ဘုရင်မကြီးကို နောက်ဆုံးဂါရဝပြုဖို့အတွက် အများနည်းတူ ၁၃ နာရီကြာ တန်းစီစောင့်ဆိုင်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

အင်္ဂလန် ဂန္ထဝင်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းသည် ဒုတိယမြောက် အဲလိစဘက်ဘုရင်မကြီးကို နောက်ဆုံးဂါရဝပြုဖို့အတွက် ဝက်စမင်စတာခန်းမထဲသို့ဝင်ရောက်ရန် အများနည်းတူ ၁၃ နာရီကြာ တန်းစီစောင့်ဆိုင်းခဲ့သည်။

တန်းစီစောင့်ဆိုင်းစရာမလိုဘဲ ခန်းမထဲဝင်ရောက်နိုင်ရန်စီစဉ်ပေးမည်ဟု လွှတ်တော်အမတ်တဦးက ကမ်း လှမ်းသည်ကို ဘက်ခမ်းက ငြင်းဆန်ခဲ့သည်။အနက်ရောင်ဝတ်စုံ၊ ဦးထုပ်နှင့် နှာခေါင်းစည်းဝတ်ဆင်ထားပြီး လူတန်းရှည်ကြီးနှင့်လိုက်ပါလာသည့် အမျိုးသားတဦးမှာ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဖြစ်သည်ကို နာရီအတန်ကြာအထိ မသိရှိခဲ့ကြချေ။

အနီးအပါးတွင် အတူတကွတန်းစီနေသူများကလည်း ဒေးဗစ်ဘက်ခမ်း၏ လျှို့ဝှက်ချက်ကို ကူညီဖုံးကွယ်ပေးခဲ့ကြသည်ဟုဆိုသည်။ဒေးဗစ်ဘက်ခမ်းတယောက် တန်းစီနေစဉ်အချိန်တလျှောက်လုံး အားလူးကြော်၊ သံပရာရည်၊ ပေါင်မုန့်အသားညှပ်၊ ကော်ဖီ၊ ဒိုးနက်များ စားသောက်၍ ဝမ်းရေးကို ဖြေရှင်းခဲ့သည်ဟုဆိုသည်။

“ဒီနေရာမှာ ကျွန်တော်တို့အားလုံး အတူအကွ ရှိချင်ကြတာပါ။ ဘုရင်မကြီးရဲ့ အံ့မခန်းဘဝကို ဂုဏ်ပြုခွင့်၊ ဂါရဝပြုခွင့်ဆိုတဲ့အတွေ့အကြုံကို အားလုံးခံစားချင်ကြတယ်။ ဒီလို အခါသမယမျိုးဟာ အားလုံးအတူတကွရှိကြရမယ့်အချိန်ပါ”ဟု ဒေးဗစ်ဘက်ခမ်းက ဘီဘီစီသို့ ပြောသည်။နေ့မွန်းလွဲချိန်အရောက်တွင်တော့ လျှို့ဝှက်ချက်ပေါက်ကြားသွားပြီး အများနည်းတူ တန်းစီနေသည့် ဒေးဗစ်ဘက်ခမ်း၏ဓာတ်ပုံများ လူမှုမီဒီယာပေါ် ရောက်ရှိလာခဲ့သည်။

ဒေးဗစ်ဘက်ခမ်း၏ ဘဝသူရဲကောင်းဖြစ်သည့် အဘိုးဖြစ်သူ ဂျိုးဆက်ဝက်စ်သည် တော်ဝင်မိသားစုနှင့် အင်္ဂလန်ထီးနန်းကို ကြည်ညိုလေးစားသူဖြစ်သည်။ ဘုရင်မကြီး၏ဈာပနတွင် အခွင့်ထူးခံအဖြစ်ပြုမူမည်ဆိုပါက အဘိုးဖြစ်သူကို စိတ်ပျက်စေလိမ့်မည်ဟုဆိုကာ လွှတ်တော်အမတ်၏ကမ်းလှမ်းချက်ကို ဘက်ခမ်းက ငြင်းဆန်ခဲ့သည်။

