
ရုရှားမှ စက်တင်ဘာ ၁၁ ရက်တွင် ပြန်ရောက်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို နေပြည်တော်လေဆိပ်၌ ကြိုဆိုရာတွင် စစ်တပ်ထောက်ခံသူများ အသုံးပြုခဲ့သည့် မော်တော်ယာဉ် ငှားရမ်းခငွေများ ၅ ရက်ကြာသည်အထိ မရသေးဟု စုံစမ်းသိရှိရသည်။
စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးဘာသာသာသနာ စောင့် ရှောက်ရေးအဖွဲ့ (မဘသ) ထောက်ခံသည့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့က ကြိုဆိုပွဲကို စီစဉ် သည်ဟု ယာဉ်ပိုင်ရှင်များနှင့် နီးစပ်သည့် သတင်းရင်း မြစ် နှစ်ဦးထံမှ သိရကြောင်း မြန်မာနောင်း သတင်းမှာ ဖော်ပြထားပါတယ်။
Light truck (ကုန်တင်၊ လူစီးယာဉ် အသေး) တစ်စီးလျှင် ကျပ်သုံးသောင်းမှ ငါးသောင်း၊ ခရီးသည်တင် မှန်လုံကား တစ်စင်းလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲပေးမည်ဟု စစ်တပ်ထောက်ခံသူတို့က မက်လုံးပေးသည်ဟု ဆိုသည်။
ကြံ့ခိုင်ရေးနှင့် မဘသ အားကောင်းသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ရွာနှင့် လယ်ဝေးမြို့နယ် စုရပ်နေရာအချို့တွင် ညနေ ၄ နာရီဝန်းကျင်အရောက် သွားခေါ်ရပြီးနောက် စစ်တပ်ထောက်ခံသူတို့က ည ၇ နာရီကျော်အထိ အသုံးပြုခဲ့ကြောင်း၊ အသေးစိတ်ကို လုံခြုံ ရေးအရ မပြောလိုကြောင်း ၎င်းတို့က ပြောသည်။
“လာငှားတဲ့ (ရပ်/ကျေး) အုပ်ချုပ်ရေးမှူးတွေကို မေးကြည့်တာတော့ သက်ဆိုင်ရာကို စာတင်တောင်းထားတယ်လို့ ပဲသိရတယ်။ အဲဒီက ရရင် ပေးမယ်ဆိုပြီး ပြောတယ်” ဟု ပထမသတင်းရင်းမြစ်က ပြောသည်။ယာဉ်ပိုင်ရှင် အချို့မှာ ငှားရမ်းခငွေရပြီးဖြစ်သည်ဆိုသော်လည်း အများစုမှာ မရကြသေးဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။
“ ပိုက်ဆံစိုက်ပေးနိုင်တဲ့ (ရပ်/ကျေး) ဥက္ကဋ္ဌ အချို့ကတော့ ကားခပေးပြီးပြီ ပြောတယ်။ ဒါကလည်း နှစ်ယောက် သုံးယောက်ပါပဲ ” ဟု ၎င်းက ဆိုသည်။ထိုနေ့ညနေတွင် လေဆိပ်သို့ သွားသည့် ယာဉ်တန်းကို ရိုက် ကူးထားသည့် ရုပ်သံဖိုင်ကို စစ်တပ် ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များတွင် ဖြန့်ဝေသည်။ ယာဉ်တန်းတွင် ကုန်တင်၊ လူစီးယာဉ်ငယ်နှင့် ခရီးသည်တင် မှန်လုံယာဉ် စုစုပေါင်း ၃၀ ခန့် ပါဝင်ကြောင်း တွေ့ရသည်။
