သူတစ်ပါးနိုင်ငံတွေမှာ ဖုန်းတစ်လုံးကို သိန်းပေါင်းများစွာနဲ့ ပေးဝယ်ဖို့ တန်းစီနေကြချိန် မြန်မာပြည်ကတော့ ထမင်းတစ်နပ်အတွက် ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတဲ့ စိန်သီး
ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ နိုင်ငံရေးကိုပဲ အဓိကထား
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။ သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး ၊ဇီးသီး၊ ကြယ်သီး အစရှိတဲ့
လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ သီးလေးသီး အဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီးဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို
တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သီးလေးသီး အဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် လူရွှင်တော် စိန်သီး ကတော့ တော်လှန်‌ရေးအတွက် အဖွဲ့ထဲကနေ တစ်ဦးတည်းခွဲထွက်လာပြီး တော်လှန်နေတာပါ။
” ကျို းကြေသွားခဲ့တာ ပြည်သူတွေရဲ့နှလုံးသားတင်မကဘူး လူငယ်တွေရဲ့ အနာဂတ် ပါပြောက်ဆုံးသွားတာ အမှန်တရားတွေပျောက်ကွယ် လူ့ပတ်ဝန်းကျင်က ငြိမ်းချမ်း သာယာမှုတွေပျောက်ဆုံး
ငါတို့ပြည်သူတွေမှာရွေးချယ်စရာတစ်ခုဘဲရှိတယ် လုယူသွားတဲ့ ငါတို့ရဲ့ အနာဂတ် ကိုရအောင်ပြန်ယူရမယ် နယူတန်ရဲ့ နိယာမ လိုဘဲ သက်‌‌ေရာက်မူရှိတဲ့အရာတိုင်းမှာ တန်ပြန်သက်‌‌ေရာက်မှုရှိစေရမယ်” လို့
လူရွှင်တော် စိန်သီး ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ဒါအပြင် သူများနိုင်ငံတွေမှာ ဖုန်းတစ်လုံးကိုသိန်းဆယ်ချီပေးဝယ်ဖို့တန်းစီနေကြတဲ့အချိန်မှာ ကျွန်တော်တို့မြန်မာပြည်မှာတော့
ဆန်တစ်ထုပ် ဆီတစ်ပုလင်း ရဖို့တန်းစီနေကြရတယ်လို့ ရေးသားထားပါတယ်။ စိန်သီး ရဲ့ ပိုစ်အောက်မှာတော့ ဆရာသမားဖြစ်တဲ့ ဦးဇာဂန ကတော့”ရိုးနေပြီတူဂဲသား” ဆိုပြီး ကောမန့်မန့်ထားတာကို တွေ့ရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ငါတို့ပြည်သူတွေမှာရွေးချယ်စရာတစ်ခုဘဲရှိတယ် လုယူသွားတဲ့ ငါတို့ရဲ့ အနာဂတ် ကိုရအောင်ပြန်ယူရမယ် နယူတန်ရဲ့ နိယာမ လိုဘဲ သက်‌‌ရောက်မူရှိတဲ့အရာတိုင်းမှာ တန်ပြန်သက်‌‌ရောက်မှုရှိစေရမယ်” လို့
Be the first to comment
Leave a Reply
Your email address will not be published.
*