မင်းအောင်လှိုင် စစ်အာဏာသိမ်းနိုင်ရေး မဲစာရင်းမှားယွင်းသည်ဟု အဓိက လိမ်လည် တွန်းအားပေးဆောင်ရွက်ခဲ့သူ ဗိုလ်မှူးချုပ် မြတ်မင်းဦး

အသက် ၆၅ နှစ်ပြည့်ချိန် စစ်တပ် ဦးစီးချုပ်ရာထူးမှ ပင်စင်ယူခါနီးတွင် သွေးလေခြောက်ခြားပြီး အာဏာရာထူး ငမ်းငမ်းတက် ဖြစ်နေသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းနိုင်ရေး အဓိက စတင်တွန်းအားပေးခဲ့သူတစ်ဦးမှာ ဗိုလ်မှူးချုပ် မြတ်မင်းဦးပင်ဖြစ်သည်။

နေပြည်တော် စစ်ရုံးချုပ် တပ်မတော်(ကြည်း၊ရေ၊လေ)ကွန်ပျူတာဌာနမှူးရုံး (ကကကွန်)မှ ဌာနမှူး ဗိုလ်မှူးချုပ်မြတ်မင်းဦးသည် စစ်ကောင်စီမှ မတရားအာဏာသိမ်းမှု ဆောင်ရွက်ရာတွင် အဓိကတွန်းအားပေး ပါဝင်ပတ်သက်ခဲ့သည်။

NLD အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ စစ်ဆေးရန် ပျော်ဘွယ် ကြံ့ဖွတ်အမတ် ဦးသောင်းအေးနှင့် တိုင်ပင်ကာ ပျော်ဘွယ်မဲစာရင်းများကို တရား မဝင်စစ်ဆေးခဲ့ပြီး မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ အကြမ်းဖက် မင်းအောင်လှိုင်ထံသို့ လိမ်လည်တင်ပြခဲ့သည်။

အာဏာသိမ်းရန် အကွက်ချောင်းနေသည့် မင်းအောင် လှိုင်က တစ်နိုင်ငံလုံး မဲစာရင်းများ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး မဲစာရင်းများကို သန်းချီ မှားယွင်းသည်ဟူ၍ လုပ်ဇတ်ခင်းကာ နိုင်ငံတော်အာဏာကို အကြမ်းဖက် နည်းလမ်းဖြင့် သိမ်းယူခဲ့ခြင်းမှာ ဗိုလ်မှူးချုပ် မြတ်မင်းဦး၏ စနက်ပင်ဖြစ်သည်။

ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် စစ်တက္ကသိုလ် အပတ် စဉ် ၃၆ ဆင်းတစ်ဦးဖြစ်ပြီး မဲစာရင်း မှားယွင်းသည်ဟု အကြောင်း ပြကာ အာဏာသိမ်းခွင့်ရစေရေး ဆောင် ရွက်ပေးခဲ့သူဖြစ်၍ မင်းအောင်လှိုင်၏ ယုံကြည်မှုကို ရရှိခဲ့သူလည်းဖြစ်သည်။

ဗိုလ်မှူးချုပ် မြတ်မင်းဦးက မင်းအောင်လှိုင် အာဏာ သိမ်းပြီး စစ်ကောင်စီနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းသောအခါ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း သူ ချောင်ထိုးခံခဲ့ရသည်။ တစ်ဖန် နည်းပညာရပ်နှင့်သက်ဆိုင်သော သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ် ထပ်မံမျှော်လင့်ခဲ့သော်လည်း တခြားသူအား ခန့်အပ်သွားသဖြင့် ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရပြန်သည်။

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ ယုံကြည်မှုရရှိပြီး ပုဂ္ဂိုလ်ရေးအရရင်းနှီးကာ စစ်ကောင်စီ လက် အောက်ခံ လဝကက ဆောင်ရွက်လျက်ရှိသည့် e-ID လုပ်ငန်းတွင်လည်း ဒုချုပ်စိုးဝင်း၏ပါဝါဖြင့် မဆီ မဆိုင်ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။ လိုအပ်သည့် IT ပစ္စည်းများ အမြတ်များများဖြင့် တင်သွင်းခွင့်ရရေး ကြိုးစားခဲ့သူလည်းဖြစ်သည်။

လက်ရှိရုရှားနိုင်ငံနှင့် ပူးပေါင်းကာ ရုရှားပြန်စစ်ဗိုလ်များဖြင့် ထပ်မံဖွဲ့စည်းမည့် ဝန်ကြီးဌာနအသစ်တွင် ဝန်ကြီးနေရာရရှိရေး နည်းမျိုးစုံဖြင့် ကြိုးစားနေသူလည်းဖြစ်သည်။မိန်းမဖြစ်သူ အေးမြတ်သီတာနှင့် သားတစ်ဦး၊ သမီးတစ်ဦးရှိပြီး ယခင်က မြေနီကုန်းစမ်းချောင်းတွင် နေထိုင်ခဲ့ကြသည်။ အာဏာသိမ်းပြီးနောက် မြေနီကုန်းတွင် မနေရဲသဖြင့် နေပြည်တော် စစ်ရုံးချုပ်အတွင်းသို့ မိသားစုအလိုက် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