အထက်ပါ ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ယူကရိန်းကို စစ်ပြု၍ နိုင်ငံတကာတွင် နာမည်ပျက်နေသည့် ရုရှားသမ္မတကို ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် အမွှမ်းတင်ပြီး ပြန်လာသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တပ်ထောက်ခံသူများနှင့် စစ်ကောင်စီမီဒီယာတို့က မြန်မာ့ဂုဏ်ဆောင်သဖွယ် အိုးစည်ဗုံမောင်းဖြင့် ကြိုဆိုခဲ့ကြခြင်း ဖြစ်သည်။
အင်အား ၁၀၀၀ ကျော်ဖြင့် ကြိုဆိုသည်ဟု တပ် ထော က် ခံသည့် လူမှုကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြထားသည်။ ထိုသူတို့ကို ငွေပေးရခြင်းရှိမရှိ အတည်မပြုနိုင်သေးပေ။ ထိုသို့ တပ်ထောက်ခံပွဲ၊ ကြံ့ခိုင်ရေးထောက်ခံပွဲ လာသူတို့မှာ ၅၀၀၀ စား (တစ်ပွဲလျှင်ရသည့် အခကြေးငွေ) အဖြစ် အများသူငါကြား နာမည်ကျော်သည်။
အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ကမ္ဘာ့နိုင်ငံများ၏ အရာသွင်းမှုကို မရရှာသော စစ်ခေါင်းဆောင်မှာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ရုရှားသို့ ၃ ကြိမ်တိုင် သွားခဲ့ဖူးရာ ယခု နောက်ဆုံးတစ်ကြိမ်တွင်မှ သမ္မတပူတင်နှင့် စီးပွားရေးဖိုရမ်ငယ်တစ်ခုတွင် တွေ့ခွင့်ရခြင်းဖြစ်သည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
႐ုရွားမွ စက္တင္ဘာ ၁၁ ရက္တြင္ ျပန္ေရာက္လာသည့္ အာဏာသိမ္းစစ္ေခါင္းေဆာင္ကို ေနျပည္ေတာ္ေလဆိပ္၌ ႀကိဳဆိုရာတြင္ စစ္တပ္ေထာက္ခံသူမ်ား အသုံးျပဳခဲ့သည့္ ေမာ္ေတာ္ယာဥ္ ငွားရမ္းခေငြမ်ား ၅ ရက္ၾကာသည္အထိ မရေသးဟု စုံစမ္းသိရွိရသည္။
စစ္တပ္ ေက်ာေထာက္ေနာက္ခံ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ အမ်ိဳးဘာသာသာသနာ ေစာင့္ ေရွာက္ေရးအဖြဲ႕ (မဘသ) ေထာက္ခံသည့္ ရပ္ကြက္၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးအခ်ိဳ႕က ႀကိဳဆိုပြဲကို စီစဥ္ သည္ဟု ယာဥ္ပိုင္ရွင္မ်ားႏွင့္ နီးစပ္သည့္ သတင္းရင္း ျမစ္ ႏွစ္ဦးထံမွ သိရေၾကာင္း ျမန္မာေနာင္း သတင္းမွာ ေဖာ္ျပထားပါတယ္။
Light truck (ကုန္တင္၊ လူစီးယာဥ္ အေသး) တစ္စီးလွ်င္ က်ပ္သုံးေသာင္းမွ ငါးေသာင္း၊ ခရီးသည္တင္ မွန္လုံကား တစ္စင္းလွ်င္ က်ပ္တစ္သိန္းမွ တစ္သိန္းခြဲေပးမည္ဟု စစ္တပ္ေထာက္ခံသူတို႔က မက္လုံးေပးသည္ဟု ဆိုသည္။
