
Export ကို အားမပေးပဲ နိုင်ငံခြားငွေ လိုချင်တယ် လုပ်မရပါဘူး.. လက်ရှိအခြေအနေကို သုံးသပ်ရရင် တာ ဝန်ရှိသူတွေက ပစ္စည်း export ထက် လုပ်သား export ကို ပိုအားပေးတဲ့သဘောရှိတယ်.. ဒါကြောင့် ပစ္စည်း export ကရလာတဲ့ ဒေါ်လာရဲ့ ၆၅% ကို ၂၁၀၀ ကျပ်နဲ့ လဲလှယ်စေပြီး ၃၅% ကိုသာ ပြင်ပပေါက်စျေးနဲ့ လဲလှယ်ခွင့်ပြုတာပါ..
လုပ်သား export က ရလာတဲ့ ဒေါ်လာကိုတော့ ၁၀၀% အကောင်လွဲပြောင်းခွင့်အပြင် ဘဏ်ကလဲယူတာတောင် ၁ ဒေါ်လာ ၃,၀၀၀ ကျပ်နဲ့ လဲလှယ်ခွင့်ပြုနေတာ ကြည့်ခြင်းအားဖြင့် မြန်မာပြည်မှာ ကုန်ပစ္စည်း export ထက် လုပ်သား export ကို အားပေးကြောင်း သတိပြုရမှာပါ.. ဒါကြောင့် လုပ်သား export အတွက် လိုအပ်တဲ့ passport ရုံးတွေမှာ လူပြည့်နေတာ သတိထားမိကြမှာပါ..
လေဆိပ်တွေမှာ လူငယ်အများက နိုင်ငံခြားငွေအတွက် နိုင်ငံခြားကို အပြိုင်အဆိုင်ထွက်နေတာ တွေ့ရမှာပါ.. ၂၀၁၆-၂၀၁၇ ဝန်းကျင်မှာ အလုပ်သမားများက နိုင် ငံခြားမှ တရားဝင်ဘဏ်မှ လွှဲပြောင်းတဲ့ ဒေါ်လာက တစ်လကို ဒေါ်လာ သန်း ၆၀၀-၇၀၀ ရှိပါတယ်.. တရားမဝင် ဟွန်းဒီနဲ့ လွှဲတာပါ ထည့်တွက်ရင် လစဉ် တစ်ဘီလီယံကျော် ဒေါ်လာ က ပြည်ပကနေ ပြည်တွင်းကို ဝင်ရောက်နေပါတယ်..
ကုန်ပစ္စည်း export က တစ်ကြိမ် ပို့ပြီး ပို့ကုန်တန်ဖိုးရပြီးရင် ဒေါ်လာအဝင်က ပြီသွားပေ့မဲ့ လုပ်သား export ကုန်ကတော့ အဲဒီလူက နိုင်ငံခြားမှာ အသက်ရှင် အလုပ်လုပ်နေသရွေ့ ဒေါ်လာအဝင်က ဆက်လက်ရရှိနိုင်တဲ့အတွက် ကုန်ပစ္စည်း export ထက် လုပ်သား export ကို အခွင့်အရေးတွေ ပေးပြီး နိုင်ငံခြားငွေ စဉ်ဆက်မပြက် ရှာဖွေပေးမဲ့ လုပ်သား export ကို အား ပေးတာကို နားလည် လာသလို ရှိပါတယ်..
ကုန်ပစ္စည်း export ထုတ်ကုန်ကို များများလုပ်ရင် ပြည်တွင်းစားသုံးမူမှာ မလုံမလောက်ဖြစ်ပြီ စျေးတက်နိုင်ပါတယ်.. မြန်မာလုပ်သားတွေ ပြည်ပကို များများပို့နိုင်ရင် ပြည်တွင်းစားသုံးမူကိုလည်း လျော့ချရာ ရောက်လို့ ကုန်စျေးနှုန်း ကျဆင်းမူကို တဖက်တလမ်းက စွမ်းဆောင်ရာ ရောက်လို့ ကုန်စျေးနှုန်းကျ ဆင်းမူနဲ့ အတူ လူများရင် ပြသာနာ များတယ်..
