
မိုဘိုင်းငွေပေးချေရေး အက်ပလီကေးရှင်းကို အသုံးပြုသူများ ၏ ကိုယ်ရေးအချက်အလက်များကို လဝကရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်သည့်အတွက် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Level 2 အ ဆင့်မြှင့်ကြရန်နှင့်
အချက်အလက်ပြည့်စုံစွာမဖြည့်သွင်းသည့် အကောင့်များကို အပြီးတိုင် ပိတ်သိမ်းသွားမယ်လို့ စကစ လက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာလ (၁၆) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။သတ်မှတ်ကာလအတွင်း အချက်အလက် ပြည့်စုံစွာ ဖြည့်သွင်းခြင်းမရှိတဲ့ မိုဘိုင်း ငွေကြေးစာရင်းတွေကို အပြီးတိုင် ပိတ်သိမ်းမယ်ဆိုပြီးတော့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိတွင် ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများ အနေဖြင့် နီးစပ်ရာ ဘဏ်တွေနဲ့ ကိုယ်စားလှယ် (Agent ) တွေဆီမှာ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက် များကို အဆင့် ၂ (Level -2) အဆင့်သို့အချိန်မီ မြှင့်တင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။
ယင်းကဲ့သို့ (Level -2) အဆင့်သို့ တိုးမြှင့်လိုခြင်း မရှိသော မိုဘိုင်းငွေကြေး စာရင်းပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့လက်ကျန်ငွေများအား အသုံးပြုနိုင်မည့် နည်းလမ်းကို ဘဏ်နဲ့ မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှု လုပ် ငန်းတွေမှာ ဆက်သွယ်ဆောင်ရွက်ပါ ဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။
၂၀၁၈ ခုနှစ်ကနေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတဲ့ မြန်မာပြည် မိုဘိုင်းငွေပေးချေမှု စနစ်ဟာ လက်ရှိကာလမှာ အစိုးရိမ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အသုံးပြုသူ သန်းနဲ့ချီရှိနေတဲ့ မိုဘိုင်းငွေပေးချေမှု စနစ်ဟာ နောက်ကို ခြေလှမ်းဆုတ်သွားပြီလို့ စီးပွား ရေး ပညာရှင်တဦးက သုံးသပ်ပါတယ်။
အသုံးပြုသူအားလုံး မှတ်ပုံတင်ရှိနိုင်မှာ မဟုတ်ကြော င်း၊ နယ်ကနေ level 1 ဖွင့်ထားသူအနေနဲ့ level မြှင့်ဖို့ အခက်အခဲတွေ ရှိမှာ ဖြစ်ကြောင်း၊ ဘဏ်တွေအနေနဲ့ အခုလိုခေတ်ကာလမှာ level မြှင့်ဖို့ကိစ္စတွေ ဆောင် ရွက်ရာမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
ဘဏ်မရှိတဲ့နေရာတွေမှာ ပြည်သူတွေ အဓိကအားထား အသုံးပြုနေရတဲ့ မိုဘိုင်းငွေပေးချေမှု စနစ်ကို ယခုလို ကန့်သတ်မှု ကြီးကြီးမားမား ပြုလုပ်လိုက်တာကြောင့် မြန်မာပြည် ဒစ်ဂျစ်တယ် ငွေပေးချေမှုလောကရဲ့ ရှေ့အလားအလာအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ပညာရှင်များက မှတ်ချက်ပြုနေကြပါတယ်။
ပြည်သူများအနေနဲ့ လတ်တလောအခြေအနေမှာ ဘယ်လိုကန့်သတ်မှုတွေ ထပ်မံကြုံတွေ့လာနိုင်တယ်ဆိုတာ မသိရသေးတာကြောင့် မိုဘိုင်းငွေပေးချေမှု အကောင့်တွေထဲက ပိုက်ဆံတွေကို အလျင်အမြန်ထုတ်ယူထားဖို့ လိုအပ်ပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
