စစ်တပ် ထောက်ခံသူ မဘသ ဘုန်းကြီး ပေါက်ကိုယ်တော် ၏ ကျေးရွာနှင့် နေအိမ်ကို စစ်တပ်က ပစ်ခတ် ဝင်စီးသဖြင့် တစ်ရွာလုံးထွက်ပြေးရ ၊ ကျေးရွာကို စစ်တပ်က မွှေနှောက်ဖျက်ဆီးပြီး ဆိုင်ကယ်များ လုယူသွား

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်အာဏာရှင်ထောက်ခံသူ မဘသ ဘုန်းကြီး ပေါက်ကိုယ်တော် ဦးအရိယာဝံသ၏ မွေးရပ်မြေ ကျေးရွာကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ပြီး ဝင်စီးကာ ကျေးရွာတွင်း မွှေနှောက်ပြီး ဆိုင်ကယ်များ လုယူသွားခဲ့ကြောင်း ပေါက်ကိုယ်တော်က လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်ပြောဆိုသည်။

မကွေးတိုင်း၊ ပေါက်မြို့နှင့် တစ်မိုင်သာ ဝေးသော မဘသ ဘုန်းကြီး ပေါက်ကိုယ်တော်၏ မွေးရပ်မြေ ဒေါနကျေးရွာကို ယနေ့ မွန်းလွဲပိုင် ၁ နာရီဝန်းကျင်တွင် စစ်တပ်က သေနတ်များ ပစ်ဖောက်၍ ဝင်ရောက်လာကြောင်း၊ ၎င်း၏ ကျေးရွာတွင် PDF မရှိဘဲ စစ်တပ်က ဝင်စီးခြင်းဖြစ်ကြောင်း၊

၎င်း၏ နေအိမ်ကိုလည်း မွှေနှောက်ဖျက်ဆီးသွားပြီး ဆိုင်ကယ်များ ယူဆောင်သွားကြောင်း ၊ နယ်မြေခံ စစ်အရာရှိ သက်ဝေလင်းထံ ဖုန်းဆက်၍ ဆိုင်ကယ်များ ပြန်ပေးရန် ပြောမှသာ ဆိုင်ကယ်များကို လမ်းတွင် ချန်ထားပေးခဲ့ကြောင်း ပေါက်ကိုယ်တော်က ပြောဆိုသည်။

“စစ်ကြောင်းတွေအနေနဲ့ နယ်မြေခံတွေကို မေးသင့်တယ်။ စစ်ကြောင်းတွေအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ တဒိန်းဒိန်းနဲ့ပစ်ပြီ ဗျောက်ဖောက်သလိုပဲ။ ရွာသူရွာသားတွေကလည်း ပြေးရတာပေါ့။ အိမ်တွေကို ဝင်တယ်။ ဦးဇင်းတို့အိမ်ကအစ ၊ ဦးဇင်းတို့ သေတ္တာတွေအစ လျှောက်ပြီး မွှေမွှဖွသွား။

အကုန်လုံးရစရာမရှိအောင်ပဲ။ ကျေးဇူးတင်ရဦးမယ်။ အိမ်ကို မီးမရှို့သွားတာကိုပဲ။ ပေါက်ကိုယ်တော်ရဲ့ မယ်တော်အိမ်မွှေပြီ။ အခုလိုလုပ်သွားတာကောင်းပါတယ်။ ဆိုင်ကယ်တွေ ယူသွားလို့ နယ်မြေခံ ဗိုလ်ကြီးလား ဗိုလ်မှူးလား သက်ဝေလင်းကို ဖုန်းဆက်ရတယ်။ အဲဒီတော့မှ ဆိုင်ကယ်တွေ ပြန်ထားသွားတယ်” ဟု ပေါက်ကိုယ်တော် က ဆိုသည်။

ပေါက်ကိုယ်တော်သည် ဦးဝီရသူ၏ တပည့်အရင်းဖြစ်ပြီး ရန်ကုန်တွင် ယမန်နှစ် စစ်တပ်နှင့်ရဲများကို အစား အစာများ လိုက်လံထောက်ပံ့သူလည်းဖြစ်ကြောင်း၊ စစ်တပ်ထောက်ခံပွဲများတွင် ရှေ့တန်းမှ ဦးဆောင်သူဖြစ်ပြီး မဘသနှင့် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးတစ်ပါးလည်းဖြစ်သည်။

ဓာတ်ပုံ- စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်၏ ဓာတ်ပုံနှင့် ယနေ့ ၎င်း၏ မွေးရပ်မြေကျေးရွာကို စစ်တပ်က ပစ်ခတ် ဝင်စီး ဖျက်ဆီး၍ တင်ထားသော လူမှုကွန်ရက်ပို့စ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

စစ္တပ္ ေထာက္ခံသူ မဘသ ဘုန္းႀကီး ေပါက္ကိုယ္ေတာ္ ၏ ေက်း႐ြာႏွင့္ ေနအိမ္ကို စစ္တပ္က ပစ္ခတ္ ဝင္စီးသျဖင့္ တစ္႐ြာလုံးထြက္ေျပးရ ၊ ေက်း႐ြာကို စစ္တပ္က ေမႊေႏွာက္ဖ်က္ဆီးၿပီး ဆိုင္ကယ္မ်ား လုယူသြား