ဘက်ခမ်းသည် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဘုရင်မကြီးအဲလိဇဘက်နှင့် သုံးလေးကြိမ် တွေ့ဆုံခွင့်ရခဲ့ဖူးသူဖြစ်သလို ၂၀၀၃ ခုနှစ်တွင် ဗြိတိသျှအင်ပါယာ ၏ ဂုဏ်ထူးဆောင်ဘွဲ့တခုဖြစ်သည့် OBE ဘွဲ့ ချီးမြှင့်ခံရသူဖြစ်သည်။ဘုရင်မကြီး၏ ရုပ်လောင်းတော် လဲ လျောင်းလျက်ရှိသည့် ဝက်စမင်စတာခန်းမထဲသို့ရော က်ရှိချိန်တွင် စိတ်ထိခိုက်နေဟန်ရှိသည့် ဒေးဗစ်ဘက်ခမ်းက ဘုရင်မကြီးကို ဦးညွှတ်အလေးပြုပြီး မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရသည်။

ဝက်စမင်စတာခန်းမသို့ဝင်ရောက်ခွင့်ရရန် Thames မြစ်ကမ်းတလျှောက် တန်းစီစောင့်ဆိုင်းနေသော လူတန်းကြီးသည် မိုင်နှင့်ချီရှည်လျားပြီး ဒေးဗစ်ဘက်ခမ်းက မနက် ၂ နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ဘုရင္မႀကီးကို ေနာက္ဆုံးဂါရဝျပဳဖို႔အတြက္ အမ်ားနည္းတူ ၁၃ နာရီၾကာ တန္းစီေစာင့္ဆိုင္ခဲ့တဲ့ ေဒးဗစ္ဘက္ခမ္း

အဂၤလန္ ဂႏၳဝင္ေဘာလုံးသမား ေဒးဗစ္ဘက္ခမ္းသည္ ဒုတိယေျမာက္ အဲလိစဘက္ဘုရင္မႀကီးကို ေနာက္ဆုံးဂါရဝျပဳဖို႔အတြက္ ဝက္စမင္စတာခန္းမထဲသို႔ဝင္ေရာက္ရန္ အမ်ားနည္းတူ ၁၃ နာရီၾကာ တန္းစီေစာင့္ဆိုင္းခဲ့သည္။

တန္းစီေစာင့္ဆိုင္းစရာမလိုဘဲ ခန္းမထဲဝင္ေရာက္နိုင္ရန္စီစဥ္ေပးမည္ဟု လႊတ္ေတာ္အမတ္တဦးက ကမ္း လွမ္းသည္ကို ဘက္ခမ္းက ျငင္းဆန္ခဲ့သည္။အနက္ေရာင္ဝတ္စုံ၊ ဦးထုပ္ႏွင့္ ႏွာေခါင္းစည္းဝတ္ဆင္ထားၿပီး လူတန္းရွည္ႀကီးႏွင့္လိုက္ပါလာသည့္ အမ်ိဳးသားတဦးမွာ အဂၤလန္ေဘာလုံးအသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္းျဖစ္သည္ကို နာရီအတန္ၾကာအထိ မသိရွိခဲ့ၾကေခ်။

အနီးအပါးတြင္ အတူတကြတန္းစီေနသူမ်ားကလည္း ေဒးဗစ္ဘက္ခမ္း၏ လွ်ို႔ဝွက္ခ်က္ကို ကူညီဖုံးကြယ္ေပးခဲ့ၾကသည္ဟုဆိုသည္။ေဒးဗစ္ဘက္ခမ္းတေယာက္ တန္းစီေနစဥ္အခ်ိန္တေလွ်ာက္လုံး အားလူးေၾကာ္၊ သံပရာရည္၊ ေပါင္မုန႔္အသားညွပ္၊ ေကာ္ဖီ၊ ဒိုးနက္မ်ား စားေသာက္၍ ဝမ္းေရးကို ေျဖရွင္းခဲ့သည္ဟုဆိုသည္။