မိုဘိုင္းေငြေပးေခ်ေရး အက္ပလီေကးရွင္းကို အသုံးျပဳသူမ်ား ၏ ကိုယ္ေရးအခ်က္အလက္မ်ားကို လဝကရွိ အခ်က္အလက္မ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးမည္ျဖစ္သည့္အတြက္ မိမိတို႔၏ ကိုယ္ေရးအခ်က္အလက္မ်ားကို Level 2 အ ဆင့္ျမႇင့္ၾကရန္ႏွင့္
အခ်က္အလက္ျပည့္စုံစြာမျဖည့္သြင္းသည့္ အေကာင့္မ်ားကို အၿပီးတိုင္ ပိတ္သိမ္းသြားမယ္လို႔ စကစ လက္ေအာက္ခံ ဗဟိုဘဏ္က စက္တင္ဘာလ (၁၆) ရက္ေန႕မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။သတ္မွတ္ကာလအတြင္း အခ်က္အလက္ ျပည့္စုံစြာ ျဖည့္သြင္းျခင္းမရွိတဲ့ မိုဘိုင္း ေငြေၾကးစာရင္းေတြကို အၿပီးတိုင္ ပိတ္သိမ္းမယ္ဆိုၿပီးေတာ့ ဗဟိုဘဏ္က ထုတ္ျပန္လိုက္ပါတယ္။
လက္ရွိတြင္ ဗဟိုဘဏ္က ခြင့္ျပဳထားတဲ့ မိုဘိုင္းေငြေပးေခ်မႈ အသုံးျပဳသူမ်ား အေနျဖင့္ နီးစပ္ရာ ဘဏ္ေတြနဲ႕ ကိုယ္စားလွယ္ (Agent ) ေတြဆီမွာ မိမိတို႔ရဲ႕ ကိုယ္ေရးအခ်က္အလက္ မ်ားကို အဆင့္ ၂ (Level -2) အဆင့္သို႔အခ်ိန္မီ ျမႇင့္တင္ရန္ လိုအပ္တယ္လို႔ ဆိုပါတယ္။
ယင္းကဲ့သို႔ (Level -2) အဆင့္သို႔ တိုးျမႇင့္လိုျခင္း မရွိေသာ မိုဘိုင္းေငြေၾကး စာရင္းပိုင္ရွင္ေတြအေနနဲ႕ မိမိတို႔ရဲ႕လက္က်န္ေငြမ်ားအား အသုံးျပဳနိုင္မည့္ နည္းလမ္းကို ဘဏ္နဲ႕ မိုဘိုင္း ေငြေရးေၾကးေရးဝန္ေဆာင္မႈ လုပ္ ငန္းေတြမွာ ဆက္သြယ္ေဆာင္႐ြက္ပါ ဆိုၿပီးေတာ့ ထုတ္ျပန္ထားပါတယ္။
၂၀၁၈ ခုႏွစ္ကေန အရွိန္အဟုန္နဲ႕ ဖြံ႕ၿဖိဳးလာတဲ့ ျမန္မာျပည္ မိုဘိုင္းေငြေပးေခ်မႈ စနစ္ဟာ လက္ရွိကာလမွာ အစိုးရိမ္ဆုံး အေျခအေနကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ အသုံးျပဳသူ သန္းနဲ႕ခ်ီရွိေနတဲ့ မိုဘိုင္းေငြေပးေခ်မႈ စနစ္ဟာ ေနာက္ကို ေျခလွမ္းဆုတ္သြားၿပီလို႔ စီးပြား ေရး ပညာရွင္တဦးက သုံးသပ္ပါတယ္။
အသုံးျပဳသူအားလုံး မွတ္ပုံတင္ရွိနိုင္မွာ မဟုတ္ေၾကာ င္း၊ နယ္ကေန level 1 ဖြင့္ထားသူအေနနဲ႕ level ျမႇင့္ဖို႔ အခက္အခဲေတြ ရွိမွာ ျဖစ္ေၾကာင္း၊ ဘဏ္ေတြအေနနဲ႕ အခုလိုေခတ္ကာလမွာ level ျမႇင့္ဖို႔ကိစၥေတြ ေဆာင္ ႐ြက္ရာမွာ အခက္အခဲေတြ ရွိနိုင္တယ္လို႔ ဘဏ္လုပ္ငန္းနဲ႕ နီးစပ္သူ တဦးက ေျပာပါတယ္။
ဘဏ္မရွိတဲ့ေနရာေတြမွာ ျပည္သူေတြ အဓိကအားထား အသုံးျပဳေနရတဲ့ မိုဘိုင္းေငြေပးေခ်မႈ စနစ္ကို ယခုလို ကန႔္သတ္မႈ ႀကီးႀကီးမားမား ျပဳလုပ္လိုက္တာေၾကာင့္ ျမန္မာျပည္ ဒစ္ဂ်စ္တယ္ ေငြေပးေခ်မႈေလာကရဲ႕ ေရွ႕အလားအလာအတြက္ စိုးရိမ္စရာ ျဖစ္တယ္လို႔ ပညာရွင္မ်ားက မွတ္ခ်က္ျပဳေနၾကပါတယ္။
ျပည္သူမ်ားအေနနဲ႕ လတ္တေလာအေျခအေနမွာ ဘယ္လိုကန႔္သတ္မႈေတြ ထပ္မံႀကဳံေတြ႕လာနိုင္တယ္ဆိုတာ မသိရေသးတာေၾကာင့္ မိုဘိုင္းေငြေပးေခ်မႈ အေကာင့္ေတြထဲက ပိုက္ဆံေတြကို အလ်င္အျမန္ထုတ္ယူထားဖို႔ လိုအပ္ပါေၾကာင္း အသိေပးလိုက္ရပါတယ္ခင္ဗ်ာ။
Leave a Reply