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္ရွိ စစ္အာဏာရွင္ေထာက္ခံသူ မဘသ ဘုန္းႀကီး ေပါက္ကိုယ္ေတာ္ ဦးအရိယာဝံသ၏ ေမြးရပ္ေျမ ေက်း႐ြာကို စစ္တပ္က ေသနတ္ျဖင့္ ပစ္ခတ္ၿပီး ဝင္စီးကာ ေက်း႐ြာတြင္း ေမႊေႏွာက္ၿပီး ဆိုင္ကယ္မ်ား လုယူသြားခဲ့ေၾကာင္း ေပါက္ကိုယ္ေတာ္က လူမႈကြန္ရက္မွတစ္ဆင့္ Live လႊင့္ေျပာဆိုသည္။

မေကြးတိုင္း၊ ေပါက္ၿမိဳ႕ႏွင့္ တစ္မိုင္သာ ေဝးေသာ မဘသ ဘုန္းႀကီး ေပါက္ကိုယ္ေတာ္၏ ေမြးရပ္ေျမ ေဒါနေက်း႐ြာကို ယေန႕ မြန္းလြဲပိုင္ ၁ နာရီဝန္းက်င္တြင္ စစ္တပ္က ေသနတ္မ်ား ပစ္ေဖာက္၍ ဝင္ေရာက္လာေၾကာင္း၊ ၎၏ ေက်း႐ြာတြင္ PDF မရွိဘဲ စစ္တပ္က ဝင္စီးျခင္းျဖစ္ေၾကာင္း၊

၎၏ ေနအိမ္ကိုလည္း ေမႊေႏွာက္ဖ်က္ဆီးသြားၿပီး ဆိုင္ကယ္မ်ား ယူေဆာင္သြားေၾကာင္း ၊ နယ္ေျမခံ စစ္အရာရွိ သက္ေဝလင္းထံ ဖုန္းဆက္၍ ဆိုင္ကယ္မ်ား ျပန္ေပးရန္ ေျပာမွသာ ဆိုင္ကယ္မ်ားကို လမ္းတြင္ ခ်န္ထားေပးခဲ့ေၾကာင္း ေပါက္ကိုယ္ေတာ္က ေျပာဆိုသည္။

“စစ္ေၾကာင္းေတြအေနနဲ႕ နယ္ေျမခံေတြကို ေမးသင့္တယ္။ စစ္ေၾကာင္းေတြအေနနဲ႕ ဘယ္လိုရည္႐ြယ္ခ်က္နဲ႕ လုပ္တယ္ဆိုတာေတာ့ မေျပာတတ္ဘူး။ တဒိန္းဒိန္းနဲ႕ပစ္ၿပီ ေဗ်ာက္ေဖာက္သလိုပဲ။ ႐ြာသူ႐ြာသားေတြကလည္း ေျပးရတာေပါ့။ အိမ္ေတြကို ဝင္တယ္။ ဦးဇင္းတို႔အိမ္ကအစ ၊ ဦးဇင္းတို႔ ေသတၱာေတြအစ ေလွ်ာက္ၿပီး ေမႊမႊဖြသြား။

အကုန္လုံးရစရာမရွိေအာင္ပဲ။ ေက်းဇူးတင္ရဦးမယ္။ အိမ္ကို မီးမရွို႔သြားတာကိုပဲ။ ေပါက္ကိုယ္ေတာ္ရဲ႕ မယ္ေတာ္အိမ္ေမႊၿပီ။ အခုလိုလုပ္သြားတာေကာင္းပါတယ္။ ဆိုင္ကယ္ေတြ ယူသြားလို႔ နယ္ေျမခံ ဗိုလ္ႀကီးလား ဗိုလ္မႉးလား သက္ေဝလင္းကို ဖုန္းဆက္ရတယ္။ အဲဒီေတာ့မွ ဆိုင္ကယ္ေတြ ျပန္ထားသြားတယ္” ဟု ေပါက္ကိုယ္ေတာ္ က ဆိုသည္။

ေပါက္ကိုယ္ေတာ္သည္ ဦးဝီရသူ၏ တပည့္အရင္းျဖစ္ၿပီး ရန္ကုန္တြင္ ယမန္ႏွစ္ စစ္တပ္ႏွင့္ရဲမ်ားကို အစား အစာမ်ား လိုက္လံေထာက္ပံ့သူလည္းျဖစ္ေၾကာင္း၊ စစ္တပ္ေထာက္ခံပြဲမ်ားတြင္ ေရွ႕တန္းမွ ဦးေဆာင္သူျဖစ္ၿပီး မဘသႏွင့္ အမ်ိဳးသားေရးအစြန္းေရာက္ ဘုန္းႀကီးတစ္ပါးလည္းျဖစ္သည္။

ဓာတ္ပုံ- စစ္တပ္ေထာက္ခံသူ ေပါက္ကိုယ္ေတာ္၏ ဓာတ္ပုံႏွင့္ ယေန႕ ၎၏ ေမြးရပ္ေျမေက်း႐ြာကို စစ္တပ္က ပစ္ခတ္ ဝင္စီး ဖ်က္ဆီး၍ တင္ထားေသာ လူမႈကြန္ရက္ပို႔စ္။

Be the first to comment

Leave a Reply

Your email address will not be published.


*