“ဒီေနရာမွာ ကြၽန္ေတာ္တို႔အားလုံး အတူအကြ ရွိခ်င္ၾကတာပါ။ ဘုရင္မႀကီးရဲ႕ အံ့မခန္းဘဝကို ဂုဏ္ျပဳခြင့္၊ ဂါရဝျပဳခြင့္ဆိုတဲ့အေတြ႕အႀကဳံကို အားလုံးခံစားခ်င္ၾကတယ္။ ဒီလို အခါသမယမ်ိဳးဟာ အားလုံးအတူတကြရွိၾကရမယ့္အခ်ိန္ပါ”ဟု ေဒးဗစ္ဘက္ခမ္းက ဘီဘီစီသို႔ ေျပာသည္။ေန႕မြန္းလြဲခ်ိန္အေရာက္တြင္ေတာ့ လွ်ို႔ဝွက္ခ်က္ေပါက္ၾကားသြားၿပီး အမ်ားနည္းတူ တန္းစီေနသည့္ ေဒးဗစ္ဘက္ခမ္း၏ဓာတ္ပုံမ်ား လူမႈမီဒီယာေပၚ ေရာက္ရွိလာခဲ့သည္။

ေဒးဗစ္ဘက္ခမ္း၏ ဘဝသူရဲေကာင္းျဖစ္သည့္ အဘိုးျဖစ္သူ ဂ်ိဳးဆက္ဝက္စ္သည္ ေတာ္ဝင္မိသားစုႏွင့္ အဂၤလန္ထီးနန္းကို ၾကည္ညိုေလးစားသူျဖစ္သည္။ ဘုရင္မႀကီး၏ဈာပနတြင္ အခြင့္ထူးခံအျဖစ္ျပဳမူမည္ဆိုပါက အဘိုးျဖစ္သူကို စိတ္ပ်က္ေစလိမ့္မည္ဟုဆိုကာ လႊတ္ေတာ္အမတ္၏ကမ္းလွမ္းခ်က္ကို ဘက္ခမ္းက ျငင္းဆန္ခဲ့သည္။

ဘက္ခမ္းသည္ အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ ဘုရင္မႀကီးအဲလိဇဘက္ႏွင့္ သုံးေလးႀကိမ္ ေတြ႕ဆုံခြင့္ရခဲ့ဖူးသူျဖစ္သလို ၂၀၀၃ ခုႏွစ္တြင္ ၿဗိတိသွ်အင္ပါယာ ၏ ဂုဏ္ထူးေဆာင္ဘြဲ႕တခုျဖစ္သည့္ OBE ဘြဲ႕ ခ်ီးျမႇင့္ခံရသူျဖစ္သည္။ဘုရင္မႀကီး၏ ႐ုပ္ေလာင္းေတာ္ လဲ ေလ်ာင္းလ်က္ရွိသည့္ ဝက္စမင္စတာခန္းမထဲသို႔ေရာ က္ရွိခ်ိန္တြင္ စိတ္ထိခိုက္ေနဟန္ရွိသည့္ ေဒးဗစ္ဘက္ခမ္းက ဘုရင္မႀကီးကို ဦးၫႊတ္အေလးျပဳၿပီး မ်က္ရည္မဆည္နိုင္ျဖစ္ခဲ့ရသည္။

ဝက္စမင္စတာခန္းမသို႔ဝင္ေရာက္ခြင့္ရရန္ Thames ျမစ္ကမ္းတေလွ်ာက္ တန္းစီေစာင့္ဆိုင္းေနေသာ လူတန္းႀကီးသည္ မိုင္ႏွင့္ခ်ီရွည္လ်ားၿပီး ေဒးဗစ္ဘက္ခမ္းက မနက္ ၂ နာရီအခ်ိန္ခန႔္တြင္ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*