ႀကံ့ခိုင္ေရးႏွင့္ မဘသ အားေကာင္းသည့္ ဒကၡိဏသီရိၿမိဳ႕နယ္ ရန္ေအာင္ျမင္႐ြာႏွင့္ လယ္ေဝးၿမိဳ႕နယ္ စုရပ္ေနရာအခ်ိဳ႕တြင္ ညေန ၄ နာရီဝန္းက်င္အေရာက္ သြားေခၚရၿပီးေနာက္ စစ္တပ္ေထာက္ခံသူတို႔က ည ၇ နာရီေက်ာ္အထိ အသုံးျပဳခဲ့ေၾကာင္း၊ အေသးစိတ္ကို လုံၿခဳံ ေရးအရ မေျပာလိုေၾကာင္း ၎တို႔က ေျပာသည္။
“လာငွားတဲ့ (ရပ္/ေက်း) အုပ္ခ်ဳပ္ေရးမႉးေတြကို ေမးၾကည့္တာေတာ့ သက္ဆိုင္ရာကို စာတင္ေတာင္းထားတယ္လို႔ ပဲသိရတယ္။ အဲဒီက ရရင္ ေပးမယ္ဆိုၿပီး ေျပာတယ္” ဟု ပထမသတင္းရင္းျမစ္က ေျပာသည္။ယာဥ္ပိုင္ရွင္ အခ်ိဳ႕မွာ ငွားရမ္းခေငြရၿပီးျဖစ္သည္ဆိုေသာ္လည္း အမ်ားစုမွာ မရၾကေသးဟု ဒုတိယသတင္းရင္းျမစ္က ေျပာသည္။
“ ပိုက္ဆံစိုက္ေပးနိုင္တဲ့ (ရပ္/ေက်း) ဥကၠ႒ အခ်ိဳ႕ကေတာ့ ကားခေပးၿပီးၿပီ ေျပာတယ္။ ဒါကလည္း ႏွစ္ေယာက္ သုံးေယာက္ပါပဲ ” ဟု ၎က ဆိုသည္။ထိုေန႕ညေနတြင္ ေလဆိပ္သို႔ သြားသည့္ ယာဥ္တန္းကို ရိုက္ ကူးထားသည့္ ႐ုပ္သံဖိုင္ကို စစ္တပ္ ေထာက္ခံသည့္ တယ္လီဂရမ္ ခ်န္နယ္မ်ားတြင္ ျဖန႔္ေဝသည္။ ယာဥ္တန္းတြင္ ကုန္တင္၊ လူစီးယာဥ္ငယ္ႏွင့္ ခရီးသည္တင္ မွန္လုံယာဥ္ စုစုေပါင္း ၃၀ ခန႔္ ပါဝင္ေၾကာင္း ေတြ႕ရသည္။
အထက္ပါ ကိစၥႏွင့္ ပတ္သက္၍ အေသးစိတ္ကို သီးျခားအတည္ျပဳနိုင္ျခင္းမရွိေသးေပ။ယူကရိန္းကို စစ္ျပဳ၍ နိုင္ငံတကာတြင္ နာမည္ပ်က္ေနသည့္ ႐ုရွားသမၼတကို ကမာၻ႔ေခါင္းေဆာင္ႀကီးအျဖစ္ အမႊမ္းတင္ၿပီး ျပန္လာသည့္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ကို တပ္ေထာက္ခံသူမ်ားႏွင့္ စစ္ေကာင္စီမီဒီယာတို႔က ျမန္မာ့ဂုဏ္ေဆာင္သဖြယ္ အိုးစည္ဗုံေမာင္းျဖင့္ ႀကိဳဆိုခဲ့ၾကျခင္း ျဖစ္သည္။
အင္အား ၁၀၀၀ ေက်ာ္ျဖင့္ ႀကိဳဆိုသည္ဟု တပ္ ေထာ က္ ခံသည့္ လူမႈကြန္ရက္စာမ်က္ႏွာအခ်ိဳ႕တြင္ ေဖာ္ျပထားသည္။ ထိုသူတို႔ကို ေငြေပးရျခင္းရွိမရွိ အတည္မျပဳနိုင္ေသးေပ။ ထိုသို႔ တပ္ေထာက္ခံပြဲ၊ ႀကံ့ခိုင္ေရးေထာက္ခံပြဲ လာသူတို႔မွာ ၅၀၀၀ စား (တစ္ပြဲလွ်င္ရသည့္ အခေၾကးေငြ) အျဖစ္ အမ်ားသူငါၾကား နာမည္ေက်ာ္သည္။
အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီးေနာက္ ကမာၻ႔နိုင္ငံမ်ား၏ အရာသြင္းမႈကို မရရွာေသာ စစ္ေခါင္းေဆာင္မွာ အာဏာသိမ္းၿပီး တစ္ႏွစ္ခြဲေက်ာ္အတြင္း ႐ုရွားသို႔ ၃ ႀကိမ္တိုင္ သြားခဲ့ဖူးရာ ယခု ေနာက္ဆုံးတစ္ႀကိမ္တြင္မွ သမၼတပူတင္ႏွင့္ စီးပြားေရးဖိုရမ္ငယ္တစ္ခုတြင္ ေတြ႕ခြင့္ရျခင္းျဖစ္သည္။
Leave a Reply