အာဏာမသိမ်းခင် ကာလအထိ တပ်တွင်းတွင် ဇနီးသည် လိုက်ပါနေထိုင်ရမည်ဟူသည့် အမိန့်ကို နာခံခြင်းမရှိဘဲ တစ်ဦးတည်း လူလွတ်နေထိုင်ပြီး ရုံးချိန်ပြင်ပဘက်များတွင် KTV မာဆတ်များသို့ စမောပုံမှန် ဆွဲလေ့၊ သွားလေ့ရှိသူတစ်ဦးလည်းဖြစ်သည်။

ဗိုလ်မှူးချုပ် မြတ်မင်းဦးသည် တပ်မတော် ကြည်း၊ ရေ၊ လေ သတင်းနှင့် နည်းပညာဌာန၏ ဌာနကြီးမှူးအဖြစ် တာဝန်ယူပြီး စစ်ကောင်စီနှင့် မင်းအောင်လှိုင် သက်ဆိုးရှည်ရေး ဦးဆွေးဆံမြည့် တာဝန်ထမ်းဆောင်နေသော စစ်ရာဇဝတ်မှုများ၏ သမိုင်းတရားခံတစ်ဦးပင်ဖြစ်သည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မင္းေအာင္လွိုင္ စစ္အာဏာသိမ္းနိုင္ေရး မဲစာရင္းမွားယြင္းသည္ဟု အဓိက လိမ္လည္ တြန္းအားေပးေဆာင္႐ြက္ခဲ့သူ ဗိုလ္မႉးခ်ဳပ္ ျမတ္မင္းဦး

အသက္ ၆၅ ႏွစ္ျပည့္ခ်ိန္ စစ္တပ္ ဦးစီးခ်ဳပ္ရာထူးမွ ပင္စင္ယူခါနီးတြင္ ေသြးေလေျခာက္ျခားၿပီး အာဏာရာထူး ငမ္းငမ္းတက္ ျဖစ္ေနသည့္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ စစ္အာဏာသိမ္းနိုင္ေရး အဓိက စတင္တြန္းအားေပးခဲ့သူတစ္ဦးမွာ ဗိုလ္မႉးခ်ဳပ္ ျမတ္မင္းဦးပင္ျဖစ္သည္။

ေနျပည္ေတာ္ စစ္႐ုံးခ်ဳပ္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ကြန္ပ်ဴတာဌာနမႉး႐ုံး (ကကကြန္)မွ ဌာနမႉး ဗိုလ္မႉးခ်ဳပ္ျမတ္မင္းဦးသည္ စစ္ေကာင္စီမွ မတရားအာဏာသိမ္းမႈ ေဆာင္႐ြက္ရာတြင္ အဓိကတြန္းအားေပး ပါဝင္ပတ္သက္ခဲ့သည္။

NLD အျပတ္အသတ္အနိုင္ရရွိခဲ့ေသာ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမ်ား မွားယြင္းသည္ဟုဆိုကာ စစ္ေဆးရန္ ေပ်ာ္ဘြယ္ ႀကံ့ဖြတ္အမတ္ ဦးေသာင္းေအးႏွင့္ တိုင္ပင္ကာ ေပ်ာ္ဘြယ္မဲစာရင္းမ်ားကို တရား မဝင္စစ္ေဆးခဲ့ၿပီး မဲစာရင္းမ်ား မွားယြင္းသည္ဟုဆိုကာ အၾကမ္းဖက္ မင္းေအာင္လွိုင္ထံသို႔ လိမ္လည္တင္ျပခဲ့သည္။

အာဏာသိမ္းရန္ အကြက္ေခ်ာင္းေနသည့္ မင္းေအာင္ လွိုင္က တစ္နိုင္ငံလုံး မဲစာရင္းမ်ား စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး မဲစာရင္းမ်ားကို သန္းခ်ီ မွားယြင္းသည္ဟူ၍ လုပ္ဇတ္ခင္းကာ နိုင္ငံေတာ္အာဏာကို အၾကမ္းဖက္ နည္းလမ္းျဖင့္ သိမ္းယူခဲ့ျခင္းမွာ ဗိုလ္မႉးခ်ဳပ္ ျမတ္မင္းဦး၏ စနက္ပင္ျဖစ္သည္။

