
Kpay ၊ wave အပါအဝင် မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းတွေကို အသုံးပြုပြီး ငွေလွှဲလုပ်နေသူအားလုံး ကိုယ်ရေးအချက်အလက်အားလုံးဖြည့်ရမှာဖြစ်ပြီး အချက်အလက်မပြည့်စုံသူတွေနဲ့ အချက်အလက်မမှန်မကန်သူတွေရဲ့ ငွေကြေးအကောင့်စာရင်းတွေကို အပြီးပိတ်သိမ်းမှာဖြစ်တယ်လို့ ဗဟိုဘဏ်က အသိပေးလိုက်ပါတယ်။
မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေဟာ မှတ်ပုံတင် ထားတဲ့ ဆင်းမ်ကဒ်၊ အမည်၊ မှတ်ပုံတင် နံပါတ်တွေဖြည့်ရမှာဖြစ်ပြီး အဲ့ဒီအချက်တွေမှန်မမှန်ကို လဝက မှာရှိတဲ့ အချက်အလက်တွေအပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ဒေတာဘေ့စ်က အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့်ဗဟိုဘဏ်ရဲ့တရားဝင်ခွင့်ပြုချက်နဲ့ ဘဏ်ဦးဆောင်မှုပုံစံ ဆောင်ရွက်နေတဲ့ မိုဘိုင်းပေးဝန် ဆောင်မှုလုပ်ငန်း၊ မိုဘိုင်းဘဏ်လုပ်ငန်းဆောင် ရွက်ခွင့်ရရှိထားတဲ့ဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့လုပ် ငန်းတွေ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းတဲ့စနစ်ဝန်ဆောင်မှုလုပ်ငန်း စတဲ့ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေအနေနဲ့လည်း နီးစပ်ရာကိုယ်စားလှယ် (Agent)တွေ၊ ဘဏ်တွေမှာ ကိုယ်ရေးအချက်အလက်ကို အဆင့် ၂ (Level 2)ကို အချိန်မီမြှင့်တင်ရမယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်မှာရေးသားထားပါတယ် ။
” စာတွေ့တယ် အဓိက မှတ်ပုံတင်၊ဆင်းမ်ကဒ် ၊အကောင့်က level 2 ဖြစ်ရမယ်။ဖြည်ထားတဲ့အချက်အလက်ကိုလည်း စစ်မယ်၊မကိုက်ညီရင် အကောင့်ကိုပိတ်မယ်ဆိုတော့ အားလုံးသတိထားပြီး ကိုယ့်အကောင့်ကိုပြန်စစ်ကြပါ။ကိုယ့်ဆင်းမ်ကဒ်ကမှတ်ပုံတင်ထားမထားပေါ့။မဟုတ်ရင် ကိုယ့်အကောင့်ထဲကငွေတွေ ဆုံးရှုံးနိုင်ပါတယ်။ကုမ္ပဏီတွေ ဘဏ်တွေဘက်ကတော့ ဗဟိုဘဏ်ထုတ်ပြန်တာနဲ့ပတ်သက်လို့ အကြောင်းကြားတာမျိုးမရှိသေးဘူး ။
wave တခုပဲ အခုလ ၉ ရက်ကစပြီး စနစ်ပြောင်းသွားတာရှိတယ်။ ငွေလွှဲငွေထုတ်မှာ မှတ်ပုံတင် ပါရမယ်လို့ပြောထားတယ် ၊ ဒီလကုန်အထိ အချက်အလက်တွေ ဖြည့်ခွင့်ပေးမယ်တော့ကြားတယ် ၊အတိကျတော့မသိသေးဘူး” လို့ မိုဘိုင်းငွေကြေးစနစ်နဲ့ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ကိုင်နေသူတဦးကပြောပါတယ်။
လက်ရှိမှာ wave money ကနေ ငွေလွှဲ ငွေထုတ်လုပ်မယ်ဆိုရင် မှတ်ပုံတင်နံပါတ်အမှန်ရိုက်ထည့်ရပြီး ငွေထုတ်တဲ့အခါ မှတ်ပုံတင်ယူဆောင်ကာ ဓာတ်ပုံရိုက်ပြီး ဖြည့်ပေးမှသာ ငွေထုတ်လို့ရတာကြောင့် သုံးစွဲသူတွေလျော့ကျသွားသလို ကိုယ်စားလှယ်အဖြစ်ကနေ ရပ် ဆိုင်းလိုက်သူတွေလည်းရှိလာ တယ်လို့သိရပါတယ် ။
