စမတောင်ပေါ်မှ လူငယ်ဖွံ့ဖြိုးရေးကျောင်းကိုသွားရောက်ပြီး လှူဒါန်းမှု့‌တွေ ပြုလုပ်ခဲ့တဲ့ စုလင်းရှိန်
“မာယာလှည့်ကွက်”၊ “စေတလုံးမောင်ဘုန်း” စတဲ့ ဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင် စုလင်းရှိန်ကို ပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
စုလင်းရှိန်ဟာ နာမည်ရစပြုနေတဲ့အချိန်မှာပဲ နိုင်ငံရေးပြဿနာတွေကြောင့် သူမဟာလည်း ဗိုလ်ချုပ်အောင်လင်းဒွေးရဲ့တူမဖြစ်တာကြောင့် ပရိသတ်တွေရဲ့ မျက်မုန်းကျိုးခြင်း
ခံခဲ့ရတာပဲဖြစ်ပါတယ်။ စုလင်းရှိန်ကတော့ နိုင်ငံရေးမငြိမ်မသက်ဖြစ်နေဆဲအချိန်မှာပဲ အိမ်ထောင်ပြုခဲ့ပြီး အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ညဒီကနေ့မှာတော့ စုလင်းရှိန်ဟာ
သူမပြုဖြစ်ခဲ့တဲ့ ကုသိုလ်ကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။ စုလင်းရှိန်က “စမတောင်ပေါ်မှ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်သို့ သွားရောက်၍ အဝတ်အထည် ၇၁၀၊ အရုပ် အခုရေ၃၀ နှင့်
အလှူငွေကျပ် ၁သိန်းကျပ်တိတိကို သဒ္ဒါထက်သန်စွာလှူဒါန်းခဲ့ပါသည်ရှင် ကလေးတွေ ဆွိအဝတ်အထည်လေးတွေနဲ့ ဆောင်းတွင်းမှာ နွေးပါစေ နွေရာသီမှာအေးပါစေ မိုးရာသီမှာ လုံခြုံပါ‌စေ
အရုပ်လေးတွေဖတ်အိပ်ပြီး မေတ္တာဓာတ်လေး ရရှိပါစေ လှူခွင့်ရလို့ ဝမ်းသာတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။ စုလင်းရှိန်ကတော့ စမတောင်ပေါ်က လူငယ်ဖွံ့ဖြိုးရေးကျောင်းကိုသွားရောက်ပြီး
အဝတ်အထည်၊ အရုပ်နဲ့ ငွေသားအလှူတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း စုလင်းရှိန်က “ရေနံ့သာခင်ခင်ကြီး” ဇာတ်လမ်းတွဲကို ရိုက်ကူးပြီးစီးခဲ့တာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*