လူတွေ နည်းလေး ကောင်းလေး အထူးသဖြင့် လူငယ်တွေ ပြည်တွင်းမှာ မရှိလေး ကောင်းလေး အားလုံး ထွက်သွား တာ အကောင်းဆုံးလို့ ယူဆတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..ကုန်ပစ္စည်း ထုတ်ကုန်ထက် မြန်မာလုပ်သားတွေ ပြည်ပကို များများပို့ဖို့ လိုအပ်ပါတယ်..
နိုင်ငံတကာမှာတော့ ပြည်တွင်းအလုပ်အကိုင် ဖွံဖြိုးတိုးတက်ရေး ပြည်တွင်းထုတ်ကုန် တိုးပွါးရေးဖြင့် ထုတ်ကုန် ၂ ဆ တိုးမြင့်ကြ အစီအစဉ်ဖြင့် ပြည်တွင်းအလုပ်အကိုင်ရရှိရေး ပြည်ပပို့ကုန် တိုးမြင့်စေခြင်းဖြင့် နိုင်ငံခြားငွေ ရှာဖွေမြင့်တင်ကြပေမဲ့ မြန်မာပြည်မှာတော့.. (Thein Aung Chen)
သင်္ဘောသားလစာငွေ ဒေါ်လာများကို AYA ဘဏ်က ဝယ်ယူမည့်စျေး အမြင့်ဆုံးစျေးပေးမည်ဟု ကြေညာထားသလို ပြည်ပရောက် ရွှေမြန်မာတွေရဲ့ လုပ်ခလစာတွေကို KBZ ဘဏ်က တစ်ဒေါ်လာ (၃၀၀၀) ကျပ် ပေးမည်ဟု ကြေငြာထားပါတယ်။
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
Export ကို အားမပေးပဲ နိုင်ငံခြားငွေ လိုချင်တယ် လုပ်မရပါဘူး.. လက်ရှိအခြေအနေကို သုံးသပ်ရရင် တာ ဝန်ရှိသူတွေက ပစ္စည်း export ထက် လုပ်သား export ကို ပိုအားပေးတဲ့သဘောရှိတယ်.. ဒါကြောင့် ပစ္စည်း export ကရလာတဲ့ ဒေါ်လာရဲ့ ၆၅% ကို ၂၁၀၀ ကျပ်နဲ့ လဲလှယ်စေပြီး ၃၅% ကိုသာ ပြင်ပပေါက်ဈေးနဲ့ လဲလှယ်ခွင့်ပြုတာပါ..
ကုန်ပစ္စည်း export ထုတ်ကုန်ကို များများလုပ်ရင် ပြည်တွင်းစားသုံးမူမှာ မလုံမလောက်ဖြစ်ပြီ ဈေးတက်နိုင်ပါတယ်.. မြန်မာလုပ်သားတွေ ပြည်ပကို များများပို့နိုင်ရင် ပြည်တွင်းစားသုံးမူကိုလည်း လျော့ချရာ ရောက်လို့ ကုန်ဈေးနှုန်း ကျဆင်းမူကို တဖက်တလမ်းက စွမ်းဆောင်ရာ ရောက်လို့ ကုန်ဈေးနှုန်းကျ ဆင်းမူနဲ့ အတူ လူများရင် ပြသာနာ များတယ်..
သင်္ဘောသားလစာငွေ ဒေါ်လာများကို AYA ဘဏ်က ဝယ်ယူမည့်ဈေး အမြင့်ဆုံးဈေးပေးမည်ဟု ကြေညာထားသလို ပြည်ပရောက် ရွှေမြန်မာတွေရဲ့ လုပ်ခလစာတွေကို KBZ ဘဏ်က တစ်ဒေါ်လာ (၃၀၀၀) ကျပ် ပေးမည်ဟု ကြေငြာထားပါတယ်။
Leave a Reply