” အရင်က ပတ်စဝှက်နဲ့ ID ပါရင်ထုတ်ရတယ်။အခုကျ မှတ်ပုံတင်ကိုပါ ပုံရိုက်ဖြည့်ပေးရတယ်၊ အဲ့ဒီ တော့ သုံးစွဲသူတွေအဆင်မပြေကြဘူး၊နယ်ဘက်ကပိုဆိုးတယ်၊သားသမီးတွေက သူတို့မိဘတွေဆီ လစာပြန်လွှဲကြတာများတယ်၊တောသူတောင်သားဆိုတော့ မှတ် ပုံတင်ပါမှထုတ်ရတယ်ဆိုတော့ သိပ်မလုပ်တတ်ကြဘူး။ငွေထုတ်သူလျော့သွားတယ် ” လို့ နောက်ထပ် မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။
ဗဟိုဘဏ်ကတော့ မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းတွေကို ခုလို လုပ်ဆောင်ခိုင်းတာဟာ မသမာသူတွေရဲ့ ငွေကြေးလိမ်လည်မှု၊ တရားမဝင်ငွေလွှဲပြောင်းမှုတွေကြောင့် အများပြည်သူရဲ့ ငွေကြေးတွေ မဆုံးရှုံးစေဖို့နဲ့ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုကတဆင့် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုတွေအပေါ် ငွေ ကြေးထောက်ပံ့မှုကို ထိန်းကြောင်းဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် သတ်မှတ်ကာလတခုအတွင်း ကိုယ်ရေးအချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြည့်ကာ အကောင့်တွေကို အဆင့်မြှင့်တင်ထားဖို့လိုအပ်တာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုမှုအများဆုံးက wave money နဲ့ Kbz pay ဖြစ်ပြီး true money ၊ mytel pay ၊ cb pay ၊ aya pay ကိုလည်း သုံးစွဲနေကြပြီး အခြား mobile pay တွေလည်းရှိပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ကိုယ္ေရးအခ်က္အလက္ မွန္ကန္စြာမျဖည့္တဲ့ မိုဘိုင္းေငြေၾကးစာရင္းေတြကို အၿပီးပိတ္သိမ္းေတာ့မယ္လို႔ ဗဟိုဘဏ္အသိေပး
Kpay ၊ wave အပါအဝင္ မိုဘိုင္းေငြေရးေၾကးေရးလုပ္ငန္းေတြကို အသုံးျပဳၿပီး ေငြလႊဲလုပ္ေနသူအားလုံး ကိုယ္ေရးအခ်က္အလက္အားလုံးျဖည့္ရမွာျဖစ္ၿပီး အခ်က္အလက္မျပည့္စုံသူေတြနဲ႕ အခ်က္အလက္မမွန္မကန္သူေတြရဲ႕ ေငြေၾကးအေကာင့္စာရင္းေတြကို အၿပီးပိတ္သိမ္းမွာျဖစ္တယ္လို႔ ဗဟိုဘဏ္က အသိေပးလိုက္ပါတယ္။
မိုဘိုင္းေငြေပးေခ်မႈ အသုံးျပဳသူေတြဟာ မွတ္ပုံတင္ ထားတဲ့ ဆင္းမ္ကဒ္၊ အမည္၊ မွတ္ပုံတင္ နံပါတ္ေတြျဖည့္ရမွာျဖစ္ၿပီး အဲ့ဒီအခ်က္ေတြမွန္မမွန္ကို လဝက မွာရွိတဲ့ အခ်က္အလက္ေတြအျပင္ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနရဲ႕ ဆင္းမ္ကတ္မွတ္ပုံတင္ျခင္း ေဒတာေဘ့စ္က အခ်က္အလက္ေတြနဲ႕ တိုက္ဆိုင္စစ္ေဆးမွာျဖစ္တယ္လို႔ သိရပါတယ္။
ဒါ့ေၾကာင့္ဗဟိုဘဏ္ရဲ႕တရားဝင္ခြင့္ျပဳခ်က္နဲ႕ ဘဏ္ဦးေဆာင္မႈပုံစံ ေဆာင္႐ြက္ေနတဲ့ မိုဘိုင္းေပးဝန္ ေဆာင္မႈလုပ္ငန္း၊ မိုဘိုင္းဘဏ္လုပ္ငန္းေဆာင္ ႐ြက္ခြင့္ရရွိထားတဲ့ဘဏ္ေတြနဲ႕ ခ်ိတ္ဆက္ေဆာင္႐ြက္ေနတဲ့လုပ္ ငန္းေတြ၊ မိုဘိုင္းေငြေရးေၾကးေရးဝန္ေဆာင္မႈလုပ္ငန္း၊ ေရာင္းခ်သဴကိုယ္စား ေငြေကာက္ခံရွင္းလင္းတဲ့စနစ္ဝန္ေဆာင္မႈလုပ္ငန္း စတဲ့ မိုဘိုင္းေငြေပးေခ်မႈ အသုံးျပဳသူေတြအေနနဲ႕လည္း နီးစပ္ရာကိုယ္စားလွယ္ (Agent)ေတြ၊ ဘဏ္ေတြမွာ ကိုယ္ေရးအခ်က္အလက္ကို အဆင့္ ၂ (Level 2)ကို အခ်ိန္မီျမႇင့္တင္ရမယ္လို႔ ဗဟိုဘဏ္ ထုတ္ျပန္ခ်က္မွာေရးသားထားပါတယ္ ။
