ကမ္ဘောဇဘဏ်က တစ်ဒေါ်လာ ၃၀၀၀ သတ်မှတ်၍ စကစ လက်အောက်ခံ ဗဟိုဘဏ်ရဲ့ မရှိတဲ့ အရှက်ကွဲပြန်ပြီ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်ပအလုပ်သမားတွေရဲ့လစာကို ကမ္ဘောဇဘဏ်က တဒေါ်လာ ၃ထောင်နဲ့ လဲပေးတယ်ဆိုတဲ့ သတင်းအပေါ် စကစ လက်အောက်ခံ ဗဟိုဘဏ်အနေနဲ့ ရည်ညွန်းနိုင်ငံခြားငွေ လဲလှယ်နူန်း ၂၁၀၀ ကျပ်ကို ပြင်ဆင်စရာမရှိဘူးလို့ ပြောလိုက်ပါတယ်။

“ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ရည်ညွန်းလဲလှယ်နူန်း၂၁၀၀ ဟာ ပြင်ဆင်စရာ အကြောင်းမရှိပါဘူးဗျ၊ ဘာအစီ အစဉ်မှလည်း မရှိပါဘူး၊ အဲ့ဒါကို ကောလဟလ တွေနဲ့ လှုံဆော်နေတာလေးတွေ ရှိနေပါတယ်”လို့ စကစ လက်အောက်ခံ ဗဟိုဘဏ်ညွန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက် ညနေပိုင်းက စကစ လက်အောက်ခံ ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်နူန်း ၁၈၅၀ ကျပ် အစား ၂၁၀၀ ကျပ်အဖြစ် စတင်ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ ဒေါ်လာပေါက်ဈေးဟာ စကစ လက်အောက်ခံ ဗဟိုဘဏ်ရောင်းဈေးနဲ့ ပြင်ပပေါက်ဈေးလဲလှယ်မှုက ဈေးနူန်းကွာဟမှု ရှိနေတယ်လို့လည်း သိရပါတယ်။

အခုလို ဒေါ်လာပုံသေဈေးနှုန်းကို စကစ လက်အော က်ခံ ဗဟိုဘဏ်က လုံးဝ မပြောင်းလဲဘူးလို့ သတင်းထုတ်ပြန်ချိန်မှာ ကမ္ဘောဇဘဏ်က တဒေါ်လာ ၃၀၀၀ နှုန်းနဲ့ လဲပေးမယ်ဆိုတာကြောင့် ဗဟိုဘဏ်ရဲ့ ဩဇာသက် ရောက်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာပြီလို့ ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လကုန်တုန်းကလည်း အဲကမ္ဘောဇနဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (၂) ခုက တဒေါ်လာကို (၃၀၀၀) ကျပ် သတ်မှတ်ခဲ့ပါတယ်။ အဆိုပါ သတ်မှတ်တာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်အနေနဲ့ မည်သည့် ကြေညာချက်မှ မထုတ်ဘဲ ယခု ကမ္ဘောဇဘဏ် ကိစ္စကျမှသာ တာဝန်ရှိသူက ဖြေကြားတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းနေပြီး ဒေါ်လာဈေး မတည်မငြိမ်ဖြစ်နေချိန်မှာ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာ ပုံသေဈေးနှုန်းကို ၂၁၀၀ ပဲ သတ်မှတ်တာဟာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ စီးပွားရေး ပညာရှင်များက မှတ်ချက်ပြုပါတယ်။

ပုဂ္ဂလိကဘဏ်တွေဟာ ဗဟိုဘဏ်နဲ့ လမ်းညွှန်ချက်နဲ့ အညီ ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားပေမယ့် ကမ္ဘောဇဘဏ်ရဲ့ ယခုလုပ်ရပ်ဟာ စကစလက်အောက်ခံ ဗဟိုဘဏ်ရဲ့ မရှိတဲ့ အရှက်ကို ခွဲသလို ဖြစ်နေတယ်လို့လည်း ပညာရှင်တွေက သုံးသပ်နေကြပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ျပည္ပအလုပ္သမားေတြရဲ႕လစာကို ကေမာၻဇဘဏ္က တေဒၚလာ ၃ေထာင္နဲ႕ လဲေပးတယ္ဆိုတဲ့ သတင္းအေပၚ စကစ လက္ေအာက္ခံ ဗဟိုဘဏ္အေနနဲ႕ ရည္ၫြန္းနိုင္ငံျခားေငြ လဲလွယ္ႏူန္း ၂၁၀၀ က်ပ္ကို ျပင္ဆင္စရာမရွိဘူးလို႔ ေျပာလိုက္ပါတယ္။

