ကျည်တွေရောအကုန်ပါသွားတာ။
နေ့တိုင်းရှာနေတာ ရှာတာမှသူတို့ခိုင်းလို့ရတဲ့သူမှန်သမျှကိုခေါ်ပြီး အမှိုက်ပုံတွေမှာရောရှာတာ။ ဘယ်လိုမျိုးလဲဆိုတေ့ာ သေနတ်တွေဖွက်လို့ရနိုင်မယ်၊ ဖွက်ထားနိုင်ဆိုတဲ့နေရာတွေအကုန်လိုက်ရှာနေတာ” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဥက္ကံမြို့ခံအမျိုး သားတဦးက ပြောပါတယ်။
လက်နက်ခဲယမ်းပျောက်ဆုံးရင် စစ်တပ်တပ်ရင်းတွေက၎င်းတို့အထက်ဌာနတွေကို အချိန်နဲ့တပြေးညီတင်ပြရတာဖြစ်ပြီး ပြန်မတွေ့တာမျိုးဆိုရင် စုံ၊ခုံဖွဲ့စစ်ဆေးကာ စစ်တရားရုံးအပေါ်မူတည်ပြီးထောင်ကျ၊ထုတ်ပယ်ပြစ် ဒဏ်ချမှတ်ခံရနိုင်တယ်လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။
” လက်နက်ခဲယမ်းပျောက်တယ်ဆိုရင် သူတို့ကွပ်ကဲမှုတိုင်း၊တပ်မ၊ဌာနချုပ်တွေကို ချက်ချင်းတင်ပြရတယ်။ ကိုယ်ကိုင်နေတဲ့သေနတ်ပါပျောက်တာဆိုတော့ အမှုကပိုကြီးတယ်၊ ကြိတ်ရှာနေတာတော့ပြန်တွေ့ရင်ကောင်းတာပေါ့၊ ပြန်မတွေ့ရင် ထိန်ချန်တာပါ တမှုထပ်တိုးမှာ။ လက်နက်ပျောက်တာက အရင်ကလုပ်ထုံးလုပ်နည်းက စုံ၊ခုံဖွဲ့တယ်၊ နောက်စစ်တရားရုံးပေါ်မူတည်ပြီး လက်န က်တန်ဖိုး ၃ ဆ ပေးလျော်ရတယ်ပြီးရင် ထောင်ချ၊ထုတ် ပယ်ပေါ့ ” လို့ CDM တပ်မတော်သားအရာရှိတဦးကပြောပါတယ်။
ဥက္ကံမြို့ အခြေစိုက် လကတ ၂၀၁၇ တပ်ရင်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဥက္ကံမြို့စစ်ကောင်စီကို တာဝန်ယူထားတဲ့တပ်ဖြစ်ပြီး အဲ့ဒီတပ်ရင်းကစစ်ကောင်စီတပ် သားတွေဟာ ဒေသခံတွေကိုအကြောင်းမဲ့ဖမ်းဆီးနှိပ်စက်တာတွေလုပ်ဆောင်နေတာတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ဥကၠံၿမိဳ႕မွာတပ္စြဲထားတဲ့ လကတ ၂၀၁၇ တပ္ရင္းက ဗိုလ္မႉးနဲ႕တပ္ၾကပ္ႀကီးကိုင္တဲ့ ေသနတ္ ၂ လက္ေပ်ာက္ေနလို႔ အသည္းအသန္ႀကိတ္ရွာေန
ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ဥကၠံၿမိဳ႕အတြင္း တပ္စြဲထားတဲ့ စစ္ေကာင္စီ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ကေသနတ္ ၂ လက္ စက္တင္ဘာလ ၁၄ ရက္ေန႕ကစၿပီးေပ်ာက္ဆုံးေနတယ္လို႔ ၿမိဳ႕ခံေတြဆီကသိရပါတယ္။
ဥကၠံၿမိဳ႕၊ကြၽန္းေတာကုန္းအုပ္စု၊သၾကားစက္အနီးလွ်ပ္ စစ္ဓာတ္အားေပး႐ုံးမွာတပ္စြဲထားတဲ့ ဥကၠံၿမိဳ႕အေျခ စိုက္ အမွတ္ ၂၀၁၇ ေလေၾကာင္းရန္ကာကြယ္ေရးတပ္ (လကတ ၂၀၁၇)တပ္ရင္းက ဗိုလ္မႉးကိုင္ေဆာင္တဲ့ ကပစတပ္ထုတ္ MA-5 ပစၥတိုေသနတ္ ၁ လက္နဲ႕တပ္ၾက ပ္ႀကီးကိုင္ေဆာင္တဲ့ MA- 3 ေခ်မႈန္းေရးရိုင္ဖယ္ ၁ လက္ စုစုေပါင္း ၂ လက္ေပ်ာက္ဆုံးေနတာလို႔သိရပါတယ္။
