
အမေရိကန်ဒေါ်လာငွေ ရရှိမှု လျော့နည်းလာခြင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဒေါက် တာဇော်ဦးက VOA ရဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ထည့်သွင်းဖြေကြားခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲနှုန်း ပုံသေသတ်မှတ်ခြင်းက နိုင်ငံခြားငွေရရှိမှု နည်းလာချိန် ကိုယ့်ထဲက ထွက်မသွားအောင် လုပ်ဆောင်ခြင်းမျိုးဖြစ်ပြီး တကယ်တမ်းက နိုင်ငံခြားငွေ ရှာဖွေပေးနေတဲ့ ပို့ကုန်လုပ်ငန်းရှင်အများစုကို သွားထိတယ်လို့ ဆိုပါတယ်။
‘‘လယ်ယာကဏ္ဍက ပို့ကုန်လုပ်ငန်းတွေကို အများကြီး သွားထိတယ်။ နောက်ပြီး အထည်ချုပ်ကဏ္ဍက ပို့ကုန်လုပ်ငန်းတွေကို သွားထိတယ်။ ပြီးရင် တစ်ချို့ တရား ဝင်လမ်းကြောင်းကနေ ပို့ပေးနေတဲ့ ငွေပို့လုပ်ငန်းတွေကလည်း လုပ်မရ ဖြစ်သွားတယ်’’လို့ ဒေါက်တာဇော်ဦးက ထည့်ပြောပါတယ်။
ထို့အပြင် အထည်ချုပ်၊ လယ်ယာကဏ္ဍနဲ့ ရေနံနဲ့ သ ဘာဝဓာတ်ငွေ့တို့မှာတော့ ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတာမျိုး မဖြစ်ပေမယ့် အိမ်ခြံမြေ၊ ဆောက် လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေ ရပ်နားသွားခြင်းကလည်း နိုင်ငံခြားငွေရရှိမှုအတွက် အဓိကျတဲ့ ဆုံးရှုံးနစ်နာမှု ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
‘‘နိုင်ငံတကာက စီးပွားဖြစ်ဒဏ်ခတ် သတ်မှတ်ချက်ကို အရင်ကလောက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဘူးဆိုပေမယ့် အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက လုပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံ တစ်စို့နေတဲ့ ပြဿနာကလည်း ကြီးမားတဲ့ ပြဿနာပဲ။ ဒါ့တွေကြောင့်မို့လို့ ကျွန်တော်တို့မှာ နိုင်ငံခြားငွေရရှိမှုဆိုတဲ့ဟာ အခက်အခဲ ဖြစ်လာတာ’’လို့ ဒေါက်တာဇော်ဦးက ပြောပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
နိုင္ငံျခားေငြရရွိမႈ ခမ္းေျခာက္သြားျခင္းက ဗဟိုဘဏ္၏ စီမံခန႔္ခြဲမႈ အလြဲေၾကာင့္ဟု စီးပြားေရးပညာရွင္ ေဒါက္တာေဇာ္ဦးေျပာ
အေမရိကန္ေဒၚလာေငြ ရရွိမႈ ေလ်ာ့နည္းလာျခင္းက ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ စီမံခန႔္ခြဲမႈ အလြဲအမွားေတြေၾကာင့္ ျဖစ္တယ္လို႔ စီးပြားေရးပညာရွင္ ေဒါက္ တာေဇာ္ဦးက VOA ရဲ႕ ေတြ႕ဆုံေမးျမန္းခန္းအတြင္း ထည့္သြင္းေျဖၾကားခဲ့ပါတယ္။
ဗဟိုဘဏ္ရဲ႕ နိုင္ငံျခားေငြလဲႏႈန္း ပုံေသသတ္မွတ္ျခင္းက နိုင္ငံျခားေငြရရွိမႈ နည္းလာခ်ိန္ ကိုယ့္ထဲက ထြက္မသြားေအာင္ လုပ္ေဆာင္ျခင္းမ်ိဳးျဖစ္ၿပီး တကယ္တမ္းက နိုင္ငံျခားေငြ ရွာေဖြေပးေနတဲ့ ပို႔ကုန္လုပ္ငန္းရွင္အမ်ားစုကို သြားထိတယ္လို႔ ဆိုပါတယ္။
‘‘လယ္ယာက႑က ပို႔ကုန္လုပ္ငန္းေတြကို အမ်ားႀကီး သြားထိတယ္။ ေနာက္ၿပီး အထည္ခ်ဳပ္က႑က ပို႔ကုန္လုပ္ငန္းေတြကို သြားထိတယ္။ ၿပီးရင္ တစ္ခ်ိဳ႕ တရား ဝင္လမ္းေၾကာင္းကေန ပို႔ေပးေနတဲ့ ေငြပို႔လုပ္ငန္းေတြကလည္း လုပ္မရ ျဖစ္သြားတယ္’’လို႔ ေဒါက္တာေဇာ္ဦးက ထည့္ေျပာပါတယ္။
ထို႔အျပင္ အထည္ခ်ဳပ္၊ လယ္ယာက႑နဲ႕ ေရနံနဲ႕ သ ဘာဝဓာတ္ေငြ႕တို႔မွာေတာ့ ရွိၿပီးသား ရင္းႏွီးျမႇုပ္ႏွံမႈေတြ ထြက္သြားတာမ်ိဳး မျဖစ္ေပမယ့္ အိမ္ၿခံေျမ၊ ေဆာက္ လုပ္ေရးလုပ္ငန္း၊ ဝန္ေဆာင္မႈလုပ္ငန္းနဲ႕ ဟိုတယ္လုပ္ငန္းေတြ ရပ္နားသြားျခင္းကလည္း နိုင္ငံျခားေငြရရွိမႈအတြက္ အဓိက်တဲ့ ဆုံးရႈံးနစ္နာမႈ ျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။
‘‘နိုင္ငံတကာက စီးပြားျဖစ္ဒဏ္ခတ္ သတ္မွတ္ခ်က္ကို အရင္ကေလာက္ က်ယ္က်ယ္ျပန႔္ျပန႔္ မလုပ္ဘူးဆိုေပမယ့္ အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုက လုပ္ထားတဲ့ ေဒၚလာ ၁ ဘီလီယံ တစ္စို႔ေနတဲ့ ျပႆနာကလည္း ႀကီးမားတဲ့ ျပႆနာပဲ။ ဒါ့ေတြေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔မွာ နိုင္ငံျခားေငြရရွိမႈဆိုတဲ့ဟာ အခက္အခဲ ျဖစ္လာတာ’’လို႔ ေဒါက္တာေဇာ္ဦးက ေျပာပါတယ္။
Leave a Reply