” စာေတြ႕တယ္ အဓိက မွတ္ပုံတင္၊ဆင္းမ္ကဒ္ ၊အေကာင့္က level 2 ျဖစ္ရမယ္။ျဖည္ထားတဲ့အခ်က္အလက္ကိုလည္း စစ္မယ္၊မကိုက္ညီရင္ အေကာင့္ကိုပိတ္မယ္ဆိုေတာ့ အားလုံးသတိထားၿပီး ကိုယ့္အေကာင့္ကိုျပန္စစ္ၾကပါ။ကိုယ့္ဆင္းမ္ကဒ္ကမွတ္ပုံတင္ထားမထားေပါ့။မဟုတ္ရင္ ကိုယ့္အေကာင့္ထဲကေငြေတြ ဆုံးရႈံးနိုင္ပါတယ္။ကုမၸဏီေတြ ဘဏ္ေတြဘက္ကေတာ့ ဗဟိုဘဏ္ထုတ္ျပန္တာနဲ႕ပတ္သက္လို႔ အေၾကာင္းၾကားတာမ်ိဳးမရွိေသးဘူး ။
wave တခုပဲ အခုလ ၉ ရက္ကစၿပီး စနစ္ေျပာင္းသြားတာရွိတယ္။ ေငြလႊဲေငြထုတ္မွာ မွတ္ပုံတင္ ပါရမယ္လို႔ေျပာထားတယ္ ၊ ဒီလကုန္အထိ အခ်က္အလက္ေတြ ျဖည့္ခြင့္ေပးမယ္ေတာ့ၾကားတယ္ ၊အတိက်ေတာ့မသိေသးဘူး” လို႔ မိုဘိုင္းေငြေၾကးစနစ္နဲ႕ ေငြလႊဲေငြထုတ္ဝန္ေဆာင္မႈလုပ္ကိုင္ေနသူတဦးကေျပာပါတယ္။
လက္ရွိမွာ wave money ကေန ေငြလႊဲ ေငြထုတ္လုပ္မယ္ဆိုရင္ မွတ္ပုံတင္နံပါတ္အမွန္ရိုက္ထည့္ရၿပီး ေငြထုတ္တဲ့အခါ မွတ္ပုံတင္ယူေဆာင္ကာ ဓာတ္ပုံရိုက္ၿပီး ျဖည့္ေပးမွသာ ေငြထုတ္လို႔ရတာေၾကာင့္ သုံးစြဲသူေတြေလ်ာ့က်သြားသလို ကိုယ္စားလွယ္အျဖစ္ကေန ရပ္ ဆိုင္းလိုက္သူေတြလည္းရွိလာ တယ္လို႔သိရပါတယ္ ။
” အရင္က ပတ္စဝွက္နဲ႕ ID ပါရင္ထုတ္ရတယ္။အခုက် မွတ္ပုံတင္ကိုပါ ပုံရိုက္ျဖည့္ေပးရတယ္၊ အဲ့ဒီ ေတာ့ သုံးစြဲသူေတြအဆင္မေျပၾကဘူး၊နယ္ဘက္ကပိုဆိုးတယ္၊သားသမီးေတြက သူတို႔မိဘေတြဆီ လစာျပန္လႊဲၾကတာမ်ားတယ္၊ေတာသူေတာင္သားဆိုေတာ့ မွတ္ ပုံတင္ပါမွထုတ္ရတယ္ဆိုေတာ့ သိပ္မလုပ္တတ္ၾကဘူး။ေငြထုတ္သူေလ်ာ့သြားတယ္ ” လို႔ ေနာက္ထပ္ မိုဘိုင္း ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္သူတဦးကေျပာပါတယ္။
ဗဟိုဘဏ္ကေတာ့ မိုဘိုင္းေငြေရးေၾကးေရးလုပ္ငန္းေတြကို ခုလို လုပ္ေဆာင္ခိုင္းတာဟာ မသမာသူေတြရဲ႕ ေငြေၾကးလိမ္လည္မႈ၊ တရားမဝင္ေငြလႊဲေျပာင္းမႈေတြေၾကာင့္ အမ်ားျပည္သူရဲ႕ ေငြေၾကးေတြ မဆုံးရႈံးေစဖို႔နဲ႕ နယ္စပ္ျဖတ္ေက်ာ္ ေငြေပးေခ်မႈကတဆင့္ ေငြေၾကးခဝါခ်မႈ၊ အၾကမ္းဖက္မႈေတြအေပၚ ေငြ ေၾကးေထာက္ပံ့မႈကို ထိန္းေၾကာင္းဖို႔ ျဖစ္တယ္လို႔ သိရပါတယ္။
ဒါ့ေၾကာင့္ သတ္မွတ္ကာလတခုအတြင္း ကိုယ္ေရးအခ်က္အလက္ေတြကို မွန္မွန္ကန္ကန္ျဖည့္ကာ အေကာင့္ေတြကို အဆင့္ျမႇင့္တင္ထားဖို႔လိုအပ္တာျဖစ္ပါတယ္။လက္ရွိျမန္မာနိုင္ငံမွာ အသုံးျပဳမႈအမ်ားဆုံးက wave money နဲ႕ Kbz pay ျဖစ္ၿပီး true money ၊ mytel pay ၊ cb pay ၊ aya pay ကိုလည္း သုံးစြဲေနၾကၿပီး အျခား mobile pay ေတြလည္းရွိပါတယ္။
Leave a Reply