“ဗဟိုဘဏ္ရဲ႕ နိုင္ငံျခားေငြ ရည္ၫြန္းလဲလွယ္ႏူန္း၂၁၀၀ ဟာ ျပင္ဆင္စရာ အေၾကာင္းမရွိပါဘူးဗ်၊ ဘာအစီ အစဥ္မွလည္း မရွိပါဘူး၊ အဲ့ဒါကို ေကာလဟလ ေတြနဲ႕ လႈံေဆာ္ေနတာေလးေတြ ရွိေနပါတယ္”လို႔ စကစ လက္ေအာက္ခံ ဗဟိုဘဏ္ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေအာင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၁၅ ရက္ ညေနပိုင္းက စကစ လက္ေအာက္ခံ ဗဟိုဘဏ္ကေန နိုင္ငံျခားေငြလဲလွယ္ႏူန္း ၁၈၅၀ က်ပ္ အစား ၂၁၀၀ က်ပ္အျဖစ္ စတင္ေျပာင္းလဲလိုက္တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ လက္ရွိ ေဒၚလာေပါက္ေဈးဟာ စကစ လက္ေအာက္ခံ ဗဟိုဘဏ္ေရာင္းေဈးနဲ႕ ျပင္ပေပါက္ေဈးလဲလွယ္မႈက ေဈးႏူန္းကြာဟမႈ ရွိေနတယ္လို႔လည္း သိရပါတယ္။

အခုလို ေဒၚလာပုံေသေဈးႏႈန္းကို စကစ လက္ေအာ က္ခံ ဗဟိုဘဏ္က လုံးဝ မေျပာင္းလဲဘူးလို႔ သတင္းထုတ္ျပန္ခ်ိန္မွာ ကေမာၻဇဘဏ္က တေဒၚလာ ၃၀၀၀ ႏႈန္းနဲ႕ လဲေပးမယ္ဆိုတာေၾကာင့္ ဗဟိုဘဏ္ရဲ႕ ဩဇာသက္ ေရာက္မႈကို ေမးခြန္းထုတ္စရာ ျဖစ္လာၿပီလို႔ ဘဏ္လုပ္ငန္းနဲ႕ နီးစပ္သူတဦးက ဆိုပါတယ္။

လြန္ခဲ့တဲ့ ဩဂုတ္လကုန္တုန္းကလည္း အဲကေမာၻဇနဲ႕ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္း (၂) ခုက တေဒၚလာကို (၃၀၀၀) က်ပ္ သတ္မွတ္ခဲ့ပါတယ္။ အဆိုပါ သတ္မွတ္တာနဲ႕ ပတ္သက္ၿပီး ဗဟိုဘဏ္အေနနဲ႕ မည္သည့္ ေၾကညာခ်က္မွ မထုတ္ဘဲ ယခု ကေမာၻဇဘဏ္ ကိစၥက်မွသာ တာဝန္ရွိသူက ေျဖၾကားတာကို ေတြ႕ရပါတယ္။

လက္ရွိအခ်ိန္မွာ ျမန္မာက်ပ္ေငြတန္ဖိုး အလြန္အမင္းက်ဆင္းေနၿပီး ေဒၚလာေဈး မတည္မၿငိမ္ျဖစ္ေနခ်ိန္မွာ ဗဟိုဘဏ္အေနနဲ႕ ေဒၚလာ ပုံေသေဈးႏႈန္းကို ၂၁၀၀ ပဲ သတ္မွတ္တာဟာ ဘယ္လိုမွ အဆင္မေျပနိုင္ဘူးလို႔ စီးပြားေရး ပညာရွင္မ်ားက မွတ္ခ်က္ျပဳပါတယ္။

ပုဂၢလိကဘဏ္ေတြဟာ ဗဟိုဘဏ္နဲ႕ လမ္းၫႊန္ခ်က္နဲ႕ အညီ ေဆာင္႐ြက္ရမယ္လို႔ ျပဌာန္းထားေပမယ့္ ကေမာၻဇဘဏ္ရဲ႕ ယခုလုပ္ရပ္ဟာ စကစလက္ေအာက္ခံ ဗဟိုဘဏ္ရဲ႕ မရွိတဲ့ အရွက္ကို ခြဲသလို ျဖစ္ေနတယ္လို႔လည္း ပညာရွင္ေတြက သုံးသပ္ေနၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*