သရုပ်ဆောင်မေဆွီ ကို ဝေဖန်နေတဲ့ သူတွေကို ဒဲ့ပြော လာတဲ့ သရုပ်ဆောင်မေဆွီရဲ့အမာခံပရိတ်သတ်တစ်ဦး
ရုပ်ရှင်ကားဘယ်နှစ်ကားရှိလို့လဲ မင်းသမီးဟုတ်လို့လားမေးနေတဲ့သူတွေကိုအခုလို ဒဲ့ပြောလာခဲ့ပါတယ်နော်မေဆွိက ရုပ်ရှင်ကားဘယ်နှစ်ကားရှိလို့လဲ၊ မင်းသမီးဟုတ်လို့လား
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မေးနေတဲ့ ကလေးတွေအတွက် သူ့ရဲ့များပြားလှတဲ့ ရုပ်ရှင်ကားစာရင်းလေးတင်ပေးလိုက်ပါတယ်၊ မေဆွိဟာ ၁၉၈၅ မုန်းရခက်ကြီးရုပ်ရှင်ထွက်ပြီးတဲ့အချိန် ကစလို့ မို့မို့မြင့်အောင်ပြီးရင်
မြန်မာ့ရုပ်ရှင်မှာ ကားရိုက်အများဆုံး နဲ့ လူကြိုက် အများဆုံး ထိပ်တန်းခေါင်းဆောင်မင်းသမီးတစ်လက်ပါ၊ မေဆွိရဲ့ရုပ်ရှင် ကားအများစုကိုကြည့်ရင် ကျော်သူ၊ စိုးသူ၊ ရန်အောင်၊ ပြေငြိမ်းတို့လို
စူပါ မင်းသားတွေနဲ့သာ အထဲအလဲတွဲ သရုပ်ဆောင်တာတွေ့ရပေမဲ့ သူဟာလဲ မို့မို့မြင့်အောင်လိုပါပဲ ကားအများစုမှာ သူ့ကိုမူတည်တဲ့မင်းသမီးဇာတ်တွေဖြစ်ပါတယ်။ မင်းသမီးဇာတ်မဟုတ်တောင်
မင်းသားနဲ့ တန်းတူပါပဲ၊ မင်းသားရဲ့တွဲဖက်ရုံ သက်သက်ပါတာမျိုးအင်မတန်ရှားပါတယ်၊ သူဟာ အခြားမင်းသမီးတွေလို အသက်ကြီးတဲ့အထိ ရုပ်ရှင်မရိုက်ပဲ
အသက် ၃၀ လောက်မှာပဲ အနားယူပြီး နိုင်ငံခြားထွက်သွားတဲ့အတွက် သရုပ်ဆောင်သက်တမ်းတိုပေမဲ့ အဲ့ကာလတို လေးအတွင်းမှာ အောင်မြင်တဲ့ရုပ်ရှင်ကားမြောက်မြားစွာထွက်ရှိခဲ့ပါတယ်၊
အကယ်ဒမီမရတာတော့ သူကံတရားပါ၊ မုန်းရခက်ကြီး၊ မပြောလည်းသိပါတယ်၊ တို့နှစ်ယောက်အချစ်တို့နားလည်။ အချစ်ဆုံးသူရဲ့ရင်မှာ၊ ချစ်နှင်းဝေဝေ၊ နော်ကိုကိုနော်နဲ့
မေတ္တာရေလှိုင်း ရုပ်ရှင်တွေကတော့ အဲ့အချိန်က နှစ်ကြိမ်သုံးကြိမ်လောက် တိုးဝှေ့ပြီးမှလက်မှတ်ရတဲ့ကားတွေပါ။၈၈ခုနှစ် အရေးအခင်း အခြားမင်းသမီးတွေ ကားမထွက်ချိန်မှာတောင်
မေဆွိ က ရုပ်ရှင်ကားတွေထွက်လို့ကောင်းတုန်းဆိုတာ အောက်ကစာရင်းကိုကြည့်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*