ဗိုလ္မႉးခ်ဳပ္ ျမတ္မင္းဦးသည္ စစ္တကၠသိုလ္ အပတ္ စဥ္ ၃၆ ဆင္းတစ္ဦးျဖစ္ၿပီး မဲစာရင္း မွားယြင္းသည္ဟု အေၾကာင္း ျပကာ အာဏာသိမ္းခြင့္ရေစေရး ေဆာင္ ႐ြက္ေပးခဲ့သူျဖစ္၍ မင္းေအာင္လွိုင္၏ ယုံၾကည္မႈကို ရရွိခဲ့သူလည္းျဖစ္သည္။

ဗိုလ္မႉးခ်ဳပ္ ျမတ္မင္းဦးက မင္းေအာင္လွိုင္ အာဏာ သိမ္းၿပီး စစ္ေကာင္စီႏွင့္ အစိုးရအဖြဲ႕ ဖြဲ႕စည္းေသာအခါ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံရလိမ့္မည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း သူ ေခ်ာင္ထိုးခံခဲ့ရသည္။ တစ္ဖန္ နည္းပညာရပ္ႏွင့္သက္ဆိုင္ေသာ သိပၸံႏွင့္နည္းပညာဝန္ႀကီးအျဖစ္ ထပ္မံေမွ်ာ္လင့္ခဲ့ေသာ္လည္း တျခားသူအား ခန႔္အပ္သြားသျဖင့္ ခဲေလသမွ် သဲေရက် ျဖစ္ခဲ့ရျပန္သည္။

အၾကမ္းဖက္ ဒုစစ္ေခါင္းေဆာင္ စိုးဝင္း၏ ယုံၾကည္မႈရရွိၿပီး ပုဂၢိဳလ္ေရးအရရင္းႏွီးကာ စစ္ေကာင္စီ လက္ ေအာက္ခံ လဝကက ေဆာင္႐ြက္လ်က္ရွိသည့္ e-ID လုပ္ငန္းတြင္လည္း ဒုခ်ဳပ္စိုးဝင္း၏ပါဝါျဖင့္ မဆီ မဆိုင္ဝင္ေရာက္လုပ္ကိုင္လ်က္ရွိသည္။ လိုအပ္သည့္ IT ပစၥည္းမ်ား အျမတ္မ်ားမ်ားျဖင့္ တင္သြင္းခြင့္ရေရး ႀကိဳးစားခဲ့သူလည္းျဖစ္သည္။

လက္ရွိ႐ုရွားနိုင္ငံႏွင့္ ပူးေပါင္းကာ ႐ုရွားျပန္စစ္ဗိုလ္မ်ားျဖင့္ ထပ္မံဖြဲ႕စည္းမည့္ ဝန္ႀကီးဌာနအသစ္တြင္ ဝန္ႀကီးေနရာရရွိေရး နည္းမ်ိဳးစုံျဖင့္ ႀကိဳးစားေနသူလည္းျဖစ္သည္။မိန္းမျဖစ္သူ ေအးျမတ္သီတာႏွင့္ သားတစ္ဦး၊ သမီးတစ္ဦးရွိၿပီး ယခင္က ေျမနီကုန္းစမ္းေခ်ာင္းတြင္ ေနထိုင္ခဲ့ၾကသည္။ အာဏာသိမ္းၿပီးေနာက္ ေျမနီကုန္းတြင္ မေနရဲသျဖင့္ ေနျပည္ေတာ္ စစ္႐ုံးခ်ဳပ္အတြင္းသို႔ မိသားစုအလိုက္ ေျပာင္းေ႐ႊ႕ေနထိုင္လ်က္ရွိသည္။

အာဏာမသိမ္းခင္ ကာလအထိ တပ္တြင္းတြင္ ဇနီးသည္ လိုက္ပါေနထိုင္ရမည္ဟူသည့္ အမိန႔္ကို နာခံျခင္းမရွိဘဲ တစ္ဦးတည္း လူလြတ္ေနထိုင္ၿပီး ႐ုံးခ်ိန္ျပင္ပဘက္မ်ားတြင္ KTV မာဆတ္မ်ားသို႔ စေမာပုံမွန္ ဆြဲေလ့၊ သြားေလ့ရွိသူတစ္ဦးလည္းျဖစ္သည္။

ဗိုလ္မႉးခ်ဳပ္ ျမတ္မင္းဦးသည္ တပ္မေတာ္ ၾကည္း၊ ေရ၊ ေလ သတင္းႏွင့္ နည္းပညာဌာန၏ ဌာနႀကီးမႉးအျဖစ္ တာဝန္ယူၿပီး စစ္ေကာင္စီႏွင့္ မင္းေအာင္လွိုင္ သက္ဆိုးရွည္ေရး ဦးေဆြးဆံျမည့္ တာဝန္ထမ္းေဆာင္ေနေသာ စစ္ရာဇဝတ္မႈမ်ား၏ သမိုင္းတရားခံတစ္ဦးပင္ျဖစ္သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*