အဲ့ဒီတပ္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဟာ ေသနတ္ေတြ ေပ်ာက္ဆုံးခဲ့တဲ့ စက္တင္ဘာလ ၁၄ ရက္ေန႕ကစလို႔ ဥကၠံၿမိဳ႕နယ္အတြင္း အမွိုက္ပုံေတြအပါအဝင္ေနရာအႏွံ႕ လွည့္ပတ္ရွာေဖြေနေပမယ့္ ဒီကေန႕အထိမေတြ႕ေသးဘူးလို႔ ၿမိဳ႕ခံတဦးကေျပာပါတယ္။
” စေပ်ာက္တာက ၁၄ ရက္ေန႕ကေပါ့။ သူတို႔ကိုယ္တိုင္ကို ဘယ္လိုေပ်ာက္လို႔ေပ်ာက္မွန္းမသိဘူး။ အထက္ကိုလည္းမတင္ရဲေသးဘူး။ ဒီေန႕ထိႀကိတ္ရွာေနတာ ။ သူတို႔စစ္သားေတြလည္းလူစုံတယ္၊ ေသနတ္ေတြဘဲေပ်ာက္ေနတာ၊ ေသနတ္ေရာ က်ည္ေဘာက္ေတြေရာ၊က်ည္ေတြေရာအကုန္ပါသြားတာ။
ေန႕တိုင္းရွာေနတာ ရွာတာမွသူတို႔ခိုင္းလို႔ရတဲ့သူမွန္သမွ်ကိုေခၚၿပီး အမွိုက္ပုံေတြမွာေရာရွာတာ။ ဘယ္လိုမ်ိဳးလဲဆိုေတ့ာ ေသနတ္ေတြဖြက္လို႔ရနိုင္မယ္၊ ဖြက္ထားနိုင္ဆိုတဲ့ေနရာေတြအကုန္လိုက္ရွာေနတာ” လို႔ လုံၿခဳံေရးအရအမည္မေဖာ္လိုတဲ့ ဥကၠံၿမိဳ႕ခံအမ်ိဳး သားတဦးက ေျပာပါတယ္။
လက္နက္ခဲယမ္းေပ်ာက္ဆုံးရင္ စစ္တပ္တပ္ရင္းေတြက၎တို႔အထက္ဌာနေတြကို အခ်ိန္နဲ႕တေျပးညီတင္ျပရတာျဖစ္ၿပီး ျပန္မေတြ႕တာမ်ိဳးဆိုရင္ စုံ၊ခုံဖြဲ႕စစ္ေဆးကာ စစ္တရား႐ုံးအေပၚမူတည္ၿပီးေထာင္က်၊ထုတ္ပယ္ျပစ္ ဒဏ္ခ်မွတ္ခံရနိုင္တယ္လို႔ CDM တပ္မေတာ္သားတဦးက ေျပာပါတယ္။
” လက္နက္ခဲယမ္းေပ်ာက္တယ္ဆိုရင္ သူတို႔ကြပ္ကဲမႈတိုင္း၊တပ္မ၊ဌာနခ်ဳပ္ေတြကို ခ်က္ခ်င္းတင္ျပရတယ္။ ကိုယ္ကိုင္ေနတဲ့ေသနတ္ပါေပ်ာက္တာဆိုေတာ့ အမႈကပိုႀကီးတယ္၊ ႀကိတ္ရွာေနတာေတာ့ျပန္ေတြ႕ရင္ေကာင္းတာေပါ့၊ ျပန္မေတြ႕ရင္ ထိန္ခ်န္တာပါ တမႈထပ္တိုးမွာ။ လက္နက္ေပ်ာက္တာက အရင္ကလုပ္ထုံးလုပ္နည္းက စုံ၊ခုံဖြဲ႕တယ္၊ ေနာက္စစ္တရား႐ုံးေပၚမူတည္ၿပီး လက္န က္တန္ဖိုး ၃ ဆ ေပးေလ်ာ္ရတယ္ၿပီးရင္ ေထာင္ခ်၊ထုတ္ ပယ္ေပါ့ ” လို႔ CDM တပ္မေတာ္သားအရာရွိတဦးကေျပာပါတယ္။
ဥကၠံၿမိဳ႕ အေျခစိုက္ လကတ ၂၀၁၇ တပ္ရင္းဟာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဥကၠံၿမိဳ႕စစ္ေကာင္စီကို တာဝန္ယူထားတဲ့တပ္ျဖစ္ၿပီး အဲဲ့ဒီတပ္ရင္းကစစ္ေကာင္စီတပ္ သားေတြဟာ ေဒသခံေတြကိုအေၾကာင္းမဲ့ဖမ္းဆီးႏွိပ္စက္တာေတြလုပ္ေဆာင္ေနတာေတြရွိတယ္လို႔ ေဒသခံေတြဆီကသိရပါတယ္။
Leave a Reply